Movies

Filters
Showing 11–18 of 18 results
The Villainess
2017
129 min
အစကနေ အဆုံးထိ အေးစက်စက်နဲ့ ကြမ်းတမ်းတဲ့ အက်ရှင်တွေကိုမှ ကြိုက်နှစ်သက်သူတွေအတွက် အထူးဖန်တီးထားတဲ့ တောင်ကိုရီးယား အက်ရှင်ရုပ်ရှင်ကားကြီးပါ။ ငယ်စဉ်ကတည်းက သွေးအေးလူသတ်သမားတစ်ယောက်ဖြစ်အောင် လေ့ကျင့်ပေးခြင်း ခံခဲ့ရတဲ့ Sook-hee ဟာ သူမရဲ့ လွတ်လပ်ခွင့်အတွက် အစိုးရရဲ့ လျှို့ဝှက်အေးဂျင့်အဖြစ် တာဝန်ထမ်းဆောင်ရင်း အတိတ်က နာကျင်စရာ လျှို့ဝှက်ချက်တွေ၊ သစ္စာဖောက်မှုတွေနဲ့ ပြန်လည်ရင်ဆိုင်ရပုံကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့ ထူးခြားချက်ကတော့ POV (First Person) ရိုက်ချက်တွေနဲ့အတူ စတင်လိုက်တဲ့ အဖွင့်အက်ရှင်ခန်းတွေဟာ ကြည့်ရှုသူကို ကိုယ်တိုင်တိုက်ခိုက်နေရသလို ခံစားချက်မျိုး ပေးစွမ်းနိုင်တာပဲ ဖြစ်ပါတယ်။ မင်းသမီး Kim Ok-vin ရဲ့ ပြောင်မြောက်လှတဲ့ ဓားသိုင်း၊ သေနတ်ပစ်နဲ့ ဆိုင်ကယ်စီး အက်ရှင်ခန်းတွေဟာ ဟောလိဝုဒ်အဆင့်မီအောင် ရင်သပ်ရှုမောဖွယ် ကောင်းလှပါတယ်။ လက်စားချေမှု၊ အချစ်နဲ့ နောင်တတွေကို အက်ရှင်အလန်းစားတွေနဲ့ […]
ko
The Villainess
You Don’t Mess with the Zohan
2008
113 min
အစ္စရေးရဲ့ အတော်ဆုံး အကြမ်းဖက်နှိမ်နင်းရေး စစ်သားကြီး Zohan ဆိုရင် ရန်သူတွေတင်မကဘဲ ကျည်ဆန်တွေတောင် ကြောက်ရတဲ့သူပါ ဒါပေမဲ့ သူ့ရဲ့ ရင်ဘတ်ထဲက တကယ့်အိမ်မက်ကတော့ ရန်သူကို သတ်ဖို့မဟုတ်ဘဲ… လူတွေကို ဆံပင်ညှပ်ပေးပြီး လှပအောင် ပြင်ပေးဖို့ပါပဲ! စစ်တိုက်ရတာ ငြီးငွေ့လာတဲ့ Zohan ဟာ သူ့အိမ်မက်နောက်ကို လိုက်ဖို့အတွက် “ကိုယ့်ကိုယ်ကိုယ် သေချင်ယောင်ဆောင်” ပြီး New York ကို ခိုးထွက်ခဲ့ပါတယ် အမည်ဝှက်တစ်ခုနဲ့ ဆံပင်ညှပ်ဆိုင်မှာ အလုပ်ဝင်ရင်း သူကိုယ်တိုင်တောင် မသိလိုက်ဘဲ Manhattan ရဲ့ နာမည်ကြီး “Sexy ဆံပင်ညှပ်ဆရာ” အဖြစ်နာမည်ကြီးပြီး ရန်သူတွေက သူမသေသေးဘူးဆိုတာသိသွားတဲ့အခါမှာတော့
en
You Don’t Mess with the Zohan
Rambo
2008
92 min
ဒီဇာတ်ကားဟာ Rambo စီးရီးတွေထဲမှာ ပရိသတ်အကြိုက်ဆုံးနဲ့ အကြမ်းဆုံးကားလို့ ပြောရင် မမှားပါဘူး။ ၈၈ အရေးခင်းကာလ မြန်မာနိုင်ငံရဲ့ နယ်စပ်ဒေသက စစ်ပွဲတွေအကြောင်းကိုကျောရိုးပေးပြီးရိုက်ကူးထားတာမို့ ကျွန်တော်တို့နဲ့ ရင်းနှီးသလို ခံစားရစေမှာပါ။ ဗီယက်နမ်စစ်ပြန်ကြီး John Rambo ဟာ အတိတ်က နာကျင်စရာတွေကို မေ့ပစ်ဖို့ ကြိုးစားရင်း ထိုင်း-မြန်မာနယ်စပ်က သံလွင်မြစ်ကမ်းနားမှာ မြွေဖမ်းလိုက်၊ လှေငှားလိုက်နဲ့ အေးအေးဆေးဆေး နေထိုင်နေပါတယ်။ တစ်နေ့မှာတော့ အမေရိကန်က ခရစ်ယာန်သာသနာပြုအဖွဲ့တစ်ဖွဲ့ ရောက်လာပြီး စစ်ဘေးသင့်နေတဲ့ မြန်မာပြည်တွင်းက ကရင်ရွာလေးတွေကို ဆေးဝါးနဲ့ အစားအသောက် သွားရောက်လှူဒါန်းဖို့ လမ်းပြအဖြစ် လိုက်ပို့ပေးဖို့ အကူအညီတောင်းပါတယ်။ Rambo က ပထမတော့ ငြင်းဆိုခဲ့ပေမဲ့ သာသနာပြုအဖွဲ့ထဲက Sarah ဆိုတဲ့ အမျိုးသမီးလေးရဲ့ တောင်းဆိုမှုကြောင့် နောက်ဆုံးမှာတော့ သံလွင်မြစ်ကြောင်းအတိုင်း လိုက်ပို့ပေးခဲ့ပါတယ်။ သာသနာပြုအဖွဲ့ဟာ […]
en
Rambo
John Wick: Chapter 2
2017
122 min
ပထမကားထက် ပိုပြီး ကျယ်ပြန့်တဲ့ လူသတ်သမားလောကကြီးထဲကို ပရိသတ်တွေကို လက်ဆွဲခေါ်သွားမယ့် အမိုက်စားလက်ရာတစ်ခုပါ ပထမကားမှာ ခွေးလေးအတွက်နဲ့ ကားအတွက် လက်စားချေပြီး အေးအေးဆေးဆေး ပြန်နားတော့မယ်လို့ ကြံရွယ်ထားတဲ့ John Wick ရှေ့ကို အတိတ်က ကတိစကားတစ်ခု (Marker) က ပြန်လည်ရောက်ရှိလာတာနဲ့ ဇာတ်လမ်းက အစပြုပါတယ် မြေအောက်လောကရဲ့ တင်းကျပ်လှတဲ့ စည်းမျဉ်းတွေအရ ဒီကတိကို ငြင်းပယ်လို့မရဘဲ လက်ခံလိုက်ရတဲ့အခါမှာတော့ John တစ်ယောက် ရောမမြို့အထိ သွားရောက်ပြီး ခက်ခဲတဲ့ လုပ်ကြံမှုတစ်ခုကို လုပ်ဆောင်ခဲ့ရပါတယ် ဒါပေမဲ့ ဒီလုပ်ကြံမှုပြီးသွားတဲ့အခါမှာတော့ သူဟာ သစ္စာဖောက်ခံရပြီး တစ်ကမ္ဘာလုံးက လူသတ်သမားတွေရဲ့ အမဲလိုက်ခြင်းကို ခံရတဲ့ အခြေအနေဆိုးကြီးနဲ့ ရင်ဆိုင်လိုက်ရပါတော့တယ် ဒီကားမှာ အထူးခြားဆုံးကတော့ ပထမကားထက် ပိုမိုဆန်းပြားလာတဲ့ တိုက်ကွက်တွေပါပဲ အထူးသဖြင့် မှန်ပြခန်းထဲက တိုက်ပွဲအခန်းတွေနဲ့ […]
en
John Wick: Chapter 2
A Violent Prosecutor
2016
126 min
ဖြောင့်မတ်ပြီး ဒေါသကြီးတဲ့ အစိုးရရှေ့နေ ဗြောင်ဂျေဝတ် (Byun Jae-wook) ဟာ သူတရားစွဲဆိုနေတဲ့ သံသယရှိသူတစ်ယောက် အသတ်ခံရမှုမှာ လူသတ်သမားအဖြစ် အကွက်ချစွပ်စွဲခံလိုက်ရပါတယ်။ တရားဥပဒေကို ကိုင်တွယ်ခဲ့သူကိုယ်တိုင် ထောင်ဒဏ် ၁၅ နှစ် ကျခံခဲ့ရပြီး အကျဉ်းထောင်ထဲ ရောက်သွားတဲ့အခါမှာတော့ အပြင်ထွက်လို့မရတဲ့ ရှေ့နေကြီးဟာ ထောင်ထဲကနေ ကြိုးကိုင်ပြီး အပြင်ကလူလိမ်လေးကို သူ့ရဲ့ “ရုပ်သေးရုပ်” အဖြစ် အသုံးချပြီး အမှန်တရားကို ဘယ်လိုဖော်ထုတ်မလဲဆိုတာ ရင်တထိတ်ထိတ် ကြည့်ရမှာပါ
ko
A Violent Prosecutor
Gerald’s Game
2017
104 min
သာယာတဲ့ အားလပ်ရက်လေးတစ်ခုမှာ ဇနီးမောင်နှံနှစ်ဦးဟာ လူသူဝေးတဲ့ ရေကန်ဘေးက အိမ်လေးတစ်အိမ်ကို အပန်းဖြေဖို့ ရောက်လာခဲ့ကြပါတယ်။ သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကို ပြန်လည်အသက်သွင်းဖို့အတွက် ခင်ပွန်းဖြစ်သူရဲ့ “လက်ထိပ်ခတ်ကစားနည်း” ကိုစမ်းကြည့်ကြပါတော့တယ် စမ်းနေတုန်း ခင်ပွန်းဖြစ်သူ ရုတ်တရက် နှလုံးရပ်ပြီး သေဆုံးသွားချိန်မှာတော့… ဂျက်ဆီ (Jessie) တစ်ယောက် ကုတင်တိုင်မှာ လက်ထိပ်ခတ်ခံထားရလျက်သားနဲ့ တစ်ယောက်တည်း ကျန်ရစ်ခဲ့ပြီး ဖုန်းကလည်း လက်လှမ်းမမီ၊ အော်သံကို ကြားမယ့်သူလည်းမရှိ၊ အစာနဲ့ရေလည်း မရှိဘဲ လက်ထိပ်ခတ်ခံထားရတဲ့ အခြေအနေကနေ ဘယ်လိုလွတ်အောင် ကြိုးစားမလဲဆိုတာ စိတ်ဝင်တစားကြည့်ရှုရမယ့် သဲထိပ်ရင်ဖိုဇာတ်ကားလေးပဲဖြစ်ပါတယ်
en
Gerald’s Game
Big Momma’s House
2000
98 min
FBI အေးဂျင့် မယ်လ်ကွန် (Malcolm) ဆိုတာ ရုပ်ဖျက်ရမှာ ဆရာတစ်ဆူပါ။ တစ်နေ့မှာတော့ ထောင်ပြေးတစ်ယောက်ရဲ့ ရည်းစားဟောင်းနဲ့ ကလေးကို ‌‌‌‌စောင့်ကြည့်ဖို့ ထောင်ပြေးရည်းစားဟောင်းရဲ့ အဖွားအိမ်ကို စေလွတ်ခြင်းခံခဲ့ရပါတယ် စောင့်ကြည့်နေတုန်းအဖွားကြီးခရီးသွားတာကို အခွင့်ကောင်းယူပြီး အဖွားကြီးလို ရုပ်ဖျက်ကာ ထောင်ပြေးကိုစောင့်ဖမ်းမှာကို ကြည့်ရှုရမယ့် ဟာသကားလေးပဲဖြစ်ပါတယ်
en
Big Momma’s House
American Made
2017
115 min
တစ်နိုင်ငံလုံးကို လှည့်စားပြီး ဒေါ်လာသန်းပေါင်းများစွာ ရခဲ့တဲ့ လေယာဉ်မှူး ခင်ဗျားမှာသာ ကိုယ်ပိုင်လေယာဉ်တစ်စီးရှိမယ်ဆိုရင်… အမေရိကန်အစိုးရ (CIA) အတွက် သူလျှိုလုပ်ပေးမလား? ဒါမှမဟုတ် ကမ္ဘာကျော် မူးယစ်ရာဇာကြီး ပါဘလို အက်စကိုဘာ (Pablo Escobar) အတွက် ပစ္စည်းသယ်ပေးမလား? ဘယ်ရီ ဆီးလ် (Barry Seal) ကတော့ နှစ်ဖက်လုံးကို တစ်ပြိုင်တည်း လုပ်ခဲ့တာပါ။ ၁၉၈၀ ပြည့်လွန်နှစ်တွေက အမေရိကန် သမိုင်းမှာ အရှုပ်ထွေးဆုံးနဲ့ အံ့သြစရာအကောင်းဆုံး ဖြစ်ရပ်မှန်ကို အခြေခံထားတာပါ။CIA ကိုရော၊ မူးယစ်ဂိုဏ်း (Medellin Cartel) ကိုရော တစ်လှည့်စီ မှောင်ခိုလုပ်ပေးပြီး ပိုက်ဆံရတာများလွန်းလို့ အိမ်နောက်ဖေး မြေကြီးထဲ ကျင်းတူးမြှုပ်ရတဲ့အထိ၊ သေတ္တာတွေထဲ အတင်းထိုးထည့်ရတဲ့အထိ ချမ်းသာလာတဲ့ လေယာဥ်မှူးအ‌ကြောင်းရိုက်ထားတဲ့ ဖြစ်ရပ်မှန်ကားလေးဖြစ်ပါတယ်
en
American Made
Movies
Tv Shows
Videos
Search