Movies

Filters
Showing 11–20 of 25 results
Minority Report
2002
145 min
“သင် မကျူးလွန်ရသေးတဲ့ ရာဇဝတ်မှုတစ်ခုအတွက် သင့်ကို ဖမ်းဆီးမယ်ဆိုရင်…” 🧠💥 နည်းပညာတွေ အဆမတန် တိုးတက်လာပြီး လူသတ်မှုတစ်ခု မဖြစ်ပွားခင် နာရီပိုင်းအလိုမှာတင် ကြိုတင်သိရှိတားဆီးနိုင်တဲ့ အနာဂတ်လောကကြီး။ ဒါပေမဲ့ တစ်နေ့မှာတော့ ဒီစနစ်ကြီးကို ဦးဆောင်နေတဲ့ အကြီးအကဲ ဂျွန်အန်ဒါတန် (Tom Cruise) ကိုယ်တိုင်က နောက်ထပ် ၃၆ နာရီအတွင်း လူသတ်မယ့်သူအဖြစ် စနစ်ကြီးရဲ့ သတ်မှတ်ခြင်းကို ခံလိုက်ရတဲ့အခါမှာတော့… မိမိကိုယ်ကို အပြစ်မရှိကြောင်း သက်သေပြဖို့ စနစ်ကြီးကို ပြန်လည်အာခံပြီး ထွက်ပြေးရင်း အနာဂတ်ရဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ရမယ့် Sci-Fi Psychological Thriller ကားကောင်းကြီး ဖြစ်ပါတယ်။
en
Minority Report
Slumberland
2022
117 min
“အိပ်မက်တွေ တကယ်ဖြစ်လာမယ့် ဆန်းကြယ်တဲ့ ကမ္ဘာကြီးထဲမှာ… ကွယ်လွန်သွားတဲ့ အဖေဖြစ်သူနဲ့ ပြန်တွေ့ဖို့ အိပ်မက်နယ်မြေရဲ့ တရားမဝင် လမ်းပြကြီးနဲ့အတူ စွန့်စားခန်းဖွင့်မယ့် မိန်းကလေး…”။ The Hunger Games ဒါရိုက်တာ Francis Lawrence ရိုက်ကူးထားပြီး Marvel ရဲ့ မင်းသားကြီး Jason Momoa (Aquaman) က ဆန်းကြယ်ပြီး ရယ်မောရမယ့် ဝတ်စုံကြီးနဲ့ အမိုက်စား သရုပ်ဆောင်ထားတဲ့ Fantasy Adventure အိပ်မက်ကမ္ဘာ စွန့်စားခန်း ရုပ်ရှင်ကားကြီး ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ပင်လယ်ပြာကြီးထဲက မီးပြတိုက်မှာ အဖေဖြစ်သူနဲ့အတူ ပျော်ရွှင်စွာ နေထိုင်နေတဲ့ နီမို (Marlow Barkley) ဆိုတဲ့ ကောင်မလေးဟာ မမျှော်လင့်ဘဲ အဖေဖြစ်သူ ပင်လယ်ထဲမှာ ကွယ်လွန်သွားတဲ့အခါ အထီးကျန်ဆန်ပြီး ဝမ်းနည်းပူဆွေး ကျန်ရစ်ခဲ့ပါတယ်။ […]
en
Slumberland
Special Delivery
2022
109 min
“ငွေအမြောက်အမြားပေးရင် ဘယ်သူမှ မပို့ရဲတဲ့ ပစ္စည်းနဲ့ လူကိုပါ အရောက်ပို့ပေးမယ့် တရားမဝင် ‘Special Delivery’ ဝန်ဆောင်မှု…”။ Parasite မင်းသမီးချော Park So-dam ကားမောင်းကွင်း (Car Chasing) အလန်းစားတွေနဲ့ အမိုက်စား ကြမ်းပြထားတဲ့ တောင်ကိုရီးယား Crime Action-Thriller ကားကောင်းဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ရဲနဲ့ မာဖီယားတွေလက်ကနေ လွတ်အောင် ကားကို ပါရမီရှင်အဆင့် ဒရစ် (Drift) တိုက်မောင်းနှင်တတ်တဲ့ ထိပ်တန်းဆွဲသမားမလေး ဂျန်းအွန်ဟာ အကြောင်းပဲ ဖြစ်ပါတယ်။ တစ်ရက်မှာတော့ သူမဟာ ဒေါ်လာ ဘီလီယံချီတန်တဲ့ လုံခြုံရေးကီးကို ကိုင်ဆောင်ထားလို့ တစ်မြို့လုံးက လူဆိုးတွေနဲ့ အဂတိလိုက်စားတဲ့ ရဲတွေရဲ့ ဝိုင်းဝန်းအမဲလိုက်ခြင်း ခံနေရတဲ့ ကလေးငယ်တစ်ဦးကို မမျှော်လင့်ဘဲ ကားပေါ်တင်ပြီး အသက်လု ထွက်ပြေးရပါတော့တယ်။ ဟောလိဝုဒ်ကား […]
ko
Special Delivery
Day Shift
2022
113 min
မင်းသားကြီး Jamie Foxx နဲ့ Snoop Dogg တို့ ပါဝင်ထားပြီး Vampire (သွေးစုပ်ဖုတ်ကောင်) နှိမ်နင်းရေးကို ဟာသနှောပြီး ရိုက်ကူးထားတဲ့ အမိုက်စား Action ကားကြီးပါ။ ဇာတ်လမ်းကတော့ သာမန်ရေကူးကန် ဆေးကြောတဲ့ အလုပ်သမားလို့ လူသိများတဲ့ Bud Jablonski ဟာ တကယ်တော့ သွေးစုပ်ဖုတ်ကောင်တွေကို လိုက်လံသတ်ဖြတ်ပြီး သွားတွေကို ရောင်းစားနေတဲ့ Professional Vampire Hunter တစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့ သမီးလေးအတွက် ကျောင်းလစာနဲ့ လိုအပ်တဲ့ ငွေကြေးတွေကို အမြန်ဆုံးရှာဖွေဖို့အတွက် သွေးစုပ်ဖောင်ကောင်တွေရဲ့ ဘုရင်မကို အမြစ်ပြတ်ချေမှုန်းရမယ့် အန္တရာယ်ကြီးတဲ့ မစ်ရှင်တစ်ခုကို လက်ခံလိုက်တဲ့အခါမှာတော့…
en
Day Shift
Gods of Egypt
2016
127 min
ရှေးဟောင်းအီဂျစ်ဒဏ္ဍာရီလာ နတ်ဘုရားတွေရဲ့ အာဏာလုပွဲနဲ့ စွန့်စားခန်းတွေကို ကြီးကျယ်ခမ်းနားတဲ့ Visual Effects တွေနဲ့ ပုံဖော်ထားတဲ့ အက်ရှင် Fantasy ကားကြီးပါ။ ရက်စက်တဲ့ အမှောင်ထုနတ်ဘုရား Set က ထီးနန်းကို အဓမ္မသိမ်းပိုက်လိုက်တဲ့အခါမှာတော့ နုပျိုတဲ့ နတ်ဘုရား Horus ဟာ လူသားသူခိုးလေးတစ်ယောက်နဲ့ ပူးပေါင်းပြီး တိုင်းပြည်ကို ပြန်လည်ကယ်တင်ဖို့ ကြိုးစားရပုံကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ရွှေရောင်တောက်ပတဲ့ နတ်ဘုရားတွေရဲ့ တိုက်ပွဲတွေ၊ ထူးဆန်းတဲ့ သတ္တဝါကြီးတွေနဲ့ ရင်သပ်ရှုမောဖွယ် နန်းတော်ကြီးတွေကို အားရစရာ မြင်တွေ့ရမှာပါ။ ဒဏ္ဍာရီဆန်ဆန် အက်ရှင်ကားတွေကိုမှ တစ်ကားလုံး ရွှေရောင်တဝင်းဝင်းနဲ့ အမိုက်စား CGI တွေ ကြည့်ချင်သူတွေအတွက်တော့ အပြတ်အသတ် သဘောကျစေမယ့် ရုပ်ရှင်ကောင်းတစ်ကားပဲ ဖြစ်ပါတယ်။
en
Gods of Egypt
The Raid
2012
101 min
အက်ရှင်ရုပ်ရှင်လောကရဲ့ စံနှုန်းသစ်တစ်ခုကို သတ်မှတ်ပေးခဲ့တဲ့ အင်ဒိုနီးရှား ရုပ်ရှင်ကားကြီးဖြစ်ပြီး အစကနေ အဆုံးထိ သွေးပူစရာ အက်ရှင်ခန်းတွေနဲ့ ပြည့်နှက်နေပါတယ်။ ရာဇဝတ်ကောင်တွေ အပြည့်ရှိတဲ့ အထပ်မြင့်အဆောက်အဦးကြီးတစ်ခုထဲကို ရဲတပ်ဖွဲ့ဝင်တစ်စုက ဝင်ရောက်စီးနင်းရာကနေ မမျှော်လင့်ဘဲ ပိတ်မိသွားပြီး တစ်ထပ်ချင်းစီမှာ ရှိနေတဲ့ လူမိုက်တွေနဲ့ အသက်လုတိုက်ပွဲဝင်ရပုံကို ရိုက်ကူးထားတာပါ။ အင်ဒိုနီးရှားရိုးရာ ကိုယ်ခံပညာ (Pencak Silat) ကို အခြေခံထားတဲ့ တိုက်ခိုက်ရေးကွက်တွေက အရိုးကွဲသံ ကြားရလောက်အောင် လက်တွေ့ဆန်ပြီး ကြမ်းတမ်းလှတာကြောင့် ကြည့်ရှုသူကို ရင်တုန်ပန်းတုန် ဖြစ်စေမှာပါ။ မင်းသား Iko Uwais ရဲ့ လျင်မြန်ဖြတ်လတ်လှတဲ့ လှုပ်ရှားမှုတွေနဲ့အတူ အကွက်စိပ်စိပ် ရိုက်ချက်တွေက သင့်ကို ထိုင်ခုံကနေ မထနိုင်အောင် ဖမ်းစားထားမှာ ဖြစ်ပါတယ်။ စစ်မှန်တဲ့ အက်ရှင်ကားအစစ်အမှန်ကိုမှ ခံစားချင်သူတွေအတွက်တော့ ဒီဇာတ်ကားဟာ ဂန္တဝင်စာရင်းဝင် လက်မလွှတ်သင့်တဲ့ […]
id
The Raid
Warriors of Future
2022
101 min
ဟောင်ကောင်ရုပ်ရှင်လောကရဲ့ အဆင့်မြင့်နည်းပညာနဲ့ Visual Effects တွေကို အားရပါးရ ခံစားရမယ့် ပထမဆုံး Sci-fi အက်ရှင်ရုပ်ရှင်ကားကြီးပဲ ဖြစ်ပါတယ်။ လေထုညစ်ညမ်းမှုတွေကြောင့် ကမ္ဘာကြီးပျက်စီးလုနီးပါး ဖြစ်နေချိန်မှာ အာကာသကနေ ကျလာတဲ့ “Pandora” လို့ခေါ်တဲ့ ဂြိုလ်ပြင်ပသက်ရှိအပင်ကြီးက မြို့ပြကြီးတွေကို ဝါးမြိုဖျက်ဆီးဖို့ ကြိုးစားလာတဲ့အခါမှာတော့ လူသားတွေရဲ့ နောက်ဆုံးမျှော်လင့်ချက်အဖြစ် သံချပ်ကာဝတ်စုံဝတ် စစ်သည်တော်တွေရဲ့ တိုက်ပွဲက စတင်ပါတော့တယ်။ မင်းသားကြီး Louis Koo နဲ့ Lau Ching-wan တို့ရဲ့ အားကောင်းတဲ့ သရုပ်ဆောင်ချက်တွေအပြင်၊ စက်ရုပ်တွေ၊ ခေတ်မီလက်နက်တွေနဲ့ ရင်သပ်ရှုမောဖွယ် တိုက်ခိုက်ခန်းတွေက သင့်ကို တစ်ခဏလေးတောင် မျက်တောင်မခတ်မိအောင် ဖမ်းစားထားမှာပါ။ နည်းပညာပိုင်းအရ ဟောလိဝုဒ်စံနှုန်းကို မီအောင် ကြိုးစားထားတဲ့ ဒီဇာတ်ကားဟာ အနာဂတ်ကမ္ဘာပျက်ကပ် မြင်ကွင်းတွေကို စိတ်ဝင်စားတဲ့ ပရိသတ်တွေအတွက်တော့ လုံးဝလက်မလွှတ်သင့်တဲ့ […]
zh
Warriors of Future
Uncharted
2022
116 min
ကမ္ဘာကျော် Video Game ကို အသက်သွင်းထားတဲ့ Uncharted ဟာ သာမန်ရတနာရှာပုံတော်ကားတွေထက် ပိုထူးခြားပါတယ် လမ်းဘေးက ခါးပိုက်နှိုက်ဘဝကနေ ကမ္ဘာ့အကြီးဆုံး ရတနာသိုက်ကြီးနောက်ကို လိုက်ရင်း ပျောက်ဆုံးနေတဲ့ အစ်ကိုဖြစ်သူရဲ့ သဲလွန်စတွေကို ဖော်ထုတ်မယ့် Nathan Drake သူ့ဘေးမှာကလည်း ဘယ်အချိန် သစ္စာဖောက်မလဲ မသိရတဲ့ ဝါရင့်လူလည်ကြီး Sully ရှိနေပါတယ် ဘာစီလိုနာမြို့လယ်ခေါင်ကနေ ဖိလစ်ပိုင်ကျွန်းစုတွေအထိ ကမ္ဘာပတ်ပြီး ရှေးဟောင်းပဟေဠိတွေကို အဖြေရှာရင်း၊ ရန်သူတွေကြားထဲကနေ အသက်လုတိုက်ခိုက်ရမယ့် သူတို့နှစ်ယောက်ရဲ့ခရီးစဉ်က ပရိသတ်ကို ခဏလေးတောင် မျက်တောင်မခတ်မိအောင် ဆွဲဆောင်ထားမှာပါ လေယာဉ်ပေါ်က ပြုတ်ကျရင်း တိုက်ခိုက်ရတဲ့ အခန်းတွေကစလို့ ပင်လယ်ပြင်ထဲက ရှေးဟောင်းသင်္ဘောပျံကြီးတွေအထိ Action ခန်းတွေကို အမိုက်စား မြင်တွေ့ရမှာဖြစ်ပြီး၊ “တစ်ကမ္ဘာလုံးက လိုက်ရှာနေတဲ့ ရတနာကြီးကို သူတို့ တကယ်ပဲ ရသွားမလား” […]
en
Uncharted
Piranha 3DD
2012
83 min
နွေရာသီ အပူဒဏ်ကို ရေကူးကန်မှာ အပန်းဖြေဖို့ ကြံစည်နေသလား? ဒီကားကို ကြည့်ပြီးရင်တော့ သင် ရေချိုးဖို့တောင် စဉ်းစားရပါလိမ့်မယ်! Piranha 3DD ကတော့ ပထမကားထက် ပိုကြမ်း၊ ပိုဟော့ပြီး ပိုသွေးပျက်ဖို့ ကောင်းလာပါတယ် ဒီတစ်ခေါက်မှာတော့ ရှေးဟောင်းပီရန်ညာငါးတွေက ပင်လယ်ထဲမှာတင် မဟုတ်တော့ဘဲ လူအများအပြား အပန်းဖြေနေတဲ့ “The Big Wet” ဆိုတဲ့ ရေပန်းဥယျာဉ် (Water Park) ထဲကို ပိုက်လိုင်းတွေကတစ်ဆင့် လူတွေ ပျော်ပါးနေတုန်း ရောက်ရှိလာတဲ့ အခါမှာတော့ … 18+ အခန်းတွေနဲ့ Horror နဲ့ Comedy ကို ရောသမမွှေထားလို့ တစ်ကိုယ်ရည် အပန်းဖြေရင်း ကြည့်ဖို့ဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ စုကြည့်ပြီး အော်ရယ်ဖို့ဖြစ်ဖြစ် အကောင်းဆုံးကားတစ်ကားဆိုမို့ ရှုစားသွားကြပါအုန်း
en
Piranha 3DD
A Violent Prosecutor
2016
126 min
ဖြောင့်မတ်ပြီး ဒေါသကြီးတဲ့ အစိုးရရှေ့နေ ဗြောင်ဂျေဝတ် (Byun Jae-wook) ဟာ သူတရားစွဲဆိုနေတဲ့ သံသယရှိသူတစ်ယောက် အသတ်ခံရမှုမှာ လူသတ်သမားအဖြစ် အကွက်ချစွပ်စွဲခံလိုက်ရပါတယ်။ တရားဥပဒေကို ကိုင်တွယ်ခဲ့သူကိုယ်တိုင် ထောင်ဒဏ် ၁၅ နှစ် ကျခံခဲ့ရပြီး အကျဉ်းထောင်ထဲ ရောက်သွားတဲ့အခါမှာတော့ အပြင်ထွက်လို့မရတဲ့ ရှေ့နေကြီးဟာ ထောင်ထဲကနေ ကြိုးကိုင်ပြီး အပြင်ကလူလိမ်လေးကို သူ့ရဲ့ “ရုပ်သေးရုပ်” အဖြစ် အသုံးချပြီး အမှန်တရားကို ဘယ်လိုဖော်ထုတ်မလဲဆိုတာ ရင်တထိတ်ထိတ် ကြည့်ရမှာပါ
ko
A Violent Prosecutor
Movies
Tv Shows
Videos
Search