Filters
Showing 11–18 of 18 results
Line Walker 2: Invisible Spy
2019
98 min
အက်ရှင်နဲ့ စပိုင်ကားပရိသတ်တွေ လုံးဝလက်မလွှတ်သင့်တဲ့ ဟောင်ကောင်အက်ရှင် ရုပ်ရှင်ကားကြီးပဲ ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့အတွင်းမှာရှိနေတဲ့ လျှို့ဝှက်အေးဂျင့်တွေရဲ့ အရှုပ်အထွေးတွေကြားကနေ မိတ်ဆွေနဲ့ ရန်သူ ခွဲခြားရခက်တဲ့ အခြေအနေတွေကို ရင်တထိတ်ထိတ်နဲ့ ရှုစားရမှာပါ။ မင်းသားကြီးတွေဖြစ်တဲ့ Nick Cheung၊ Louis Koo နဲ့ Francis Ng တို့ရဲ့ အားပြိုင်မှုတွေ၊ မြန်မာနိုင်ငံနဲ့ စပိန်နိုင်ငံတွေအထိ သွားရောက်ရိုက်ကူးထားတဲ့ သေနတ်ပစ်ခတ်ခန်းတွေက ကြည့်ရှုသူကို အစကနေ အဆုံးထိ ဆွဲဆောင်ထားနိုင်ပါတယ်။ အထူးသဖြင့် ရန်ကုန်မြို့လမ်းမတွေပေါ်မှာ ရိုက်ကူးထားတဲ့ အက်ရှင်ခန်းတွေက မြန်မာပရိသတ်တွေအတွက်တော့ ပိုပြီးထူးခြားတဲ့ ခံစားချက်ကို ပေးစွမ်းနိုင်မှာပါ။ သစ္စာတရား၊ ညီအစ်ကိုသံယောဇဉ်နဲ့ တာဝန်ကြားမှာ ဘယ်လိုအလှည့်အပြောင်းတွေ ဖြစ်လာမလဲဆိုတာကို အလန်းစား CGI အထူးပြုလုပ်ချက်တွေနဲ့အတူ ခံစားကြည့်ရှုလိုက်ပါ။
cn
Line Walker 2: Invisible Spy
The Ugly Truth
2009
96 min
အချစ်ရေးမှာ လက်တွေ့ဆန်လွန်းတဲ့ အမျိုးသားတစ်ယောက်နဲ့ စိတ်ကူးယဉ်ဆန်လွန်းတဲ့ အမျိုးသမီးတစ်ယောက်တို့ရဲ့ အားပြိုင်မှုကို The Ugly Truth မှာ ရယ်မောပျော်ရွှင်စွာ ကြည့်ရှုရမှာပါ။ တီဗီပရိုဂရမ် ထုတ်လုပ်သူ Abby ဟာ သူမရဲ့ အချစ်ရေးမှာ အောင်မြင်ဖို့အတွက် အချစ်နဲ့ပတ်သက်ရင် ပွင့်လင်းလွန်းပြီး ဖောက်ထွက်တွေးခေါ်တတ်တဲ့ Mike ရဲ့ အကြံဉာဏ်တွေကို ယူရာကနေ မမျှော်လင့်ထားတဲ့ အရှုပ်အထွေးတွေ ဖြစ်လာပုံကို ဟာသနှောပြီး ရိုက်ကူးထားတာပါ။ ဒီဇာတ်ကားဟာ ယောင်္ကျားနဲ့ မိန်းမတို့ရဲ့ အချစ်အပေါ် ထားရှိတဲ့ မတူညီတဲ့ အမြင်တွေကို ပတ်ပတ်စက်စက်နဲ့ ရိုးရိုးသားသား ဖော်ပြထားလို့ ရယ်လည်းရယ်ရသလို ရင်လည်းခုန်ရပါတယ်။ အပန်းဖြေရင်း ခေါင်းထဲပေါ့ပေါ့ပါးပါးနဲ့ စွဲကျန်နေမယ့် Romantic Comedy ကားကောင်းတစ်ကား ရှာနေတယ်ဆိုရင်တော့ ဒါဟာ အသင့်တော်ဆုံး ရွေးချယ်မှုပါပဲ။
en
The Ugly Truth
Metamorphosis
2019
113 min
ဒီကားက သာမန်သရဲကားတွေလို ခြောက်လှန့်ရုံတင်မဟုတ်ဘဲ၊ ကိုယ့်ဘေးနားက အရင်းနှီးဆုံးမိသားစုဝင်တွေက ကိုယ့်ကိုသတ်မယ့်သူ ဖြစ်နေမလားဆိုတဲ့ Psychological Horror ကို အကောင်းဆုံးပုံဖော်ထားတာပါ မျက်နှာပြောင်းလဲတတ်တဲ့ ဝိညာဉ်ဆိုးက မိသားစုတစ်ခုလုံးကို အချင်းချင်း သံသယဝင်အောင် သွေးထိုးလှုံ့ဆော်ရင်း၊ ညီအစ်ကိုနှစ်ဦးကြားက သံယောဇဉ်နဲ့ ယုံကြည်မှုကို အဆုံးစွန်ထိ စမ်းသပ်မယ့် ဇာတ်လမ်းဖြစ်လို့ ရင်တမမနဲ့ တစ်ထိုင်တည်း ကြည့်ရှုရမယ့် South Korean Horror Masterpiece တစ်ခုပဲ ဖြစ်ပါတယ်
ko
Metamorphosis
Hall Pass
2011
105 min
Rick နဲ့ Fred ဆိုတဲ့ သူငယ်ချင်းနှစ်ယောက်ဟာ အိမ်ထောင်ကျတာ ကြာလာတာနဲ့အမျှ အပြင်က မိန်းမလှလေးတွေကို ငေးမောကြည့်ရှုရင်း အိမ်ထောင်ရေးမှာ စိတ်မပါသလို ဖြစ်လာကြပါတယ်။ ဒါကို သတိထားမိတဲ့ သူတို့ရဲ့ ဇနီးသည်တွေက ထူးထူးခြားခြား အစီအစဉ်တစ်ခု ချပေးလိုက်ပါတယ်။ အဲ့ဒါကတော့ တစ်ပတ်တိတိ သူတို့ဘာလုပ်လုပ် ခွင့်လွှတ်ပေးမယ့် ‘Hall Pass’ (လွတ်လပ်ခွင့်လက်မှတ်) ပဲ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ကတော့ လူပျိုဘဝတုန်းကလို ပျော်ရပါးရတော့မယ်ဆိုပြီး အရမ်းကို တက်ကြွနေကြတာပါ။ ဒါပေမဲ့ တကယ်တမ်း လက်တွေ့မှာတော့ သူတို့ထင်သလို ဖြစ်မလာဘဲ အသက်အရွယ်အရ ပြောင်းလဲသွားတဲ့ ခေတ်ရေစီးကြောင်းတွေကြားမှာ ဘယ်လိုတွေ အလွဲအချော်တွေနဲ့ပဲ ရင်ဆိုင်ပြီး ရှယ်ခွီးရမလဲဆိုတာ..
en
Hall Pass
A Violent Prosecutor
2016
126 min
ဖြောင့်မတ်ပြီး ဒေါသကြီးတဲ့ အစိုးရရှေ့နေ ဗြောင်ဂျေဝတ် (Byun Jae-wook) ဟာ သူတရားစွဲဆိုနေတဲ့ သံသယရှိသူတစ်ယောက် အသတ်ခံရမှုမှာ လူသတ်သမားအဖြစ် အကွက်ချစွပ်စွဲခံလိုက်ရပါတယ်။ တရားဥပဒေကို ကိုင်တွယ်ခဲ့သူကိုယ်တိုင် ထောင်ဒဏ် ၁၅ နှစ် ကျခံခဲ့ရပြီး အကျဉ်းထောင်ထဲ ရောက်သွားတဲ့အခါမှာတော့ အပြင်ထွက်လို့မရတဲ့ ရှေ့နေကြီးဟာ ထောင်ထဲကနေ ကြိုးကိုင်ပြီး အပြင်ကလူလိမ်လေးကို သူ့ရဲ့ “ရုပ်သေးရုပ်” အဖြစ် အသုံးချပြီး အမှန်တရားကို ဘယ်လိုဖော်ထုတ်မလဲဆိုတာ ရင်တထိတ်ထိတ် ကြည့်ရမှာပါ
ko
A Violent Prosecutor
G.I. Joe: The Rise of Cobra
2009
118 min
အရာအားလုံးကို ဝါးမျိုဖျက်ဆီးနိုင်တဲ့ “Nanomite” လို့ခေါ်တဲ့ နည်းပညာမြင့် ထိပ်ဖူးတွေကို လက်နက်ပွဲစားကြီး Destro နဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ Cobra အဖွဲ့ကြီးက ခိုးယူသွားရာကနေ စတင်ပါတယ်။ သူတို့ရဲ့ ရည်ရွယ်ချက်က ကမ္ဘာ့အဓိကမြို့ကြီးတွေကို ဖျက်ဆီးပြီး ကမ္ဘာကြီးကို အကြောက်တရားနဲ့ အုပ်ချုပ်ဖို့ပါ။ ဒါကို တားဆီးဖို့အတွက် ကမ္ဘာ့အရပ်ရပ်က အတော်ဆုံးစစ်သည်တွေကို စုစည်းထားတဲ့ G.I. JOE အထူးတပ်ဖွဲ့ကြီးက ခေတ်ရှေ့ပြေး နည်းပညာတွေ၊ အမိုက်စား စစ်လက်နက်တွေနဲ့ လိုက်လံတားဆီးမှာကို ရင်သပ်ရှုမောဖွယ်ကြည့်ရှုရမယ့် အမိုက်စားအက်ရှင်ကားလေးပါ
en
G.I. Joe: The Rise of Cobra
Brightburn
2019
91 min
ကျွန်တော်တို့အားလုံး သိထားတဲ့ ပုံပြင်တစ်ပုဒ် ရှိပါတယ်။ အခြားကမ္ဘာက ကလေးငယ်တစ်ယောက် ကမ္ဘာမြေပေါ်ကို ကျရောက်လာတယ်၊ လူသားမိဘတွေက မွေးစားတယ်၊ နောက်တော့ သူဟာ လူသားတွေကို ကယ်တင်မယ့် “သူရဲကောင်း” (Superman) ဖြစ်လာတယ်… တဲ့။ တကယ်လို့… အဲဒီကလေးသာ သူရဲကောင်းဖြစ်မလာဘဲ “မိစ္ဆာ” တစ်ယောက် ဖြစ်လာခဲ့ရင်ရော? မျက်လုံးကနေ လေဆာလွှတ်နိုင်တယ်၊ အရှိန်အဟုန်နဲ့ ပျံသန်းနိုင်တယ်၊ ခန္ဓာကိုယ်ကလည်း ကျည်ဆန်မဖောက်ဘူး။ ဒီလိုစွမ်းအားတွေကို ကောင်းမှုအတွက်မသုံးဘဲ လူတွေကို ရက်ရက်စက်စက် သတ်ဖြတ်ဖို့ သုံးလာတဲ့အခါမှာတော့…
en
Brightburn
1917
2019
119 min
ပထမကမ္ဘာစစ်ကြီးရဲ့ အဆိုးဝါးဆုံး အချိန်ကာလမှာ လူငယ်စစ်သားလေး နှစ်ယောက်ရဲ့ ပခုံးပေါ်မှာ မယုံနိုင်စရာ တာဝန်ကြီးတစ်ခု ကျရောက်လာပါတယ်။ အဲဒါကတော့ ရန်သူ့နယ်မြေကို ဖြတ်ကျော်ပြီး “တိုက်ပွဲရပ်နားဖို့” အမိန့်စာတစ်စောင်ကို အရောက်ပို့ပေးရမှာပါ။ အကယ်၍ သူတို့သာ အချိန်မီ အရောက်မသွားနိုင်ရင်… မိနစ်ပိုင်းအတွင်းမှာတင် သူတို့ရဲ့ ရဲဘော်ရဲဘက် စစ်သားပေါင်း ၁,၆၀၀ ဟာ ရန်သူ့ထောင်ချောက်ထဲကို တိုးဝင်ပြီး အစုလိုက်အပြုံလိုက် သေဆုံးကြရတော့မှာပါ။ သူတို့နှစ်ယောက်မစ်ရှင်ကိုအောင်မြင်အောင်လုပ်နိုင်မလား ဆိုတာ သူတို့နှစ်ယောက်နဲ့ အတူ စစ်ရဲ့အနိဋ္ဌာရုံတွေကိုခံစားရင်း ရင်တထိတ်ထိတ်နဲ့ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်
en
1917
- 1
- 2
