Movies

Filters
Showing 21–23 of 23 results
Battleship
2012
131 min
လူသားတွေဟာ အာကာသထဲကသက်ရှိတွေနဲ့ ဆက်သွယ်နိုင်ဖို့ ကမ္ဘာမြေပေါ်ကနေ အချက်ပြလှိုင်းတွေ ပို့လွှတ်လိုက်တာကစပါတယ် အာကာသထဲက အချက်ပြလှိုင်းကိုရသွားတဲ့ ဂြိုလ်သားတွေဟာ ကမ္ဘာမြေပေါ်ကိုနှုတ်ဆက်ဖို့ မဟုတ်ဘဲ သိမ်းယူဖို့ ရှေ့ပြေးစစ်ယာဥ် ၄စီးနဲ့ ရောက်လာကြပါတော့တယ် ဂြိုလ်သားတွေဟာ သူတို့ဆင်းသက်လာတဲ့ နေရာတစ်ဝိုက်ကို တံတိုင်းနဲ့ကာပြီး သူတို့ရဲ့ကျန်ရှိနေတဲ့တပ်တွေကို ကမ္ဘာမြေဆီလိုက်လာဖို့ အချက်ပြဖို့ကြိုးစားတဲ့အခါမှာတော့ အဲ့တံတိုင်းထဲမှာ ပိတ်မိနေတဲ့ စစ်ရေးလေ့ကျင့်နေတဲ့ အမေရိကန် နဲ့ ဂျပန် စစ်သင်္ဘော ၃ စင်းက အဆမတန်အင်အားသာလွန်တဲ့ ဂြိုလ်သားယာဥ်ကြီးတွေကို အချက်မပြနိုင်တော့အောင် ရှယ်ဗျင်းမှာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပဲဖြစ်ပါတယ်
en
Battleship
Bullet Train
2022
126 min
ကံအင်မတန်ဆိုးတဲ့ လူသတ်သမား “လန်းဒီဘတ်ဂ်” (Ladybug) ဟာ အလုပ်တွေတစ်ခုပြီးတစ်ခု လွဲချော်လွန်းလို့ ဒီတစ်ခေါက်မှာတော့ အေးအေးဆေးဆေး အလုပ်ပြီးအောင် လုပ်မယ်လို့ ဆုံးဖြတ်ထားပါတယ်။ ဒါပေမဲ့… ကံကြမ္မာကတော့ သူ့ဘက်မှာမရှိပါဘူး။ သူ့ရဲ့ ရိုးရှင်းပါတယ်ဆိုတဲ့ “လက်ဆွဲသေတ္တာလေးတစ်လုံး ခိုးယူရမယ့်” အလုပ်ဟာ ဂျပန်နိုင်ငံရဲ့ အမြန်ဆုံးရထားပေါ်မှာ ကမ္ဘာအရပ်ရပ်က ကြေးစားလူသတ်သမားတွေနဲ့ ထိပ်တိုက်တိုးဖို့ ဖန်လာတဲ့အခါမှာတော့…ပြေးစရာမြေမရှိတဲ့ ရထားတွဲလေးတွေထဲမှာ ပစ္စည်းပစ္စယတွေကို လက်နက်လုပ်ပြီး တိုက်ခိုက်ရင်း နောက်ဆုံး ဘယ်သူက အသက်ရှင်လျက်နဲ့ ရထားပေါ်က ဆင်းခွင့်ရမလဲဆိုတာ ကြည့်ရှုရမယ့် ဟာသအက်ရှင်ကားလေးဖြစ်ပါတယ်
en
Bullet Train
All Quiet on the Western Front
2022
147 min
“စစ်ပွဲက သူရဲကောင်းတွေကို မမွေးထုတ်ပေးဘူး… လူငယ်တွေရဲ့ အသက်နဲ့ အိပ်မက်တွေကိုပဲ ဝါးမျိုပစ်လိုက်တာပါ။” အော်စကာဆုတွေ သိမ်းကျုံးရရှိခဲ့ပြီး ပရိသတ်တွေကို စစ်ရဲ့အနိဋ္ဌာရုံတွေကြားထဲ ဆွဲခေါ်သွားမယ့် တကယ်ကိုကောင်းတဲ့ကားလေးပါ ဒီဇာတ်ကားဟာ “စစ်ပွဲကို အမွှမ်းတင်တဲ့ကား” မဟုတ်ဘဲ “စစ်ရဲ့ အမှောင်ထု” ကို အပွင့်လင်းဆုံး ချပြထားတဲ့ ဂန္ထဝင်လက်ရာတစ်ခုပါ။ လူငယ်လေး ပေါလ် ဘောင်မာ (Paul Baumer) နဲ့ သူ့သူငယ်ချင်းတစ်သိုက်ဟာ မျိုးချစ်စိတ်ဓာတ်တွေ တက်ကြွပြီး စစ်ပွဲထဲကို ကိုယ်တိုင်ဆန္ဒအလျောက် ဝင်ရောက်ခဲ့ကြပါတယ်။ သူတို့စိတ်ထဲမှာတော့ စစ်မြေပြင်ဆိုတာ နိုင်ငံအတွက် ဂုဏ်ယူစရာ၊ သူရဲကောင်းအဖြစ် သမိုင်းတွင်မယ့် နေရာတစ်ခုပေါ့။ ဒါပေမဲ့… သူတို့တကယ်တမ်း အနောက်ဘက်စစ်မျက်နှာ (Western Front) ကို ရောက်သွားတဲ့အခါမှာတော့ သူတို့မျှော်လင့်ထားတဲ့ အိပ်မက်တွေဟာ တစစီ ပျက်စီးသွားပါတော့တယ်။သေနတ်သံတွေ၊ ဗုံးဒဏ်တွေနဲ့ ရွှံ့နွံတွေကြားမှာ […]
de
All Quiet on the Western Front
Movies
Tv Shows
Videos
Search