Movies

Filters
Showing all 8 results
Old School
2003
92 min
ကောလိပ်ကျောင်းသားဘဝကို ပြန်လည်ဖန်တီးရင်း အလွဲတွေနဲ့ ရယ်မောရမယ့် အမိုက်စား ဟာသကား လူ့ဘဝရဲ့ အလုပ်အကိုင်၊ အိမ်ထောင်ရေး ဖိအားတွေကြားမှာ ပျော်စရာပျောက်ဆုံးနေတဲ့ သူငယ်ချင်းသုံးယောက် ကောလိပ်ကျောင်းသားဘဝတုန်းကလို အလန်းစား ဖရပ်ထာနီ (Fraternity) ဂိုဏ်းတစ်ခုကို ကိုယ်တိုင်ထောင်ပြီး အပျော်တွေ ပြန်ရှာကြတဲ့အကြောင်းကို ရိုက်ကူးထားတဲ့ ဒီဟာသဇာတ်ကားကတော့ အစအဆုံး ရယ်မောပျော်ရွှင်ရမယ့် ကားကောင်းတစ်ကားပါပဲ။ ဇာတ်လမ်းစတာကတော့ လူ့ဘဝမှာ အပြောင်းအလဲတွေ လိုအပ်နေတဲ့ သူငယ်ချင်းသုံးယောက် ကျောင်းဝင်းအနီးမှာ အိမ်တစ်လုံးငှားပြီး ကိုယ်ပိုင်ကောလိပ်အသင်းတစ်ခုကို စတင်တည်ထောင်တဲ့နေရာကနေ စတာပါပဲ။ အဲဒီနောက်မှာတော့ နယ်မြေခံ တက္ကသိုလ်ရဲ့ တင်းကျပ်တဲ့ ကျောင်းအုပ်ကြီးနဲ့ အပြန်အလှန် ဉာဏ်ချင်းပြိုင်၊ ထောင်ချောက်ဆင်ကြရင်း တစ်ခေတ်က နာမည်ကြီးခဲ့တဲ့ အမိုက်စား ပါတီပွဲတွေ၊ ရယ်စရာ အလွဲအမှားတွေ အစအဆုံး ဖြစ်ပေါ်လာပါတော့သည်။ လူငယ်ဆန်ဆန် ပျော်စရာကောင်းတဲ့ အပြုအမူတွေနဲ့ ဟာသနှောထားတဲ့ […]
en
Old School
Agent Cody Banks
2003
102 min
ဆယ်ကျော်သက်အရွယ် သူလျှိုဇာတ်လမ်းကောင်းတွေကိုမှ ဟာသနှောပြီး ပေါ့ပေါ့ပါးပါး ကြည့်ချင်တဲ့ ပရိသတ်တွေအတွက် ဒီကားကတော့ အစအဆုံး ပျော်စရာကောင်းပြီး ရင်ခုန်စရာ အကွက်တွေနဲ့ ပြည့်နှက်နေတဲ့ ကားကောင်းတစ်ကားပါပဲ။ ဇာတ်လမ်းစတာကတော့ အပြင်ပန်းမှာတော့ ဘာမှန်းညာမှန်းမသိရသေးတဲ့ သာမန်ဆယ်ကျော်သက်ကျောင်းသားလေး တစ်ယောက် တကယ်တမ်းမှာတော့ အမေရိကန် CIA ရဲ့ အထူးလျှို့ဝှက် သူလျှိုငယ်လေးတစ်ဦး ဖြစ်နေတဲ့နေရာကနေ စတာပါပဲ။ တစ်ရက်မှာတော့ သူကြိုက်နှစ်သက်တဲ့ ကျောင်းသူလေးရဲ့ အဖေဖြစ်သူ သိပ္ပံပညာရှင်ရဲ့ အန္တရာယ်ရှိတဲ့ အကြံအစည်ကို ဖော်ထုတ်ဖို့အတွက် CIA က တာဝန်ပေးအပ်လာပါတော့သည်။ ကျောင်းစာနဲ့ သူလျှိုလုပ်ငန်းကို ချိန်ခွင်လျှာညှိရင်း မိန်းကလေးရှေ့မှာ အလွဲတွေဖြစ်ရတဲ့ အခိုက်အတန့်တွေ၊ ရန်သူ့ရဲ့ ထောင်ချောက်ကြားကနေ ဉာဏ်ချင်းပြိုင် တိုက်ထုတ်ရပုံတွေကို ရယ်မောပျော်ရွှင်စရာကောင်းအောင် ပုံဖော်ထားပါတယ်။ ရုပ်ရှင်တစ်ကားလုံးမှာ မြင်တွေ့ရမယ့် ပေါ့ပါးတဲ့ ဟာသအကွက်တွေ၊ အလန်းစား သူလျှိုပစ္စည်း […]
en
Agent Cody Banks
Minority Report
2002
145 min
“သင် မကျူးလွန်ရသေးတဲ့ ရာဇဝတ်မှုတစ်ခုအတွက် သင့်ကို ဖမ်းဆီးမယ်ဆိုရင်…” 🧠💥 နည်းပညာတွေ အဆမတန် တိုးတက်လာပြီး လူသတ်မှုတစ်ခု မဖြစ်ပွားခင် နာရီပိုင်းအလိုမှာတင် ကြိုတင်သိရှိတားဆီးနိုင်တဲ့ အနာဂတ်လောကကြီး။ ဒါပေမဲ့ တစ်နေ့မှာတော့ ဒီစနစ်ကြီးကို ဦးဆောင်နေတဲ့ အကြီးအကဲ ဂျွန်အန်ဒါတန် (Tom Cruise) ကိုယ်တိုင်က နောက်ထပ် ၃၆ နာရီအတွင်း လူသတ်မယ့်သူအဖြစ် စနစ်ကြီးရဲ့ သတ်မှတ်ခြင်းကို ခံလိုက်ရတဲ့အခါမှာတော့… မိမိကိုယ်ကို အပြစ်မရှိကြောင်း သက်သေပြဖို့ စနစ်ကြီးကို ပြန်လည်အာခံပြီး ထွက်ပြေးရင်း အနာဂတ်ရဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ရမယ့် Sci-Fi Psychological Thriller ကားကောင်းကြီး ဖြစ်ပါတယ်။
en
Minority Report
Daredevil
2003
103 min
“မျက်စိကွယ်နေပေမယ့် တရားမျှတမှုအတွက် အမှောင်ထုကို စိုးမိုးမယ့် နတ်ဆိုးတစ်ကောင်”… အက်ရှင်မင်းသားကြီး Ben Affleck နဲ့ မင်းသမီးချော Jennifer Garner တို့ရဲ့ ငယ်ဘဝ အမိုက်စား Superhero အက်ရှင်ရုပ်ရှင်ဟောင်းကြီး ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ငယ်စဉ်က ဓာတုစွန့်ပစ်ပစ္စည်းတစ်ခုကြောင့် မျက်စိကွယ်သွားခဲ့ပေမယ့် ကျန်တဲ့အာရုံငါးပါးစလုံးက ရေဒါစနစ်လိုမျိုး သာမန်ထက် ထူးကဲစွမ်းအားမြင့်လာတဲ့ မတ်ထ် မာဒေါ့ခ် (Matt Murdock) အကြောင်းပဲ ဖြစ်ပါတယ်။ သူဟာ နေ့ဘက်မှာတော့ မတရားခံရသူတွေကို ကာကွယ်ပေးတဲ့ ရှေ့နေတစ်ဦးဖြစ်ပြီး၊ ညဘက်မှာတော့ နယူးယောက်မြို့ရဲ့ အမှောင်ဆုံး “Hell’s Kitchen” ရပ်ကွက်ထဲက ရာဇဝတ်ကောင်တွေကို ဝတ်စုံနီဝတ်ပြီး ကိုယ်တိုင် လိုက်လံနှိမ်နင်းတဲ့ “Daredevil” ဖြစ်လာပါတော့တယ်။ တစ်မြို့လုံးကို နောက်ကွယ်က ကြိုးကိုင်နေတဲ့ မာဖီယားဂိုဏ်းချုပ်ကြီး Kingpin နဲ့ […]
en
Daredevil
Oldboy
2003
120 min
တောင်ကိုရီးယားရုပ်ရှင်လောကရဲ့ ပြိုင်ဘက်ကင်း ပြောင်မြောက်လှတဲ့ လက်ရာတစ်ခုဖြစ်ပြီး ကြည့်ရှုသူကို အံ့အားသင့်စရာ အလှည့်အပြောင်းတွေနဲ့အတူ မှင်သက်သွားစေမယ့် လက်စားချေမှုဆိုင်ရာ ရုပ်ရှင်ကားကြီးပါ။ အကြောင်းရင်းမရှိဘဲ အခန်းကျဉ်းလေးတစ်ခုထဲမှာ ၁၅ နှစ်ကြာအောင် ပိတ်လှောင်ခံထားရတဲ့ အမျိုးသားတစ်ယောက်ဟာ မထင်မှတ်ဘဲ ပြန်လည်လွတ်မြောက်လာတဲ့အခါမှာတော့ သူ့ကို ဘယ်သူက၊ ဘာကြောင့် အခုလိုလုပ်ခဲ့သလဲဆိုတာကို လိုက်လံစုံစမ်းပါတော့တယ်။ ဒီဇာတ်ကားမှာ ပါဝင်တဲ့ တစ်ဆက်တည်းရိုက်ကူးထားတဲ့ (Long Take) အမြှောင်လိုက် တိုက်ခိုက်ရေးခန်းတွေက ကမ္ဘာကျော်ခဲ့သလို၊ လူ့စိတ်ရဲ့ နက်ရှိုင်းတဲ့ အမှောင်ဘက်ခြမ်းနဲ့ နာကျင်စရာကောင်းတဲ့ လျှို့ဝှက်ချက်တွေကို ပေါ်လွင်အောင် ရိုက်ကူးထားတာပါ။ မင်းသားကြီး Choi Min-sik ရဲ့ ရူးသွပ်လုနီးပါး ပြောင်မြောက်လှတဲ့ သရုပ်ဆောင်ချက်တွေက ဇာတ်လမ်းတစ်လျှောက်လုံး သင့်ကို အသက်ရှူမှားအောင် ဖမ်းစားထားမှာပါ။ အက်ရှင်၊ လျှို့ဝှက်ချက်နဲ့ စိတ်လှုပ်ရှားစရာတွေကိုမှ အဆင့်အတန်းမြင့်မြင့် ခံစားချင်သူတွေအတွက်တော့ ဒီရုပ်ရှင်ဟာ […]
ko
Oldboy
American Wedding
2003
103 min
အထက်တန်းကျောင်းသားဘဝက အလွဲတွေဟာ အခုတော့ အမှတ်တရတွေ ဖြစ်ကုန်ပါပြီ။ အမြဲတမ်း တစ်လွဲလုပ်တတ်တဲ့ ဂျင်မ် (Jim) နဲ့ သူ့ရဲ့ချစ်သူ မီရှဲလ် (Michelle) တို့ဟာ လက်ထပ်ဖို့ ပြင်ဆင်နေကြပါပြီ။ ဂျင်မ်ရဲ့ အဘွားက ကျန်းမာရေးမကောင်းတာကြောင့် သူတို့ဟာ မင်္ဂလာပွဲကို အမြန်ဆုံးကျင်းပဖို့ ဆုံးဖြတ်လိုက်ကြတဲ့အခါမှာတော့ မင်္ဂလာပွဲဟာအေးအေးဆေးဆေးပဲ ပြီးသွားမလား ဘယ်လိုတွေလွဲကြအုန်းမလဲဆိုတာ ရယ်မောရင်းကြည့်ရှုသွားကြပါအုန်း
en
American Wedding
EuroTrip
2004
92 min
စကော့ (Scott) တစ်ယောက်အသဲကွဲပြီး မူးမူးနဲ့ ဂျာမနီက သူ့ရဲ့ Cyber-buddy (အွန်လိုင်းသူငယ်ချင်း) “Mieke” ကို ယောက်ျားလေးလို့ ထင်ပြီး သူ့ကိုလာတွေ့မယ်ပြောတာကို ယောကျ်ားချင်း အဲ့လိုပြောရမလားဆိုပြီး ရိုင်းရိုင်းစိုင်းစိုင်းတွေ ပြောလိုက်မိလို့ ဟိုဘက်က Block တာခံလိုက်ရပါတော့တယ် တကယ်တန်း “Mieke” ဆိုတာ သူထင်သလို ယောက်ျားလေးမဟုတ်ဘဲ အင်မတန် ချောမောလှပတဲ့ ဂျာမန်မလေးတစ်ယောက် ဖြစ်နေတဲ့အခါမှာတော့ သူ့ရဲ့ အမှားကို ပြင်ဆင်ဖို့နဲ့ အချစ်ကို ရှာဖွေဖို့အတွက် စကော့ဟာ သူ့ရဲ့ သူငယ်ချင်းတစ်သိုက်နဲ့အတူ အမေရိကကနေ ဥရောပအထိ “အလည်အပတ် ခရီးစဉ်ကြီး” ကို အားချင်း စတင်လိုက်ပါတော့တယ်။ အချစ်ကိုရှာဖွေဖို့ ဥရောပကိုခြေဆန့်ရင်း ဘယ်လိုတွေ အလွဲလွဲချော်ချော်တွေ ကြုံတွေ့ရမလဲဆိုတာ ရှယ်ခွီးရင်း ကြည့်ရမယ့် လူငယ်ဟာသကားလေးဖြစ်ပါတယ်
en
EuroTrip
Agent Cody Banks 2: Destination London
2004
100 min
လူငယ်အေးဂျင့် ကိုဒီ ဘန့်ခ် (Cody Banks) ပြန်လာပါပြီ! ဒီတစ်ခေါက်မှာတော့ သူ ရင်ဆိုင်ရမှာက ပုံမှန်ထက် ပိုကြီးမားတဲ့ အန္တရာယ်ပါ။ ကမ္ဘာ့ခေါင်းဆောင်တွေကို သူတို့ရဲ့ စိတ်ကြိုက် ခိုင်းစေနိုင်တဲ့ “စိတ်ထိန်းချုပ်စက်” (Mind-control device) တစ်ခုကို ဗီလိန်ကြီးက ခိုးယူသွားခဲ့ပါတယ်။ ဒါကို ပြန်အရယူဖို့အတွက် ကိုဒီဟာ လန်ဒန်မြို့အထိ သွားရောက်ပြီး စွန့်စားရမှာပါ။ ငယ်ဘဝက “Spy” ကားတွေကို လွမ်းဆွတ်နေတဲ့သူတွေအတွက်လည်း အကြိုက်တွေ့စေမှာပါ။
en
Agent Cody Banks 2: Destination London
Movies
Tv Shows
Videos
Search