Movies

Filters
Showing 31–40 of 41 results
Steel Rain 2: Summit
2020
132 min
တောင်ကိုရီးယား၊ မြောက်ကိုရီးယားနဲ့ အမေရိကန် ခေါင်းဆောင် (၃) ဦး နျူကလီးယားရေငုပ်သင်္ဘောပေါ်မှာ အတူတူပြန်ပေးဆွဲခံရတဲ့အခါ… ကမ္ဘာစစ်မဖြစ်အောင် အသက်လုကြိုးစားရပုံကို ရိုက်ကူးထားတဲ့ ရင်တထိတ်ထိတ် အက်ရှင်ကားကြီးပါ။ နိုင်ငံရေးကစားကွက်တွေတင်မကဘဲ ရေအောက်ထဲက ရေငုပ်သင်္ဘောချင်း တိုက်ခိုက်ခန်းတွေကလည်း တကယ့်ကို အားရပါးရရှိလှပါတယ်။ ဉာဏ်ကစားတာကိုမှ စစ်ရေးအက်ရှင်အလန်းစားတွေနဲ့ ပေါင်းစပ်ကြည့်ချင်သူတွေအတွက်တော့ လုံးဝလက်မလွှတ်သင့်တဲ့ ရုပ်ရှင်ကောင်းတစ်ကားပဲ ဖြစ်ပါတယ်။
ko
Steel Rain 2: Summit
The Raid
2012
101 min
အက်ရှင်ရုပ်ရှင်လောကရဲ့ စံနှုန်းသစ်တစ်ခုကို သတ်မှတ်ပေးခဲ့တဲ့ အင်ဒိုနီးရှား ရုပ်ရှင်ကားကြီးဖြစ်ပြီး အစကနေ အဆုံးထိ သွေးပူစရာ အက်ရှင်ခန်းတွေနဲ့ ပြည့်နှက်နေပါတယ်။ ရာဇဝတ်ကောင်တွေ အပြည့်ရှိတဲ့ အထပ်မြင့်အဆောက်အဦးကြီးတစ်ခုထဲကို ရဲတပ်ဖွဲ့ဝင်တစ်စုက ဝင်ရောက်စီးနင်းရာကနေ မမျှော်လင့်ဘဲ ပိတ်မိသွားပြီး တစ်ထပ်ချင်းစီမှာ ရှိနေတဲ့ လူမိုက်တွေနဲ့ အသက်လုတိုက်ပွဲဝင်ရပုံကို ရိုက်ကူးထားတာပါ။ အင်ဒိုနီးရှားရိုးရာ ကိုယ်ခံပညာ (Pencak Silat) ကို အခြေခံထားတဲ့ တိုက်ခိုက်ရေးကွက်တွေက အရိုးကွဲသံ ကြားရလောက်အောင် လက်တွေ့ဆန်ပြီး ကြမ်းတမ်းလှတာကြောင့် ကြည့်ရှုသူကို ရင်တုန်ပန်းတုန် ဖြစ်စေမှာပါ။ မင်းသား Iko Uwais ရဲ့ လျင်မြန်ဖြတ်လတ်လှတဲ့ လှုပ်ရှားမှုတွေနဲ့အတူ အကွက်စိပ်စိပ် ရိုက်ချက်တွေက သင့်ကို ထိုင်ခုံကနေ မထနိုင်အောင် ဖမ်းစားထားမှာ ဖြစ်ပါတယ်။ စစ်မှန်တဲ့ အက်ရှင်ကားအစစ်အမှန်ကိုမှ ခံစားချင်သူတွေအတွက်တော့ ဒီဇာတ်ကားဟာ ဂန္တဝင်စာရင်းဝင် လက်မလွှတ်သင့်တဲ့ […]
id
The Raid
Double World
2020
110 min
Visual effects အမိုက်စားတွေနဲ့အတူ စိတ်ကူးယဉ်သိုင်းလောကရဲ့ ဆွဲဆောင်မှုအပြည့်ရှိတဲ့ အက်ရှင်စွန့်စားခန်း ရုပ်ရှင်ကားကြီးပဲ ဖြစ်ပါတယ်။ ဝေးလံလှတဲ့ တိုင်းပြည်တစ်ခုရဲ့ သူရဲကောင်းရွေးချယ်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ ထွက်ခွာလာတဲ့ လူငယ်တစ်စုဟာ သေခြင်းရှင်ခြင်းကြားက စမ်းသပ်မှုတွေ၊ ကြီးမားလှတဲ့ သတ္တဝါကြီးတွေနဲ့ မမျှော်လင့်ထားတဲ့ သစ္စာဖောက်မှုတွေကို ရင်ဆိုင်ရပုံကို ရိုက်ကူးထားတာပါ။ တိုက်ခိုက်ရေးကွက်တွေက အားရပါးရရှိလှသလို၊ သူငယ်ချင်းအချင်းချင်းကြားက သံယောဇဉ်နဲ့ တိုင်းပြည်အပေါ်ထားတဲ့ သစ္စာတရားကိုလည်း လေးလေးနက်နက် မြင်တွေ့ရမှာပါ။ Henry Lau ရဲ့ သရုပ်ဆောင်ချက်တွေနဲ့အတူ ခမ်းနားထည်ဝါတဲ့ နန်းတွင်းနောက်ခံတွေ၊ စိတ်ကူးယဉ်ဆန်တဲ့ တောတောင်အလှအပတွေက ကြည့်ရှုသူကို တခြားကမ္ဘာတစ်ခုထဲ ရောက်သွားသလိုမျိုး ခံစားရစေမှာဖြစ်လို့ Fantasy Action ကားကြိုက်သူတွေအတွက် လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။
zh
Double World
Piranha 3DD
2012
83 min
နွေရာသီ အပူဒဏ်ကို ရေကူးကန်မှာ အပန်းဖြေဖို့ ကြံစည်နေသလား? ဒီကားကို ကြည့်ပြီးရင်တော့ သင် ရေချိုးဖို့တောင် စဉ်းစားရပါလိမ့်မယ်! Piranha 3DD ကတော့ ပထမကားထက် ပိုကြမ်း၊ ပိုဟော့ပြီး ပိုသွေးပျက်ဖို့ ကောင်းလာပါတယ် ဒီတစ်ခေါက်မှာတော့ ရှေးဟောင်းပီရန်ညာငါးတွေက ပင်လယ်ထဲမှာတင် မဟုတ်တော့ဘဲ လူအများအပြား အပန်းဖြေနေတဲ့ “The Big Wet” ဆိုတဲ့ ရေပန်းဥယျာဉ် (Water Park) ထဲကို ပိုက်လိုင်းတွေကတစ်ဆင့် လူတွေ ပျော်ပါးနေတုန်း ရောက်ရှိလာတဲ့ အခါမှာတော့ … 18+ အခန်းတွေနဲ့ Horror နဲ့ Comedy ကို ရောသမမွှေထားလို့ တစ်ကိုယ်ရည် အပန်းဖြေရင်း ကြည့်ဖို့ဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ စုကြည့်ပြီး အော်ရယ်ဖို့ဖြစ်ဖြစ် အကောင်းဆုံးကားတစ်ကားဆိုမို့ ရှုစားသွားကြပါအုန်း
en
Piranha 3DD
Bad Boys: Ride or Die
2024
115 min
ဒီတစ်ခေါက် Bad Boys 4 ကတော့ အရင်ကားတွေထက် ပိုပြီး “Personal” ဖြစ်လာပါတယ် ဇာတ်လမ်းက Mike Lowrey (Will Smith) ရဲ့ မင်္ဂလာဆောင်ကနေ ပျော်ပျော်ပါးပါး စတင်ခဲ့ပေမယ့် ခဏအကြာမှာပဲ အရာအားလုံး ပြောင်းပြန်လှန်ပစ်လိုက်ပါတယ် ကွယ်လွန်သူ Captain Howard ကို “လာဘ်စားတဲ့ ရဲ” ဆိုပြီး နာမည်ဖျက် တိုက်ခိုက်ခံရတဲ့အခါမှာတော့ အခြေအနေတွေ ပြောင်းကုန်ပါတယ် ဆရာ့ရဲ့ ဂုဏ်သိက္ခာကို ဆယ်ဖို့ကြိုးစားရင်း Mike နဲ့ Marcus တို့ဟာ အတွင်းလူ သစ္စာဖောက်တွေရဲ့ ထောင်ချောက်ထဲ ရောက်သွားပြီး FBI ရဲ့ “အလိုရှိဆုံး တရားခံပြေး” တွေ ဖြစ်သွားပါတော့တယ် သူတို့ရဲ့ ဆရာနဲ့ သူတို့ရဲ့နာမည်တွေကို ပြန်အဖတ်ဆယ်ဖို့ အတွင်းသစ္စာဖောက်ကို ဘယ်လိုတွေရှာဖွေနှိမ်နင်းမလဲဆိုတာ […]
en
Bad Boys: Ride or Die
Deliver Us from Evil
2020
108 min
အငြိမ်းစားယူထားတဲ့ ကြေးစားလူသတ်သမားဟောင်းတစ်ယောက်ဟာ လောကကြီးကို ကျောခိုင်းပြီး တိတ်ဆိတ်စွာ နေထိုင်တော့မယ်လို့ ဆုံးဖြတ်ပြီးကာမှ အရင်ကပတ်သက်ခဲ့ဘူးတဲ့ ကောင်မလေးရဲ့ ကလေးဟာ လူကုန်ကူးဂိုဏ်းတွေရဲ့ လက်ချက်နဲ့ ပြန်ပေးဆွဲခံလိုက်ရပြီး ကောင်မလေးကပါ လူကုန်ကူးဂိုဏ်းတွေရဲ့ သတ်ဖြတ်ခြင်းကို ခံလိုက်ရပါတော့တယ် ကောင်မလေးရဲ့ သတင်းကိုကြားပြီး စုံစမ်းမိရာကနေ ပြန်ပေးဆွဲခံလိုက်ရတဲ့ကလေးဟာ သူ့ကလေးမှန်းသိသွားတဲ့အခါမှာတော့ ကလေးကိုပြန်ကယ်ဖို့ ဘန်ကောက်ထိသွားပြီး ရေကုန်ရေခမ်းကြိုးစားပါတော့တယ် ကလေးကိုကယ်တင်ဖို့လုပ်နေတုန်းမှာပဲ အတိတ်ကသတ်ဖြတ်ခဲ့ဘူးတဲ့ ယာကူဇာဂိုဏ်းခေါင်းဆောင်ရဲ့ ညီဖြစ်သူကပါ သူ့ကို လက်စားပြန်ချေဖို့လိုက်လာတဲ့အခါမှာတော့ ….
ko
Deliver Us from Evil
Battleship
2012
131 min
လူသားတွေဟာ အာကာသထဲကသက်ရှိတွေနဲ့ ဆက်သွယ်နိုင်ဖို့ ကမ္ဘာမြေပေါ်ကနေ အချက်ပြလှိုင်းတွေ ပို့လွှတ်လိုက်တာကစပါတယ် အာကာသထဲက အချက်ပြလှိုင်းကိုရသွားတဲ့ ဂြိုလ်သားတွေဟာ ကမ္ဘာမြေပေါ်ကိုနှုတ်ဆက်ဖို့ မဟုတ်ဘဲ သိမ်းယူဖို့ ရှေ့ပြေးစစ်ယာဥ် ၄စီးနဲ့ ရောက်လာကြပါတော့တယ် ဂြိုလ်သားတွေဟာ သူတို့ဆင်းသက်လာတဲ့ နေရာတစ်ဝိုက်ကို တံတိုင်းနဲ့ကာပြီး သူတို့ရဲ့ကျန်ရှိနေတဲ့တပ်တွေကို ကမ္ဘာမြေဆီလိုက်လာဖို့ အချက်ပြဖို့ကြိုးစားတဲ့အခါမှာတော့ အဲ့တံတိုင်းထဲမှာ ပိတ်မိနေတဲ့ စစ်ရေးလေ့ကျင့်နေတဲ့ အမေရိကန် နဲ့ ဂျပန် စစ်သင်္ဘော ၃ စင်းက အဆမတန်အင်အားသာလွန်တဲ့ ဂြိုလ်သားယာဥ်ကြီးတွေကို အချက်မပြနိုင်တော့အောင် ရှယ်ဗျင်းမှာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပဲဖြစ်ပါတယ်
en
Battleship
Damsel
2024
107 min
ပုံပြင်တွေထဲမှာတော့ မင်းသမီးလေးတွေဟာ အန္တရာယ်ကြုံရင် ကယ်တင်မယ့် မင်းသားလေးကိုပဲ မျှော်လင့်တတ်ကြတယ်မဟုတ်လား? ဒါပေမဲ့ ဒီဇာတ်လမ်းကတော့ အဲဒီလိုမဟုတ်ပါဘူး။ လှပချောမောတဲ့ မင်းသားလေးနဲ့ လက်ထပ်လိုက်ရလို့ ပျော်ရွှင်နေတဲ့ မိန်းကလေး အယ်လိုဒီ (Elodie) တစ်ယောက်… တကယ်တမ်းမှာတော့ သူမဟာ လက်ထပ်ဖို့ ရွေးချယ်ခံရတာမဟုတ်ဘဲ နဂါးကြီးအတွက် “ယဇ်ပူဇော်စာ” အဖြစ် ရောင်းစားခံလိုက်ရတာဖြစ်နေပါတယ်။ မင်္ဂလာဆောင်ပြီးတာနဲ့ သူမကို မီးမှုတ်နဂါးကြီးရှိတဲ့ ဂူနက်ကြီးထဲကို ပစ်ချလိုက်တဲ့အခါမှာတော့…
en
Damsel
Dune: Part Two
2024
167 min
အပိုင်း ၂ မှာတော့ ပေါလ် အာထရိုက်ဒီးစ်တို့ သားမိနှစ်‌ယောက် ဖရီမန်းတွေဆီမှာ ခိုလှုံတာကနေစထားပါတယ် ပေါလ် အာထရိုက်ဒီးစ်ကတော့ သူတို့အိမ်တော်ကို ကျဆုံးအောင်လုပ်ခဲ့တဲ့သူတွေကို ဖရီမန်းတွေနဲ့ ပေါင်းပြီးပြန်လည်တိုက်ခိုက်နေကာ အမေဖြစ်သူကတော့ ဖရီမန်းတွေထဲက နတ်ဆရာတွေရဲ့ အလိုရ အကြီးဆုံးနတ်ဆရာမရာထူးကို ဆက်ခံကာ သားဖြစ်သူကို အားလုံးယုံကြည်နေသလို ကယ်တင်ရှင်ဖြစ်လာအောင် ပုံဖော်တာကို မြင်တွေ့ရမှာပဲဖြစ်ပါတယ် ပေါလ် အာထရိုက်ဒီးစ်ဟာလည်း အဖေဖြစ်သူရဲ့ အရိုက်အရာနေရာကိုဆက်ခံကာ အင်ပါယာကြီးကို ဘယ်လိုပြန်တိုက်ခိုက်မလဲဆိုတာကို ဇာတ်ဝင်စားဖွယ်ကြည့်ရှုရမှာပဲဖြစ်ပါတယ် နောက်ကားအတွက်ဇာတ်ပျိုးတဲ့ကားဆိုပေမယ့် တကယ်ကိုကောင်းမွန်တဲ့ကားမို့ ရုပ်ရှင်ကြည့်သူတွေတဲ့ တကယ်ကို အချိန်ပေးရတာတန်တဲ့ကားလေးတစ်ကားဖြစ်မှာမို့ ကြည့်ရှုခံစားသွားကြပါအုန်း
en
Dune: Part Two
Big Momma’s House
2000
98 min
FBI အေးဂျင့် မယ်လ်ကွန် (Malcolm) ဆိုတာ ရုပ်ဖျက်ရမှာ ဆရာတစ်ဆူပါ။ တစ်နေ့မှာတော့ ထောင်ပြေးတစ်ယောက်ရဲ့ ရည်းစားဟောင်းနဲ့ ကလေးကို ‌‌‌‌စောင့်ကြည့်ဖို့ ထောင်ပြေးရည်းစားဟောင်းရဲ့ အဖွားအိမ်ကို စေလွတ်ခြင်းခံခဲ့ရပါတယ် စောင့်ကြည့်နေတုန်းအဖွားကြီးခရီးသွားတာကို အခွင့်ကောင်းယူပြီး အဖွားကြီးလို ရုပ်ဖျက်ကာ ထောင်ပြေးကိုစောင့်ဖမ်းမှာကို ကြည့်ရှုရမယ့် ဟာသကားလေးပဲဖြစ်ပါတယ်
en
Big Momma’s House
Movies
Tv Shows
Videos
Search