Filters
Showing 21–30 of 41 results
The Forbidden City
2025
138 min
အီတလီနိုင်ငံ၊ ရောမမြို့ရဲ့ ဒုစရိုက်အမှောင်ကမ္ဘာကို အခြေခံပြီး ဥရောပစတိုင်နဲ့ တရုတ်ရိုးရာ ကွန်ဖူးကိုယ်ခံပညာ (Kung Fu Arts) တို့ကို တစ်မူထူးခြားစွာ ပေါင်းစပ်ပွဲကြမ်းထားတဲ့ Action Thriller ရုပ်ရှင်သစ်ကြီး ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ အကြွေးနွံနစ်နေတဲ့ စားသောက်ဆိုင်ပိုင်ရှင်ရဲ့ သားဖြစ်သူ တရုတ်-အီတလီလူငယ်လေးနဲ့ ညီမဖြစ်သူကို လိုက်လံရှာဖွေနေတဲ့ နိုင်ငံခြားသူ မိန်းကလေးတစ်ယောက်တို့ မထင်မှတ်ဘဲ ဆုံတွေ့မိရာကနေ စတင်ထားပါတယ်။ သူတို့နှစ်ယောက်ဟာ မိသားစုဝင်တွေကို ကယ်တင်ဖို့အတွက် ရောမမြို့ရဲ့ ရက်စက်ကြမ်းကြုတ်လှတဲ့ မြေအောက်ဂိုဏ်းစတားတွေ၊ မာဖီးယားအဖွဲ့ဝင်တွေနဲ့ ရင်ဆိုင်ရပါတော့တယ်။ လွတ်မြောက်ဖို့အတွက် သူတို့နှစ်ယောက်ဟာ မဟာမိတ်ဖွဲ့ပြီး တစ်ဖက်က သေနတ်တွေ၊ အင်အားတွေနဲ့ ဖိနှိပ်မှုကို မိမိတို့ရဲ့ ကွန်ဖူးကိုယ်ခံပညာ တိုက်ကွက်တွေနဲ့ ပြန်လည်တိုက်ခိုက်ရတဲ့အခါမှာတော့… ဒါရိုက်တာ Gabriele Mainetti ရဲ့ ရောမမြို့ပြအလှအပ Visual တွေ၊ […]
it
The Forbidden City
Minority Report
2002
145 min
“သင် မကျူးလွန်ရသေးတဲ့ ရာဇဝတ်မှုတစ်ခုအတွက် သင့်ကို ဖမ်းဆီးမယ်ဆိုရင်…” 🧠💥 နည်းပညာတွေ အဆမတန် တိုးတက်လာပြီး လူသတ်မှုတစ်ခု မဖြစ်ပွားခင် နာရီပိုင်းအလိုမှာတင် ကြိုတင်သိရှိတားဆီးနိုင်တဲ့ အနာဂတ်လောကကြီး။ ဒါပေမဲ့ တစ်နေ့မှာတော့ ဒီစနစ်ကြီးကို ဦးဆောင်နေတဲ့ အကြီးအကဲ ဂျွန်အန်ဒါတန် (Tom Cruise) ကိုယ်တိုင်က နောက်ထပ် ၃၆ နာရီအတွင်း လူသတ်မယ့်သူအဖြစ် စနစ်ကြီးရဲ့ သတ်မှတ်ခြင်းကို ခံလိုက်ရတဲ့အခါမှာတော့… မိမိကိုယ်ကို အပြစ်မရှိကြောင်း သက်သေပြဖို့ စနစ်ကြီးကို ပြန်လည်အာခံပြီး ထွက်ပြေးရင်း အနာဂတ်ရဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ရမယ့် Sci-Fi Psychological Thriller ကားကောင်းကြီး ဖြစ်ပါတယ်။
en
Minority Report
Love Hurts
2025
83 min
“အတိတ်က လူသတ်သမားဘဝကို စွန့်လွှတ်ပြီး အေးအေးဆေးဆေး အိမ်ခြံမြေအကျိုးဆောင် လုပ်နေတဲ့ ငနဲ… တစ်နေ့မှာ သေပြီလို့ ထင်ထားတဲ့ ပါတနာဟောင်းမလေးနဲ့ ရာဇဝတ်ဂိုဏ်းချုပ် ဖြစ်နေတဲ့ ညီအရင်းခေါင်းတည်းက လိုက်လံအမဲလိုက်ခြင်း ခံရတဲ့အခါ…”။ John Wick၊ Bullet Train နဲ့ Nobody တို့ရဲ့ ထုတ်လုပ်ရေးအဖွဲ့ 87North ကနေ ပရိသတ်တွေကို သွေးဆူဆူနဲ့ ရယ်မောစေဖို့ ဖန်တီးလိုက်တဲ့ Action Rom-Com ရုပ်ရှင်ကားသစ်ကြီး ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ မီလ်ဝါကီမြို့မှာ အောင်မြင်တဲ့ အိမ်ခြံမြေအကျိုးဆောင်တစ်ဦးအဖြစ် ဘဝသစ်စိုက်ထူထားတဲ့ မာဗင်ဂေဘယ် (Ke Huy Quan) အကြောင်းပဲ ဖြစ်ပါတယ်။ သူဟာ အတိတ်က ဒုစရိုက်အမှောင်လောကကို လုံးဝဖျောက်ဖျက်ထားပေမယ့်၊ တစ်ရက်မှာတော့ သေမင်းတမန် စာအိတ်နီတစ်စောင် ရောက်ရှိလာပြီးနောက်မှာတော့ သူ့ရဲ့ အိမ်အရောင်းပြခန်းတွေဟာ […]
en
Love Hurts
The Running Man
2025
134 min
“တစ်လှမ်းမှ မှားလို့မရတဲ့ ငရဲကွင်းပြင်ကျယ်ကြီးထဲမှာ… အသက်ရှင်ချင်ရင် အရှိန်ကုန် မပြေးဘဲ မနေနိုင်အောင် အမဲလိုက်ခံရတော့မယ်…”။ ဆရာကြီး Stephen King ရဲ့ ကလောင်ခွဲဝတ္ထုကို အခြေခံပြီး Baby Driver နဲ့ Last Night in Soho တို့ရဲ့ နာမည်ကြီး ဒါရိုက်တာ Edgar Wright က အမိုက်စား ပြန်လည်ဆန်းသစ် သွေးသွင်းလိုက်တဲ့ အရူးအမူး ကြည့်ရမယ့် Dystopian Action-Thriller ရုပ်ရှင်ကားကြီး ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ စီးပွားပျက်ကပ်ဒဏ်ကြောင့် အမှောင်ကျနေတဲ့ အနာဂတ်ကမ္ဘာကြီးမှာ ဆုကြေးငွေအမြောက်အမြားရဖို့အတွက် အသက်ကိုလောင်းကြေးထပ်ပြီး ပါဝင်ရတဲ့ “The Running Man” ဆိုတဲ့ ရုပ်သံဂိမ်းအစီအစဉ်ကြီးအကြောင်းပဲ ဖြစ်ပါတယ်။ မတရားစွပ်စွဲခံထားရတဲ့ စစ်သားဟောင်း ဘန်ရစ်ချတ် (Glen Powell) ဟာ […]
en
The Running Man
Dust Bunny
2025
106 min
“ကုတင်အောက်က မိသားစုကို ဝါးမြိုသွားတဲ့ သရဲဘီလူးကြီးကို သတ်ပေးဖို့… အသက် ၈ နှစ်အရွယ် မိန်းကလေးလေးက ဘေးအိမ်က ကြေးစားလူသတ်သမားကြီးကို ငှားရမ်းလိုက်တဲ့အခါ…”။ နာမည်ကြီး Hannibal ဇာတ်လမ်းတွဲရဲ့ ဒါရိုက်တာ Bryan Fuller ဖန်တီးထားပြီး ကမ္ဘာကျော် မင်းသားကြီး Mads Mikkelsen နဲ့ မင်းသမီးကြီး Sigourney Weaver တို့ ပါဝင်ပူးပေါင်းထားတဲ့ အမိုက်စား Dark Fantasy Horror-Thriller ရုပ်ရှင်ကားသစ်ကြီး ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ နယူးယောက်မြို့က အသက် ၈ နှစ်အရွယ် အော်ရိုရာ (Aurora) ဆိုတဲ့ ကောင်မလေးဟာ သူ့မိသားစုတစ်ခုလုံး ကုတင်အောက်က ကြောက်စရာ သရဲဘီလူးကြီး (Dust Bunny) ရဲ့ ဝါးမြိုခြင်းကို ခံလိုက်ရတယ်လို့ ယုံကြည်နေပါတယ်။ အဲဒါကြောင့် […]
en
Dust Bunny
The Long Walk
2025
108 min
“တစ်လှမ်းမှ ရပ်လို့မရဘူး၊ ရပ်လိုက်တာနဲ့ အသက်ပျောက်မယ်”… သွေးဆာနေတဲ့ စစ်အာဏာရှင်စနစ်အောက်မှာ ဆုကြေးငွေ အမြောက်အမြားရဖို့အတွက် အသက် ၁၀ ကျော်အရွယ် ယောကျာ်းလေး အယောက် ၅၀ ပါဝင်ရတဲ့ သေမင်းတမန် လမ်းလျှောက်ပြိုင်ပွဲကြီးတစ်ခုအကြောင်း ရိုက်ကူးထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ စည်းကမ်းက ရိုးရိုးလေးပါ— အရှိန်လျှော့လို့မရဘူး၊ လမ်းကြောင်းပေါ်က သွေဖည်လို့မရဘူး။ တစ်နာရီကို ၄ မိုင်နှုန်း ပုံမှန်မလျှောက်နိုင်ဘဲ သတိပေးချက် ၃ ကြိမ်ပြည့်သွားရင် နောက်ကလိုက်လာတဲ့ စစ်သားတွေက ခေါင်းကို သေနတ်နဲ့ အပိုင်ပစ်သတ်မှာဖြစ်ပြီး၊ နောက်ဆုံးတစ်ယောက်တည်း ကျန်တဲ့အထိ လျှောက်ရမှာပါ။ The Hunger Games ရဲ့ ဒါရိုက်တာ Francis Lawrence က ပုံဖော်ထားပြီး၊ ဆရာကြီး Stephen King ရဲ့ ဂန္ထဝင်ဝတ္ထုကို အခြေခံထားတဲ့အတိုင်း ဇာတ်ရှိန်တက်လာတာနဲ့အမျှ […]
en
The Long Walk
Avatar: Fire and Ash
2025
198 min
ဒါရိုက်တာ James Cameron ရဲ့ ပန်ဒိုရာ (Pandora) ကမ္ဘာဆီသို့ တတိယမြောက် ခရီးစဉ်ဟာ ပိုမိုမှောင်မိုက်ပြီး စိတ်လှုပ်ရှားစရာ ကောင်းလာပါပြီ။ ဒီတစ်ခေါက်မှာတော့ အပြာရောင် Na’vi မျိုးနွယ်စုတွေတင်မကဘဲ ပြာပူတွေနဲ့ မီးတောင်ဒေသမှာ နေထိုင်ပြီး ရန်လိုလောဘကြီးတဲ့ “Ash People” (ပြာမျိုးနွယ်စု) တွေနဲ့ ရင်ဆိုင်ရမှာဖြစ်လို့ Na’vi ချင်း အချင်းချင်း အကြိတ်အနယ် တိုက်ခိုက်ကြမယ့် စစ်ပွဲကြီးကို မြင်တွေ့ရမှာပါ။ ကမ္ဘာကျော် ရုပ်ထွက် Effects အလန်းစားတွေ၊ အသစ်အဆန်း သတ္တဝါတွေနဲ့အတူ ပန်ဒိုရာရဲ့ မတူညီတဲ့ အမှောင်ဘက်ခြမ်း ယဉ်ကျေးမှုကို ကမ္ဘာ့အဆင့်မီ Visual Magic နဲ့ ကြည့်ရှုရမှာဖြစ်လို့ ရုပ်ရှင်ချစ်သူတိုင်း မဖြစ်မနေ ရုံတင်ကြည့်ရမယ့် Sci-Fi Epic ပြဇာတ်ကြီးပဲ ဖြစ်ပါတယ်။
en
Avatar: Fire and Ash
Boss
2025
99 min
“ဂိုဏ်းစတားလောကရဲ့ သမိုင်းတစ်လျှောက် အဆန်းပြားဆုံးနဲ့ အရယ်ရဆုံး အကြီးအကဲရွေးကောက်ပွဲကြီး…”။ ကိုရီးယားမြို့ကြီးတစ်မြို့ရဲ့ အကြီးဆုံးမာဖီးယားဂိုဏ်းမှာ ခေါင်းဆောင်သစ်တင်မြှောက်ဖို့ ဖြစ်လာတဲ့အခါ၊ ထူးထူးခြားခြားပဲ ဘယ်သူမှ ‘Boss’ မလုပ်ချင်ကြဘဲ တစ်ယောက်ကိုတစ်ယောက် အတင်းလွှဲပေးဖို့ ကြိုးစားကြပါတော့တယ်။ တရုတ်စားသောက်ကုန် လုပ်ငန်းချဲ့ထွင်ချင်တဲ့ ဒုတိယခေါင်းဆောင်၊ တန်ဂို (Tango) ကချေသည်ဖြစ်ချင်တဲ့ ဂိုဏ်းတည်ထောင်သူရဲ့မြေးနဲ့ သူတို့ကြားထဲ ဝင်ရှုပ်မယ့် လျှို့ဝှက်ရဲအေးဂျင့်တို့ရဲ့ ကမောက်ကမ ဇာတ်လမ်းပဲ ဖြစ်ပါတယ်။ Jo Woo-jin၊ Jung Kyung-ho နဲ့ Park Ji-hwan တို့လို သရုပ်ဆောင်အလန်းစားတွေ ပါဝင်ပြီး ပုံမှန်ဂိုဏ်းစတားကားတွေနဲ့မတူဘဲ အက်ရှင်နဲ့ ဟာသကို တဝားဝားတဟားဟား ရယ်မောကြည့်ရှုရမယ့် Action-Comedy ကားကောင်းတစ်ကား ဖြစ်ပါတယ်။
ko
Boss
Dongji Rescue
2025
134 min
ဒုတိယကမ္ဘာစစ်အတွင်းက မှေးမှိန်နေခဲ့တဲ့ အံ့မခန်း ဖြစ်ရပ်မှန်ဇာတ်လမ်းကြီးပါ။ ၁၉၄၂ ခုနှစ်မှာ ဗြိတိသျှ သုံ့ပန်း ၁,၈၀၀ ကျော် တင်ဆောင်လာတဲ့ ဂျပန်သင်္ဘောကြီး နစ်မြုပ်သွားတဲ့အခါ… သာမန်တရုတ်တံငါသည်လေးတွေက သူတို့အသက်ကို ရင်းပြီး ရန်သူ့ကြားထဲကနေ ဗြိတိသျှစစ်သည် ၃၀၀ ကျော်ကို ကယ်တင်ခဲ့တဲ့ သူရဲကောင်းဆန်တဲ့ ဖြစ်ရပ်ကို ရင်နင့်စရာ မြင်တွေ့ရမှာပါ။ သမိုင်းကြောင်းရဲ့ ရက်စက်မှုတွေကြားက လူသားချင်းစာနာထောက်ထားမှုနဲ့ စစ်မှန်တဲ့ သတ္တိကို ပေါ်လွင်အောင် ရိုက်ကူးထားတာကြောင့် သမိုင်းနောက်ခံ အက်ရှင် Drama ကားကောင်းတွေကို မြတ်နိုးသူတွေအတွက်တော့ လုံးဝ လက်မလွှတ်သင့်တဲ့ ရုပ်ရှင်ဖြစ်ပါတယ်။
zh
Dongji Rescue
Anaconda
2025
100 min
ဒီကနေ့မှာတော့ 2025ထွက် ဟာသအက်ရှင် အန်နာကွန်ဒါမြွေကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ Jake Blackနဲ့ Ant man ဖြစ်တဲ့ Paul Ruddတို့လို နာမည်ကြီးတွေပါဝင်ထားတယ်။ ဂရစ်ဖ်က Hollywood ရဲ့မအောင်မြင်တဲ့ ဇာတ်ရံလေးပါ။ ဒါတ်ကတော့ မိသားစုနဲ့ဝမ်းရေးအတွက် မင်္ဂလာဆောင်ဗီဒီယိုတွေကိုသာ ရိုက်ကူးနေရတဲ့သူပါ။ ကလဲရာကတော့ လတ်တလောကမှ အိမ်ထောင်ကွဲပြီး စိတ်လေနေတဲ့သူ။ ကန်နီကတော့ အရက်ကလေးတမြမြနဲ့ ကြုံရာလုပ်နေရတဲ့သူပါ။ ဘာဖလိုဆိုတဲ့နေရာလေးက သူတို့သူငယ်ချင်းလေးယောက်ဟာ ငယ်တုန်းက Horrorရုပ်ရှင်ကားတွေ ဖန်တီးကြမယ်လို့တဲ့ အိပ်မက်တွေရှိခဲ့ကြပါတယ်။ အသက်ကြီးလာတဲ့အခါ ဝမ်းရေးမှာ အိပ်မက်တွေဝေဝါးလာကြပေမဲ့ ခင်မင်မှုကတော့မပျက်ပါဘူး။ တစ်နေ့ ဒါတ်ရဲ့မွေးနေ့မှာ ငယ်တုန်းကသူတို့ဖန်တီးခဲ့ကြတဲ့ ဇာတ်လမ်းလေးကို ကြည့်ပြီး ငယ်ဘဝကအရမ်းကြိုက်ခဲ့ရတဲ့ အန်နာကွန်ဒါ ရုပ်ရှင်ကားကို ပြန်ဖန်တီးကြမယ်ဆိုပြီး အိပ်မက်တွေ ပြန်ရှင်သန်လာခဲ့ပါတော့တယ်။ စိတ်အရမ်းတက်ကြွနေတဲ့ သူတို့ဟာ ဘရာဇီးကအမေဇုန်တောထဲ သွားပြီး အန်နာကွန်ဒါကိုရိုက်ဖို့ ပလန်အပြည့်နဲ့ […]
en
