Movies

Filters
Showing 71–78 of 78 results
Thrash
2026
84 min
အင်အားပြင်းတဲ့ ဟာရီကိန်းမုန်တိုင်းနဲ့အတူ ရေလွှမ်းမိုးမှုကြားကနေ ဗိုက်ကြီးသည်အမျိုးသမီးတစ်ယောက်နဲ့ ဒေသခံတွေ မမျှော်လင့်ဘဲ ရောက်ရှိလာတဲ့ ငတ်မွတ်နေတဲ့ ငါးမန်းအုပ်ကြီးရဲ့ အန္တရာယ်ကနေ အသက်လုလွတ်မြောက်အောင် ကြိုးစားရပုံကို ရိုက်ကူးထားတဲ့ Survival အက်ရှင်ကားကြီးပါ။ တစ်မြို့လုံး ရေနစ်မြုပ်နေတဲ့ကြားမှာ သားဖွားခါနီး Lisa နဲ့ သူ့ကိုကယ်ထုတ်ဖို့ ကြိုးစားနေတဲ့ လူတစ်စုတို့ဟာ သဘာဝဘေးအန္တရာယ်တင်မကဘဲ ရက်စက်တဲ့ လူသားတွေနဲ့ သွေးဆာနေတဲ့ ငါးမန်းတွေကြားမှာ ရင်တထိတ်ထိတ်နဲ့ တိုက်ပွဲဝင်ရမှာပါ။ အသက်ရှူမှားလောက်တဲ့ ရေအောက်တိုက်ခိုက်ခန်းတွေ၊ စိတ်လှုပ်ရှားစရာ Visual Effects တွေနဲ့အတူ ရှင်သန်ရေးအတွက် အစွမ်းကုန်ရုန်းကန်ရတဲ့ အခန်းတွေက သင့်ကို တစ်ကားလုံး ဖမ်းစားထားမှာပါ။ သဘာဝဘေးအန္တရာယ်နဲ့ ငါးမန်းအက်ရှင်ကိုမှ အားရပါးရနဲ့ ရင်တုန်ရင်ခုန် ကြည့်ချင်သူတွေအတွက်တော့ အပြတ်အသတ် သဘောကျစေမယ့် ရုပ်ရှင်ကောင်းတစ်ကားပဲ ဖြစ်ပါတယ်။
en
Thrash
Humint
2026
120 min
တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယား ထောက်လှမ်းရေးအေးဂျင့်တွေကြားက သွေးအေးအေးနဲ့ အပြန်အလှန် လှည့်ကွက်ဆင်တိုက်ခိုက်ကြမယ့် အမိုက်စား စပိုင်အက်ရှင်ကားကြီးပါ။ ရုရှားနိုင်ငံ၊ ဗလာဒီဗော့စတော့ဆိပ်ကမ်းမှာဖြစ်ပွားတဲ့ ရာဇဝတ်မှုတစ်ခုကနေစပြီး နှစ်နိုင်ငံအေးဂျင့်တွေကြား သစ္စာဖောက်မှုတွေ၊ လျှို့ဝှက်ပူးပေါင်းကြံစည်မှုတွေနဲ့အတူ ရင်တထိတ်ထိတ်ကြည့်ရမယ့် တိုက်ပွဲတွေက သင့်ကို အသက်ရှူမှားစေမှာပါ။ မင်းသားကြီး Zo In-sung နဲ့ Park Jung-min တို့ရဲ့ အားပြိုင်မှုတွေအပြင် လက်တွေ့ဆန်တဲ့ အက်ရှင်ကွက်တွေက အားရစရာ Visual ပိုင်းတွေနဲ့ ဖမ်းစားထားမှာဖြစ်လို့၊ စပိုင်အက်ရှင်ကားကောင်းတွေကိုမှ အဆင့်အတန်းမြင့်မြင့်နဲ့ အားရပါးရကြည့်ချင်သူတွေအတွက် အပြတ်အသတ် သဘောကျစေမယ့် ရုပ်ရှင်ကောင်းတစ်ကားပဲ ဖြစ်ပါတယ်။
ko
Humint
Mike & Nick & Nick & Alice
2026
107 min
ခင်မင်မှု၊ သစ္စာဖောက်မှုနဲ့ မထင်မှတ်ထားတဲ့ အလှည့်အပြောင်းတွေ ပြည့်နှက်နေတဲ့ Action-Comedy ဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ်။ နာမည်ကျော် မင်းသား James Marsden နဲ့ Vince Vaughn တို့ ဦးဆောင်ပါဝင်ထားပြီး၊ လူမိုက်လောကရဲ့ အရှုပ်အထွေးတွေကြားထဲမှာ သူငယ်ချင်းတစ်စု ဘယ်လိုတလွဲတချော်တွေ ဖြစ်ကြမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမှာပါ။ ဇာတ်လမ်းအစကနေ အဆုံးထိ ဟာသနှောတဲ့ ပြောဆိုခန်းတွေနဲ့ အက်ရှင်ခန်းတွေကို အချိုးကျကျ ပေါင်းစပ်ထားလို့ ကြည့်နေရင်း ပျင်းရိဖို့ အချိန်ရမှာ မဟုတ်ပါဘူး။ အထူးသဖြင့် သူငယ်ချင်းအချင်းချင်းကြားက သံယောဇဉ်နဲ့ အားပြိုင်မှုတွေကို ခပ်မိုက်မိုက် ပုံစံမျိုးနဲ့ ရိုက်ကူးထားတာဖြစ်လို့ ပေါ့ပေါ့ပါးပါးနဲ့ အပန်းဖြေချင်တဲ့ ပရိသတ်တွေအတွက်တော့ လက်မလွှတ်သင့်တဲ့ ရုပ်ရှင်သစ်တစ်ကားပဲ ဖြစ်ပါတယ်။
en
Mike & Nick & Nick & Alice
How to Make a Killing
2026
105 min
အမွေရဖို့အတွက် ကိုယ့်ရှေ့က ဆွေမျိုး ၇ ယောက်ကို တစ်ယောက်ပြီးတစ်ယောက် ဇာတ်သိမ်းပေးဖို့ ကြိုးစားတဲ့ လူငယ်တစ်ယောက်အကြောင်းကို ရိုက်ကူးထားတဲ့ Dark Comedy အမျိုးအစား ဇာတ်ကားကောင်းတစ်ကားပါ။ မိသားစုက အသိအမှတ်မပြုဘဲ အပယ်ခံခဲ့ရတဲ့ Becket ဟာ ဒေါ်လာဘီလီယံချီတဲ့ အမွေတွေကို ရထိုက်တယ်လို့ ယုံကြည်ပြီး ပါးနပ်တဲ့ အစီအစဉ်တွေ၊ သစ္စာဖောက်မှုတွေနဲ့အတူ လူသတ်ပွဲကြီးကို ဆင်နွှဲပါတော့တယ်။ မင်းသားကြီး Glen Powell ရဲ့ ဆွဲဆောင်မှုရှိပြီး အေးစက်စက်နိုင်လှတဲ့ သရုပ်ဆောင်ချက်တွေနဲ့အတူ ချမ်းသာတဲ့သူတွေကို လှောင်ပြောင်သရော်ထားတဲ့ ဇာတ်ကွက်တွေက သင့်ကို တစ်လှည့်ရယ်ရ၊ တစ်လှည့် ရင်ဖိုစေမှာပါ။ ငွေကြေးနဲ့ လောဘနောက်လိုက်ရင်း ဘယ်လိုအလှည့်အပြောင်းတွေ ကြုံရမလဲဆိုတာကို ခပ်ဟော့ဟော့၊ ခပ်လန်းလန်း ပုံစံမျိုးနဲ့ ကြည့်ရှုရမှာဖြစ်လို့ အက်ရှင်နဲ့ ဟာသနှောထားတဲ့ ရာဇဝတ်မှုကားမျိုး ကြိုက်သူတွေအတွက်တော့ ကွက်တိပါပဲ။
en
How to Make a Killing
Hall Pass
2011
105 min
Rick နဲ့ Fred ဆိုတဲ့ သူငယ်ချင်းနှစ်ယောက်ဟာ အိမ်ထောင်ကျတာ ကြာလာတာနဲ့အမျှ အပြင်က မိန်းမလှလေးတွေကို ငေးမောကြည့်ရှုရင်း အိမ်ထောင်ရေးမှာ စိတ်မပါသလို ဖြစ်လာကြပါတယ်။ ဒါကို သတိထားမိတဲ့ သူတို့ရဲ့ ဇနီးသည်တွေက ထူးထူးခြားခြား အစီအစဉ်တစ်ခု ချပေးလိုက်ပါတယ်။ အဲ့ဒါကတော့ တစ်ပတ်တိတိ သူတို့ဘာလုပ်လုပ် ခွင့်လွှတ်ပေးမယ့် ‘Hall Pass’ (လွတ်လပ်ခွင့်လက်မှတ်) ပဲ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ကတော့ လူပျိုဘဝတုန်းကလို ပျော်ရပါးရတော့မယ်ဆိုပြီး အရမ်းကို တက်ကြွနေကြတာပါ။ ဒါပေမဲ့ တကယ်တမ်း လက်တွေ့မှာတော့ သူတို့ထင်သလို ဖြစ်မလာဘဲ အသက်အရွယ်အရ ပြောင်းလဲသွားတဲ့ ခေတ်ရေစီးကြောင်းတွေကြားမှာ ဘယ်လိုတွေ အလွဲအချော်တွေနဲ့ပဲ ရင်ဆိုင်ပြီး ရှယ်ခွီးရမလဲဆိုတာ..
en
Hall Pass
Constantine
2005
121 min
ဂျွန် ကွန်စတင်တိုင်း (John Constantine) ဆိုတာ သာမန်လူတွေ မမြင်နိုင်တဲ့ နတ်ဆိုးတွေ၊ ကောင်းကင်တမန်တွေကို မြင်နိုင်စွမ်းရှိတဲ့အပြင် ငရဲပြည်အထိ သွားလာနိုင်တဲ့ ထူးခြားတဲ့ စွမ်းအားရှင်တစ်ယောက်ပါ သူဟာ လောကကြီးထဲကို ခိုးဝင်လာတဲ့ နတ်ဆိုးတွေကို ပြန်မောင်းထုတ်ရင်းနဲ့ သူ့ရဲ့ ကယ်တင်ခြင်းကို ရှာဖွေနေသူလည်း ဖြစ်ပါတယ် တစ်နေ့မှာတော့ သူ့ဆီကို ရဲမေတစ်ယောက် ရောက်လာခဲ့ပါတယ် သူမရဲ့ အမြွှာညီမလေး ဆုံးပါးသွားတာဟာ သာမန် ကိုယ့်ကိုယ်ကိုယ် သတ်သေမှု မဟုတ်ဘူးလို့ ယုံကြည်နေတဲ့အတွက် ကွန်စတင်တိုင်းရဲ့ အကူအညီကို တောင်းခံခဲ့ရာကနေ…ဘုရားသခင်နဲ့ နတ်ဆိုးဘုရင် လူစီဖာ (Lucifer) တို့ကြားက လောင်းကြေးတွေ၊ စည်းကမ်းချက်တွေကြားမှာ ကွန်စတင်တိုင်းက ဘယ်လို ဉာဏ်ကစားပြီး အမှန်တရားကို ဖော်ထုတ်မလဲဆိုတာ ရင်တထိတ်ထိတ် ကြည့်ရမှာပါ.
en
Constantine
A Violent Prosecutor
2016
126 min
ဖြောင့်မတ်ပြီး ဒေါသကြီးတဲ့ အစိုးရရှေ့နေ ဗြောင်ဂျေဝတ် (Byun Jae-wook) ဟာ သူတရားစွဲဆိုနေတဲ့ သံသယရှိသူတစ်ယောက် အသတ်ခံရမှုမှာ လူသတ်သမားအဖြစ် အကွက်ချစွပ်စွဲခံလိုက်ရပါတယ်။ တရားဥပဒေကို ကိုင်တွယ်ခဲ့သူကိုယ်တိုင် ထောင်ဒဏ် ၁၅ နှစ် ကျခံခဲ့ရပြီး အကျဉ်းထောင်ထဲ ရောက်သွားတဲ့အခါမှာတော့ အပြင်ထွက်လို့မရတဲ့ ရှေ့နေကြီးဟာ ထောင်ထဲကနေ ကြိုးကိုင်ပြီး အပြင်ကလူလိမ်လေးကို သူ့ရဲ့ “ရုပ်သေးရုပ်” အဖြစ် အသုံးချပြီး အမှန်တရားကို ဘယ်လိုဖော်ထုတ်မလဲဆိုတာ ရင်တထိတ်ထိတ် ကြည့်ရမှာပါ
ko
A Violent Prosecutor
American Pie
1999
95 min
အထက်တန်းကျောင်းရဲ့ နောက်ဆုံးနှစ်… ပါတီပွဲတစ်ခုမှာ သူငယ်ချင်းလေးယောက် စုမိကြရာကနေ “ကမ္ဘာပျက်မတတ်” အရေးကြီးတဲ့ ပြဿနာတစ်ခုကို သူတို့ သတိထားမိသွားပါတယ်။ အဲဒါကတော့ သူတို့အားလုံးဟာ အခုထိ “လူပျိုစစ်စစ်” တွေ ဖြစ်နေကြတုန်းဆိုတာပါပဲ။ ကောလိပ်မတက်ခင် ဒီဂုဏ်ပုဒ်ကြီးကို အမြန်ဆုံး စွန့်လွှတ်ချင်နေတဲ့ သူတို့လေးယောက်ဟာ… “ကျောင်းဆင်းနှုတ်ဆက်ပွဲ (Prom Night) မတိုင်ခင် အားလုံး လူပျိုရည် ဖျက်ရမယ်” ဆိုပြီး သွေးသောက်ကတိ တစ်ခုကို ပြုလိုက်ကြပါတယ်။ ကတိကို တည်ဖို့ လူပျိုရည်ပျက်အောင်ကြိုးစားရင်း အလွဲပေါင်း သောင်းခြောက်ထောင်နဲ့ ဘယ်လိုတွေလွဲကြမလဲဆိုတာကို ရှယ်ခွီးရင်းကြည့်ရမှာပဲဖြစ်ပါတယ်
en
American Pie
Movies
Tv Shows
Videos
Search