Movies

Filters
Showing 81–90 of 243 results
Bullet Train
2022
126 min
ကံအင်မတန်ဆိုးတဲ့ လူသတ်သမား “လန်းဒီဘတ်ဂ်” (Ladybug) ဟာ အလုပ်တွေတစ်ခုပြီးတစ်ခု လွဲချော်လွန်းလို့ ဒီတစ်ခေါက်မှာတော့ အေးအေးဆေးဆေး အလုပ်ပြီးအောင် လုပ်မယ်လို့ ဆုံးဖြတ်ထားပါတယ်။ ဒါပေမဲ့… ကံကြမ္မာကတော့ သူ့ဘက်မှာမရှိပါဘူး။ သူ့ရဲ့ ရိုးရှင်းပါတယ်ဆိုတဲ့ “လက်ဆွဲသေတ္တာလေးတစ်လုံး ခိုးယူရမယ့်” အလုပ်ဟာ ဂျပန်နိုင်ငံရဲ့ အမြန်ဆုံးရထားပေါ်မှာ ကမ္ဘာအရပ်ရပ်က ကြေးစားလူသတ်သမားတွေနဲ့ ထိပ်တိုက်တိုးဖို့ ဖန်လာတဲ့အခါမှာတော့…ပြေးစရာမြေမရှိတဲ့ ရထားတွဲလေးတွေထဲမှာ ပစ္စည်းပစ္စယတွေကို လက်နက်လုပ်ပြီး တိုက်ခိုက်ရင်း နောက်ဆုံး ဘယ်သူက အသက်ရှင်လျက်နဲ့ ရထားပေါ်က ဆင်းခွင့်ရမလဲဆိုတာ ကြည့်ရှုရမယ့် ဟာသအက်ရှင်ကားလေးဖြစ်ပါတယ်
en
Bullet Train
Battleship
2012
131 min
လူသားတွေဟာ အာကာသထဲကသက်ရှိတွေနဲ့ ဆက်သွယ်နိုင်ဖို့ ကမ္ဘာမြေပေါ်ကနေ အချက်ပြလှိုင်းတွေ ပို့လွှတ်လိုက်တာကစပါတယ် အာကာသထဲက အချက်ပြလှိုင်းကိုရသွားတဲ့ ဂြိုလ်သားတွေဟာ ကမ္ဘာမြေပေါ်ကိုနှုတ်ဆက်ဖို့ မဟုတ်ဘဲ သိမ်းယူဖို့ ရှေ့ပြေးစစ်ယာဥ် ၄စီးနဲ့ ရောက်လာကြပါတော့တယ် ဂြိုလ်သားတွေဟာ သူတို့ဆင်းသက်လာတဲ့ နေရာတစ်ဝိုက်ကို တံတိုင်းနဲ့ကာပြီး သူတို့ရဲ့ကျန်ရှိနေတဲ့တပ်တွေကို ကမ္ဘာမြေဆီလိုက်လာဖို့ အချက်ပြဖို့ကြိုးစားတဲ့အခါမှာတော့ အဲ့တံတိုင်းထဲမှာ ပိတ်မိနေတဲ့ စစ်ရေးလေ့ကျင့်နေတဲ့ အမေရိကန် နဲ့ ဂျပန် စစ်သင်္ဘော ၃ စင်းက အဆမတန်အင်အားသာလွန်တဲ့ ဂြိုလ်သားယာဥ်ကြီးတွေကို အချက်မပြနိုင်တော့အောင် ရှယ်ဗျင်းမှာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပဲဖြစ်ပါတယ်
en
Battleship
What a Man Wants
2018
100 min
လူပျိုကြီးစိတ် မကုန်သေးတဲ့ ယောကျ်ားတစ်ယောက်နဲ့ သူ့ရဲ့ ပတ်ဝန်းကျင်က မိသားစု၊ သူငယ်ချင်းတွေကြားက ရှုပ်ထွေးပွေလီလှတဲ့ အချစ်ရေးဇာတ်လမ်းတွေကို ဟာသနှောပြီး ရိုက်ကူးထားတဲ့ ကိုရီးယား Adult-Comedy ရုပ်ရှင်ဖြစ်ပါတယ်။ အိမ်ထောင်သည်ဘဝရဲ့ ငြီးငွေ့စရာကောင်းတဲ့ အပိုင်းတွေ၊ ဖောက်ပြန်မှုနဲ့ သစ္စာတရားကြားက အားပြိုင်မှုတွေကို ပွင့်ပွင့်လင်းလင်းနဲ့ ရယ်မောစရာဖြစ်အောင် တင်ဆက်ထားတာပါ။ ဇာတ်လမ်းထဲက ကာရိုက်တာတွေရဲ့ မဆီမဆိုင် တလွဲတချော် ဖြစ်ရပ်တွေက သင့်ကို အော်ရယ်ရစေမှာဖြစ်သလို၊ တစ်ဖက်မှာလည်း လူမှုရေးပတ်သက်မှုတွေအပေါ် ပြန်လည်တွေးတောစရာလေးတွေ ပေးသွားပါလိမ့်မယ်။ ပေါ့ပေါ့ပါးပါးနဲ့ ရယ်ရယ်မောမော ကြည့်ချင်သူတွေအတွက်တော့ ဒီကားဟာ အပန်းဖြေဖို့ အကောင်းဆုံး ရွေးချယ်မှုတစ်ခု ဖြစ်မှာပါ။
ko
What a Man Wants
Minority Report
2002
145 min
“သင် မကျူးလွန်ရသေးတဲ့ ရာဇဝတ်မှုတစ်ခုအတွက် သင့်ကို ဖမ်းဆီးမယ်ဆိုရင်…” 🧠💥 နည်းပညာတွေ အဆမတန် တိုးတက်လာပြီး လူသတ်မှုတစ်ခု မဖြစ်ပွားခင် နာရီပိုင်းအလိုမှာတင် ကြိုတင်သိရှိတားဆီးနိုင်တဲ့ အနာဂတ်လောကကြီး။ ဒါပေမဲ့ တစ်နေ့မှာတော့ ဒီစနစ်ကြီးကို ဦးဆောင်နေတဲ့ အကြီးအကဲ ဂျွန်အန်ဒါတန် (Tom Cruise) ကိုယ်တိုင်က နောက်ထပ် ၃၆ နာရီအတွင်း လူသတ်မယ့်သူအဖြစ် စနစ်ကြီးရဲ့ သတ်မှတ်ခြင်းကို ခံလိုက်ရတဲ့အခါမှာတော့… မိမိကိုယ်ကို အပြစ်မရှိကြောင်း သက်သေပြဖို့ စနစ်ကြီးကို ပြန်လည်အာခံပြီး ထွက်ပြေးရင်း အနာဂတ်ရဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ရမယ့် Sci-Fi Psychological Thriller ကားကောင်းကြီး ဖြစ်ပါတယ်။
en
Minority Report
Lee Cronin’s The Mummy
2026
133 min
Evil Dead Rise ရဲ့ ဒါရိုက်တာ Lee Cronin ဖန်တီးမယ့် The Mummy ရုပ်ရှင်အသစ်ဟာ ပုံမှန်အက်ရှင်စွန့်စားခန်း ပုံစံမျိုးတွေနဲ့မတူဘဲ ကြောက်မက်ဖွယ်ရာ Horror စစ်စစ်အဖြစ် ပရိသတ်တွေကို ရင်တထိတ်ထိတ် ဖြစ်စေဦးမှာပါ။ ရှေးဟောင်းကျိန်စာတွေ၊ ပုန်းကွယ်နေတဲ့ မကောင်းဆိုးဝါး အမှောင်ထုတွေနဲ့ သွေးပျက်စရာ ခန္ဓာကိုယ်ပုံပျက်ပန်းပျက် ခြောက်လှန့်မှု (Body Horror) တွေကို ခေတ်သစ်အမြင်နဲ့ အကြမ်းဆုံး ပုံဖော်ထားပါတယ်။ ဂန္ထဝင်မမ်မီဇာတ်လမ်းကိုမှ ပိုမိုမှောင်မိုက်ပြီး သည်းထိပ်ရင်ဖို သဘာဝလွန် သရဲကားစစ်စစ်အဖြစ် သွေးပူချင်သူတွေအတွက်တော့ လုံးဝလက်မလွှတ်သင့်တဲ့ horror ဇာတ်ကားကြီး ဖြစ်လာမှာ သေချာပါတယ်။
en
Lee Cronin’s The Mummy
Damsel
2024
107 min
ပုံပြင်တွေထဲမှာတော့ မင်းသမီးလေးတွေဟာ အန္တရာယ်ကြုံရင် ကယ်တင်မယ့် မင်းသားလေးကိုပဲ မျှော်လင့်တတ်ကြတယ်မဟုတ်လား? ဒါပေမဲ့ ဒီဇာတ်လမ်းကတော့ အဲဒီလိုမဟုတ်ပါဘူး။ လှပချောမောတဲ့ မင်းသားလေးနဲ့ လက်ထပ်လိုက်ရလို့ ပျော်ရွှင်နေတဲ့ မိန်းကလေး အယ်လိုဒီ (Elodie) တစ်ယောက်… တကယ်တမ်းမှာတော့ သူမဟာ လက်ထပ်ဖို့ ရွေးချယ်ခံရတာမဟုတ်ဘဲ နဂါးကြီးအတွက် “ယဇ်ပူဇော်စာ” အဖြစ် ရောင်းစားခံလိုက်ရတာဖြစ်နေပါတယ်။ မင်္ဂလာဆောင်ပြီးတာနဲ့ သူမကို မီးမှုတ်နဂါးကြီးရှိတဲ့ ဂူနက်ကြီးထဲကို ပစ်ချလိုက်တဲ့အခါမှာတော့…
en
Damsel
Mortal Kombat II
2026
116 min
မြေကမ္ဘာ (Earthrealm) ရဲ့ တည်ရှိမှုကို ခြိမ်းခြောက်လာတဲ့ အပြင်လောက (Outworld) က ရက်စက်ကြမ်းကြုတ်တဲ့ ဧကရာဇ် ရှောင်ခန်း (Shao Kahn) ရဲ့ အမှောင်ထုအင်ပါယာကို အပြီးတိုင်ချေမှုန်းဖို့… သေမင်းတမန် သိုင်းပြိုင်ပွဲကြီးထဲ တစ်ကျော့ပြန် ပွဲကြမ်းရမယ့် စစ်သည်တော်တစ်စု…”။ ကမ္ဘာကျော် ဂန္ထဝင်အက်ရှင်ဂိမ်းကြီးကို ဒေါ်လာ သန်းချီအကုန်အကျခံပြီး သွေးရဲရဲ ကွန်ဘိုတိုက်ကွက်တွေ၊ ခန်းနားတဲ့ စွမ်းအား Effects တွေနဲ့ ခေတ်သစ်စတိုင် ပွဲကြမ်းထားတဲ့ R-Rated Martial Arts Fantasy အက်ရှင်ကားကြီး ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ အရင်အပိုင်းက ကမ္ဘာမြေကို ကာကွယ်ခဲ့ကြတဲ့ ချန်ပီယံတွေဆီကို ပရိသတ်တွေ မျှော်လင့်နေရတဲ့ နာမည်ပျက် အက်ရှင်မင်းသားဟောင်း ဂျော်နီကေ့ချ် (Johnny Cage) တစ်ယောက် ထပ်မံပူးပေါင်းလာတဲ့ အကြောင်းပဲ ဖြစ်ပါတယ်။ […]
en
Mortal Kombat II
God of Gamblers
1989
126 min
ဘာလောင်းလောင်းရှုံးတယ်ဆိုတာ မရှိတဲ့ လောင်းကစားဘုရင်ကြီး ကိုချောင်ရဲ့ ဘဝဟာ လူတိုင်းအားကျစရာဖြစ်နေခဲ့ပေမယ့် တစ်နေ့မှာ ကံကြမ္မာစိုးတစ်ခုကြောင့် မတော်တဆဖြစ်ပြီး မှတ်ဉာဏ်တွေ အကုန်ပျောက်ဆုံးသွားခဲ့ပါတယ် ကမ္ဘာကျော် ဖဲဘုရင်ကြီးဘဝကနေ ကလေးတစ်ယောက်လို ပြုမူနေတဲ့ အပြစ်ကင်းစင်သူလေး ဖြစ်သွားပြီး “ဓားမြှောင်လေး” (Little Knife) လို့ ခေါ်တဲ့ လမ်းဘေးဖဲကစားသမားလေး (အန်ဒီလော) နဲ့ ဆုံတွေ့ခဲ့ပါတယ်။ မှတ်ဉာဏ်ပျောက်နေပေမဲ့ “ဖဲ” နဲ့ ထိတွေ့လိုက်ရင်တော့ သူ့ရဲ့ ပါရမီတွေက တားမရဆီးမရ ထွက်ပေါ်လာတာကို လမ်းဘေးဖဲကစားသမားလေးရိပ်စားမိသွားတဲ့အခါမှာတော့ သူ့ကို အတင်း ဖဲဝိုင်းတွေမှာလိုက်ဆော့ခိုင်းပါတော့တယ် ဖဲဝိုင်းတွေမှာလိုက်ဆော့ရင်း နှစ်ယောက်သား သံယောဇဉ်တွဲကာ သူငယ်ချင်းရင်းချာတွေ ဖြစ်သွားကြပြီး မှတ်ဉာဏ်တွေ ပြန်ရလာတဲ့အခါမှာတော့… သစ္စာဖောက်ခဲ့တဲ့သူတွေကို ဘယ်လိုမျိုး အမိုက်စား နည်းလမ်းတွေနဲ့ ပညာပေးမလဲဆိုတာ ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမှာပါ။
cn
God of Gamblers
The King’s Warden
2026
117 min
အခုတင်ဆက်ပေးလိုက်တဲ့ကားလေးကတော့ ၁၅ ရာစုနှောင်းပိုင်း ဂျိုဆွန်းမင်းဆက်ရဲ့ သမိုင်းဖြစ်ရပ်မှန်တစ်ခုဖြစ်တဲ့ “ဒန်ဂျုံမင်းသားလေး (King Danjong)” နန်းချခံရတဲ့ ဖြစ်ရပ်အပေါ် အခြေခံပြီး ရိုက်ကူးထားတဲ့ကားလေးပဲဖြစ်ပါတယ်။ အသက် ၁၂ နှစ်အရွယ်မှာတင် နန်းတက်ခဲ့ရတဲ့ ဒန်ဂျုံမင်းသားလေးဟာ သူ့ရဲ့ဦးလေးဖြစ်သူ Grand Prince Suyang ထံကနေ အာဏာကို မတရားသိမ်းပိုက်ခံလိုက်ရပြီး ဝေးလှန်ခေါင်ပါးတဲ့ ရွာငယ်လေးဆီကို နယ်နှင်ဒဏ်ပေးခံခဲ့ရပါတယ် စိတ်ဓာတ်ကျပြီး သတ်သေဖို့ပဲ စဥ်းစားနေတဲ့ နန်းကျဘုရင်နဲ့ နယ်နှင်ဒဏ်ပေးခံရသူကို မသေအောင်ကြိုးစားရမယ့် ရွာသူကြီးတို့အကြောင်းရိုက်ကူးထားတဲ့ ဟာသ ဒရမ်မာကားလေးပဲဖြစ်ပါတယ်
ko
The King’s Warden
Creation of the Gods I: Kingdom of Storms
2023
148 min
“နတ်ဘုရားတွေ၊ လူသားတွေနဲ့ မိစ္ဆာတွေ သွေးမြေကျမယ့် ကမ္ဘာဦးစစ်ပွဲကြီးရဲ့ အစ…”။ တရုတ်နိုင်ငံရဲ့ နာမည်ကြီး ရှေးဟောင်းဒဏ္ဍာရီ “ဖန်ရှန်ပန်း” (Investiture of the Gods) ကို အခြေခံပြီး ဒေါ်လာ သန်း ၄၀၀ ကျော် အကုန်အကျခံကာ ဟောလိဝုဒ်အဆင့် Effects တွေနဲ့ ခမ်းနားထည်ဝါစွာ ပုံဖော်ထားတဲ့ Epic Fantasy Action ရုပ်ရှင်မော်ကွန်းကြီး ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ဆိုးသွမ်းပြီး အာဏာရူးတဲ့ ရှန်မင်းကြီး (Kris Phillips) ဟာ ကိုးပါးအမြီးရှိတဲ့ မြေခွေးမိစ္ဆာမ သုတန့်ကျီ (Naran) ရဲ့ ပြုစားမှုကို ခံလိုက်ရပြီးနောက်၊ တိုင်းပြည်ကို သွေးချောင်းစီးအောင် ရက်စက်ပြပြီး နတ်ဘုရားတွေရဲ့ ကျိန်စာသင့်မှုကို ခံရပါတော့တယ်။ ဒီကျိန်စာကနေ ကယ်တင်ဖို့အတွက် နတ်ဘုရားလောကက “နတ်ဘုရားစာရင်းစောင်” […]
zh
Creation of the Gods I: Kingdom of Storms
Movies
Tv Shows
Videos
Search