Filters
Showing 31–36 of 36 results
Damsel
2024
107 min
ပုံပြင်တွေထဲမှာတော့ မင်းသမီးလေးတွေဟာ အန္တရာယ်ကြုံရင် ကယ်တင်မယ့် မင်းသားလေးကိုပဲ မျှော်လင့်တတ်ကြတယ်မဟုတ်လား? ဒါပေမဲ့ ဒီဇာတ်လမ်းကတော့ အဲဒီလိုမဟုတ်ပါဘူး။ လှပချောမောတဲ့ မင်းသားလေးနဲ့ လက်ထပ်လိုက်ရလို့ ပျော်ရွှင်နေတဲ့ မိန်းကလေး အယ်လိုဒီ (Elodie) တစ်ယောက်… တကယ်တမ်းမှာတော့ သူမဟာ လက်ထပ်ဖို့ ရွေးချယ်ခံရတာမဟုတ်ဘဲ နဂါးကြီးအတွက် “ယဇ်ပူဇော်စာ” အဖြစ် ရောင်းစားခံလိုက်ရတာဖြစ်နေပါတယ်။ မင်္ဂလာဆောင်ပြီးတာနဲ့ သူမကို မီးမှုတ်နဂါးကြီးရှိတဲ့ ဂူနက်ကြီးထဲကို ပစ်ချလိုက်တဲ့အခါမှာတော့…
en
Damsel
Dune: Part Two
2024
167 min
အပိုင်း ၂ မှာတော့ ပေါလ် အာထရိုက်ဒီးစ်တို့ သားမိနှစ်ယောက် ဖရီမန်းတွေဆီမှာ ခိုလှုံတာကနေစထားပါတယ် ပေါလ် အာထရိုက်ဒီးစ်ကတော့ သူတို့အိမ်တော်ကို ကျဆုံးအောင်လုပ်ခဲ့တဲ့သူတွေကို ဖရီမန်းတွေနဲ့ ပေါင်းပြီးပြန်လည်တိုက်ခိုက်နေကာ အမေဖြစ်သူကတော့ ဖရီမန်းတွေထဲက နတ်ဆရာတွေရဲ့ အလိုရ အကြီးဆုံးနတ်ဆရာမရာထူးကို ဆက်ခံကာ သားဖြစ်သူကို အားလုံးယုံကြည်နေသလို ကယ်တင်ရှင်ဖြစ်လာအောင် ပုံဖော်တာကို မြင်တွေ့ရမှာပဲဖြစ်ပါတယ် ပေါလ် အာထရိုက်ဒီးစ်ဟာလည်း အဖေဖြစ်သူရဲ့ အရိုက်အရာနေရာကိုဆက်ခံကာ အင်ပါယာကြီးကို ဘယ်လိုပြန်တိုက်ခိုက်မလဲဆိုတာကို ဇာတ်ဝင်စားဖွယ်ကြည့်ရှုရမှာပဲဖြစ်ပါတယ် နောက်ကားအတွက်ဇာတ်ပျိုးတဲ့ကားဆိုပေမယ့် တကယ်ကိုကောင်းမွန်တဲ့ကားမို့ ရုပ်ရှင်ကြည့်သူတွေတဲ့ တကယ်ကို အချိန်ပေးရတာတန်တဲ့ကားလေးတစ်ကားဖြစ်မှာမို့ ကြည့်ရှုခံစားသွားကြပါအုန်း
en
Dune: Part Two
Gerald’s Game
2017
104 min
သာယာတဲ့ အားလပ်ရက်လေးတစ်ခုမှာ ဇနီးမောင်နှံနှစ်ဦးဟာ လူသူဝေးတဲ့ ရေကန်ဘေးက အိမ်လေးတစ်အိမ်ကို အပန်းဖြေဖို့ ရောက်လာခဲ့ကြပါတယ်။ သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကို ပြန်လည်အသက်သွင်းဖို့အတွက် ခင်ပွန်းဖြစ်သူရဲ့ “လက်ထိပ်ခတ်ကစားနည်း” ကိုစမ်းကြည့်ကြပါတော့တယ် စမ်းနေတုန်း ခင်ပွန်းဖြစ်သူ ရုတ်တရက် နှလုံးရပ်ပြီး သေဆုံးသွားချိန်မှာတော့… ဂျက်ဆီ (Jessie) တစ်ယောက် ကုတင်တိုင်မှာ လက်ထိပ်ခတ်ခံထားရလျက်သားနဲ့ တစ်ယောက်တည်း ကျန်ရစ်ခဲ့ပြီး ဖုန်းကလည်း လက်လှမ်းမမီ၊ အော်သံကို ကြားမယ့်သူလည်းမရှိ၊ အစာနဲ့ရေလည်း မရှိဘဲ လက်ထိပ်ခတ်ခံထားရတဲ့ အခြေအနေကနေ ဘယ်လိုလွတ်အောင် ကြိုးစားမလဲဆိုတာ စိတ်ဝင်တစားကြည့်ရှုရမယ့် သဲထိပ်ရင်ဖိုဇာတ်ကားလေးပဲဖြစ်ပါတယ်
en
Gerald’s Game
God of Gamblers
1989
126 min
ဘာလောင်းလောင်းရှုံးတယ်ဆိုတာ မရှိတဲ့ လောင်းကစားဘုရင်ကြီး ကိုချောင်ရဲ့ ဘဝဟာ လူတိုင်းအားကျစရာဖြစ်နေခဲ့ပေမယ့် တစ်နေ့မှာ ကံကြမ္မာစိုးတစ်ခုကြောင့် မတော်တဆဖြစ်ပြီး မှတ်ဉာဏ်တွေ အကုန်ပျောက်ဆုံးသွားခဲ့ပါတယ် ကမ္ဘာကျော် ဖဲဘုရင်ကြီးဘဝကနေ ကလေးတစ်ယောက်လို ပြုမူနေတဲ့ အပြစ်ကင်းစင်သူလေး ဖြစ်သွားပြီး “ဓားမြှောင်လေး” (Little Knife) လို့ ခေါ်တဲ့ လမ်းဘေးဖဲကစားသမားလေး (အန်ဒီလော) နဲ့ ဆုံတွေ့ခဲ့ပါတယ်။ မှတ်ဉာဏ်ပျောက်နေပေမဲ့ “ဖဲ” နဲ့ ထိတွေ့လိုက်ရင်တော့ သူ့ရဲ့ ပါရမီတွေက တားမရဆီးမရ ထွက်ပေါ်လာတာကို လမ်းဘေးဖဲကစားသမားလေးရိပ်စားမိသွားတဲ့အခါမှာတော့ သူ့ကို အတင်း ဖဲဝိုင်းတွေမှာလိုက်ဆော့ခိုင်းပါတော့တယ် ဖဲဝိုင်းတွေမှာလိုက်ဆော့ရင်း နှစ်ယောက်သား သံယောဇဉ်တွဲကာ သူငယ်ချင်းရင်းချာတွေ ဖြစ်သွားကြပြီး မှတ်ဉာဏ်တွေ ပြန်ရလာတဲ့အခါမှာတော့… သစ္စာဖောက်ခဲ့တဲ့သူတွေကို ဘယ်လိုမျိုး အမိုက်စား နည်းလမ်းတွေနဲ့ ပညာပေးမလဲဆိုတာ ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမှာပါ။
cn
God of Gamblers
Big Momma’s House
2000
98 min
FBI အေးဂျင့် မယ်လ်ကွန် (Malcolm) ဆိုတာ ရုပ်ဖျက်ရမှာ ဆရာတစ်ဆူပါ။ တစ်နေ့မှာတော့ ထောင်ပြေးတစ်ယောက်ရဲ့ ရည်းစားဟောင်းနဲ့ ကလေးကို စောင့်ကြည့်ဖို့ ထောင်ပြေးရည်းစားဟောင်းရဲ့ အဖွားအိမ်ကို စေလွတ်ခြင်းခံခဲ့ရပါတယ် စောင့်ကြည့်နေတုန်းအဖွားကြီးခရီးသွားတာကို အခွင့်ကောင်းယူပြီး အဖွားကြီးလို ရုပ်ဖျက်ကာ ထောင်ပြေးကိုစောင့်ဖမ်းမှာကို ကြည့်ရှုရမယ့် ဟာသကားလေးပဲဖြစ်ပါတယ်
en
Big Momma’s House
American Made
2017
115 min
တစ်နိုင်ငံလုံးကို လှည့်စားပြီး ဒေါ်လာသန်းပေါင်းများစွာ ရခဲ့တဲ့ လေယာဉ်မှူး ခင်ဗျားမှာသာ ကိုယ်ပိုင်လေယာဉ်တစ်စီးရှိမယ်ဆိုရင်… အမေရိကန်အစိုးရ (CIA) အတွက် သူလျှိုလုပ်ပေးမလား? ဒါမှမဟုတ် ကမ္ဘာကျော် မူးယစ်ရာဇာကြီး ပါဘလို အက်စကိုဘာ (Pablo Escobar) အတွက် ပစ္စည်းသယ်ပေးမလား? ဘယ်ရီ ဆီးလ် (Barry Seal) ကတော့ နှစ်ဖက်လုံးကို တစ်ပြိုင်တည်း လုပ်ခဲ့တာပါ။ ၁၉၈၀ ပြည့်လွန်နှစ်တွေက အမေရိကန် သမိုင်းမှာ အရှုပ်ထွေးဆုံးနဲ့ အံ့သြစရာအကောင်းဆုံး ဖြစ်ရပ်မှန်ကို အခြေခံထားတာပါ။CIA ကိုရော၊ မူးယစ်ဂိုဏ်း (Medellin Cartel) ကိုရော တစ်လှည့်စီ မှောင်ခိုလုပ်ပေးပြီး ပိုက်ဆံရတာများလွန်းလို့ အိမ်နောက်ဖေး မြေကြီးထဲ ကျင်းတူးမြှုပ်ရတဲ့အထိ၊ သေတ္တာတွေထဲ အတင်းထိုးထည့်ရတဲ့အထိ ချမ်းသာလာတဲ့ လေယာဥ်မှူးအကြောင်းရိုက်ထားတဲ့ ဖြစ်ရပ်မှန်ကားလေးဖြစ်ပါတယ်
en
