Movies

Filters
Showing 11–14 of 14 results
San Andreas
2015
114 min
မြို့ပြကြီးတစ်ခုလုံး မြေပြင်နဲ့ တစ်သားတည်းဖြစ်သွားစေမယ့် အဆိုးဝါးဆုံး ငလျင်ဘေးဒုက္ခကြားမှာ မိသားစုကို ပြန်လည်စုစည်းဖို့ ကြိုးစားတဲ့ ရဟတ်ယာဉ်မှူးတစ်ယောက်ရဲ့ စွန့်စားခန်းကို San Andreas (2015) မှာ အားရပါးရ ရှုစားရမှာပါ။ ခေတ်မီနည်းပညာတွေနဲ့ ဖန်တီးထားတဲ့ ရင်သပ်ရှုမောဖွယ် မြို့ပျက်ကြီးတွေ၊ ဆူနာမီလှိုင်းလုံးကြီးတွေနဲ့ အဆောက်အဦးတွေ ပြိုကျပျက်စီးနေတဲ့ မြင်ကွင်းတွေက ကြည့်ရှုသူကို ရုပ်ရှင်ထဲ ရောက်သွားသလိုမျိုး ထိတ်လန့်တုန်လှုပ်စေမှာပါ။ အပန်းဖြေရင်း ရင်ခုန်စိတ်လှုပ်ရှားစရာ အက်ရှင်ကားကောင်းကောင်း ကြည့်ချင်သူတွေအတွက်တော့ ဒီဇာတ်ကားဟာ အစကနေ အဆုံးထိ မျက်တောင်မခတ်ရအောင် ဆွဲဆောင်ထားနိုင်မယ့် ကားကောင်းတစ်ကားဖြစ်ပါတယ်။
en
San Andreas
Hall Pass
2011
105 min
Rick နဲ့ Fred ဆိုတဲ့ သူငယ်ချင်းနှစ်ယောက်ဟာ အိမ်ထောင်ကျတာ ကြာလာတာနဲ့အမျှ အပြင်က မိန်းမလှလေးတွေကို ငေးမောကြည့်ရှုရင်း အိမ်ထောင်ရေးမှာ စိတ်မပါသလို ဖြစ်လာကြပါတယ်။ ဒါကို သတိထားမိတဲ့ သူတို့ရဲ့ ဇနီးသည်တွေက ထူးထူးခြားခြား အစီအစဉ်တစ်ခု ချပေးလိုက်ပါတယ်။ အဲ့ဒါကတော့ တစ်ပတ်တိတိ သူတို့ဘာလုပ်လုပ် ခွင့်လွှတ်ပေးမယ့် ‘Hall Pass’ (လွတ်လပ်ခွင့်လက်မှတ်) ပဲ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ကတော့ လူပျိုဘဝတုန်းကလို ပျော်ရပါးရတော့မယ်ဆိုပြီး အရမ်းကို တက်ကြွနေကြတာပါ။ ဒါပေမဲ့ တကယ်တမ်း လက်တွေ့မှာတော့ သူတို့ထင်သလို ဖြစ်မလာဘဲ အသက်အရွယ်အရ ပြောင်းလဲသွားတဲ့ ခေတ်ရေစီးကြောင်းတွေကြားမှာ ဘယ်လိုတွေ အလွဲအချော်တွေနဲ့ပဲ ရင်ဆိုင်ပြီး ရှယ်ခွီးရမလဲဆိုတာ..
en
Hall Pass
A Violent Prosecutor
2016
126 min
ဖြောင့်မတ်ပြီး ဒေါသကြီးတဲ့ အစိုးရရှေ့နေ ဗြောင်ဂျေဝတ် (Byun Jae-wook) ဟာ သူတရားစွဲဆိုနေတဲ့ သံသယရှိသူတစ်ယောက် အသတ်ခံရမှုမှာ လူသတ်သမားအဖြစ် အကွက်ချစွပ်စွဲခံလိုက်ရပါတယ်။ တရားဥပဒေကို ကိုင်တွယ်ခဲ့သူကိုယ်တိုင် ထောင်ဒဏ် ၁၅ နှစ် ကျခံခဲ့ရပြီး အကျဉ်းထောင်ထဲ ရောက်သွားတဲ့အခါမှာတော့ အပြင်ထွက်လို့မရတဲ့ ရှေ့နေကြီးဟာ ထောင်ထဲကနေ ကြိုးကိုင်ပြီး အပြင်ကလူလိမ်လေးကို သူ့ရဲ့ “ရုပ်သေးရုပ်” အဖြစ် အသုံးချပြီး အမှန်တရားကို ဘယ်လိုဖော်ထုတ်မလဲဆိုတာ ရင်တထိတ်ထိတ် ကြည့်ရမှာပါ
ko
A Violent Prosecutor
American Wedding
2003
103 min
အထက်တန်းကျောင်းသားဘဝက အလွဲတွေဟာ အခုတော့ အမှတ်တရတွေ ဖြစ်ကုန်ပါပြီ။ အမြဲတမ်း တစ်လွဲလုပ်တတ်တဲ့ ဂျင်မ် (Jim) နဲ့ သူ့ရဲ့ချစ်သူ မီရှဲလ် (Michelle) တို့ဟာ လက်ထပ်ဖို့ ပြင်ဆင်နေကြပါပြီ။ ဂျင်မ်ရဲ့ အဘွားက ကျန်းမာရေးမကောင်းတာကြောင့် သူတို့ဟာ မင်္ဂလာပွဲကို အမြန်ဆုံးကျင်းပဖို့ ဆုံးဖြတ်လိုက်ကြတဲ့အခါမှာတော့ မင်္ဂလာပွဲဟာအေးအေးဆေးဆေးပဲ ပြီးသွားမလား ဘယ်လိုတွေလွဲကြအုန်းမလဲဆိုတာ ရယ်မောရင်းကြည့်ရှုသွားကြပါအုန်း
en
American Wedding
Movies
Tv Shows
Videos
Search