Movies

Filters
Showing all 8 results
Save Me
1994
93 min
စိတ္တဇဆန်ဆန် မာယာတွေနဲ့ အချစ်ရေးနောက်ကွယ်က အန္တရာယ်ရှိတဲ့ ၉၀ ရဲ့ Erotic Thriller ကားကောင်း ၉၀ ပြည့်လွန်နှစ်တွေက နာမည်ကြီးခဲ့တဲ့ Erotic Thriller အမျိုးအစားကို ကြိုက်နှစ်သက်တဲ့ ရုပ်ရှင်ချစ်သူတွေအတွက် လီဆာ ဇိန်း နဲ့ ဟယ်ရီ ဟမ်းလင်း တို့ရဲ့ Save Me (1994) ကတော့ ဇာတ်အကွက်စိပ်စိပ်နဲ့ ဆွဲဆောင်မှုရှိရှိ ကြည့်ရမယ့် ကားကောင်းတစ်ကားပါပဲ။ ဇာတ်လမ်းစတာကတော့ စိတ်ပိုင်းဆိုင်ရာ ဝေဒနာခံစားနေရတဲ့ အမျိုးသမီးတစ်ယောက် ကုထုံးဆရာ စိတ်ကျန်းမာရေး ဆရာဝန်ရဲ့ ဆေးခန်းကို ရောက်ရှိလာတဲ့နေရာကနေ စတာပါပဲ။ ဆရာဝန် Jim (Harry Hamlin) ဟာ သူ့ရဲ့ လူနာ အေးလီ – Ellie (Lisa Zane) ရဲ့ ဆွဲဆောင်မှုရှိတဲ့ […]
en
Save Me
Silenced
2011
125 min
တကယ့်ဖြစ်ရပ်မှန်ကို အခြေခံထားပြီး ရင်ကို ပူလောင်နာကျင်စေမယ့် တောင်ကိုရီးယားရဲ့ နာမည်ကျော် ဒရာမာကား နာမည်ကြီး Squid Game ရဲ့ ဒါရိုက်တာ Hwang Dong-hyuk ကိုယ်တိုင် ရိုက်ကူးခဲ့ပြီး မင်းသား Gong Yoo နဲ့ မင်းသမီး Jung Yu-mi တို့ အဓိကပါဝင် သရုပ်ဆောင်ထားတဲ့ Silenced (도가니) ကတော့ ကြည့်ပြီးတဲ့အခါ ရင်ထဲမှာ အတန်ကြာအောင် စွဲလန်းလေးလံနေစေမယ့် ရုပ်ရှင်ကောင်းတစ်ကားပါပဲ။ ဇာတ်လမ်းစတာကတော့ အနုပညာဆရာ ကိုင်းအင်ဟို (Gong Yoo) တစ်ယောက် မြို့ငယ်လေးတစ်မြို့က နားမကြား၊ အပြောမရတဲ့ မသန်စွမ်းကျောင်းလေးတစ်ခုမှာ အလုပ်စဝင်တဲ့နေရာကနေ စတာပါပဲ။ အဲဒီကျောင်းမှာ အမှန်တကယ် ဖြစ်ပျက်နေတဲ့ ကလေးငယ်တွေအပေါ် ကျောင်းအုပ်ကြီးနဲ့ တာဝန်ရှိသူတွေ ကျူးလွန်နေတဲ့ ကြောက်မက်ဖွယ် ရက်စက်ယုတ်မာမှုတွေကို […]
ko
Silenced
Thirst
2009
134 min
သာမန်သွေးစုပ်ဖုတ်ကောင်ရုပ်ရှင်တွေနဲ့မတူဘဲ စိတ်လှုပ်ရှားမှု၊ အချစ်နဲ့ လူသားဆန်မှုတို့ကြားက ပဋိပက္ခကို ထူးထူးခြားခြား ပုံဖော်ထားတဲ့ တောင်ကိုရီးယား ရုပ်ရှင်ကားကြီး ဖြစ်ပါတယ်။ ဆေးဘက်ဆိုင်ရာ စမ်းသပ်မှုတစ်ခုကြောင့် မတော်တဆ သွေးစုပ်ဖုတ်ကောင် ဖြစ်သွားရတဲ့ ကိုယ်ကျင့်တရား ကောင်းမွန်လွန်းတဲ့ ခရစ်ယာန် ဘုန်းတော်ကြီးတစ်ပါးရဲ့ ဘဝကို ရိုက်ကူးထားတာပါ။ မိမိရဲ့ ယုံကြည်ချက်နဲ့ သွေးဆာနေတဲ့ ဗီဇတို့ကြားမှာ အသည်းအသန် ရုန်းကန်ရပုံတွေ၊ ပြီးတော့ မသင့်တော်တဲ့ အချစ်ဇာတ်လမ်းထဲမှာ နစ်မွန်းသွားပုံတွေကို ဒါရိုက်တာ Park Chan-wook က ပြောင်မြောက်လှတဲ့ အနုပညာလက်ရာတွေနဲ့ တင်ဆက်ထားပါတယ်။ မင်းသားကြီး Song Kang-ho ရဲ့ ပြိုင်ဘက်ကင်းတဲ့ သရုပ်ဆောင်ချက်တွေက ဇာတ်လမ်းကို ပိုပြီးလေးနက်စေသလို၊ ရုပ်ရှင်တစ်ကားလုံးမှာ လွှမ်းမိုးထားတဲ့ အမှောင်ဘက်ခြမ်း ခံစားချက်တွေက သင့်ကို ရင်ဖိုထိတ်လန့်စေမှာပါ။ ဆန်းသစ်တဲ့ ဇာတ်လမ်းသွားနဲ့ ရင်နင့်စရာ […]
ko
Thirst
The Ugly Truth
2009
96 min
အချစ်ရေးမှာ လက်တွေ့ဆန်လွန်းတဲ့ အမျိုးသားတစ်ယောက်နဲ့ စိတ်ကူးယဉ်ဆန်လွန်းတဲ့ အမျိုးသမီးတစ်ယောက်တို့ရဲ့ အားပြိုင်မှုကို The Ugly Truth မှာ ရယ်မောပျော်ရွှင်စွာ ကြည့်ရှုရမှာပါ။ တီဗီပရိုဂရမ် ထုတ်လုပ်သူ Abby ဟာ သူမရဲ့ အချစ်ရေးမှာ အောင်မြင်ဖို့အတွက် အချစ်နဲ့ပတ်သက်ရင် ပွင့်လင်းလွန်းပြီး ဖောက်ထွက်တွေးခေါ်တတ်တဲ့ Mike ရဲ့ အကြံဉာဏ်တွေကို ယူရာကနေ မမျှော်လင့်ထားတဲ့ အရှုပ်အထွေးတွေ ဖြစ်လာပုံကို ဟာသနှောပြီး ရိုက်ကူးထားတာပါ။ ဒီဇာတ်ကားဟာ ယောင်္ကျားနဲ့ မိန်းမတို့ရဲ့ အချစ်အပေါ် ထားရှိတဲ့ မတူညီတဲ့ အမြင်တွေကို ပတ်ပတ်စက်စက်နဲ့ ရိုးရိုးသားသား ဖော်ပြထားလို့ ရယ်လည်းရယ်ရသလို ရင်လည်းခုန်ရပါတယ်။ အပန်းဖြေရင်း ခေါင်းထဲပေါ့ပေါ့ပါးပါးနဲ့ စွဲကျန်နေမယ့် Romantic Comedy ကားကောင်းတစ်ကား ရှာနေတယ်ဆိုရင်တော့ ဒါဟာ အသင့်တော်ဆုံး ရွေးချယ်မှုပါပဲ။
en
The Ugly Truth
Hall Pass
2011
105 min
Rick နဲ့ Fred ဆိုတဲ့ သူငယ်ချင်းနှစ်ယောက်ဟာ အိမ်ထောင်ကျတာ ကြာလာတာနဲ့အမျှ အပြင်က မိန်းမလှလေးတွေကို ငေးမောကြည့်ရှုရင်း အိမ်ထောင်ရေးမှာ စိတ်မပါသလို ဖြစ်လာကြပါတယ်။ ဒါကို သတိထားမိတဲ့ သူတို့ရဲ့ ဇနီးသည်တွေက ထူးထူးခြားခြား အစီအစဉ်တစ်ခု ချပေးလိုက်ပါတယ်။ အဲ့ဒါကတော့ တစ်ပတ်တိတိ သူတို့ဘာလုပ်လုပ် ခွင့်လွှတ်ပေးမယ့် ‘Hall Pass’ (လွတ်လပ်ခွင့်လက်မှတ်) ပဲ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ကတော့ လူပျိုဘဝတုန်းကလို ပျော်ရပါးရတော့မယ်ဆိုပြီး အရမ်းကို တက်ကြွနေကြတာပါ။ ဒါပေမဲ့ တကယ်တမ်း လက်တွေ့မှာတော့ သူတို့ထင်သလို ဖြစ်မလာဘဲ အသက်အရွယ်အရ ပြောင်းလဲသွားတဲ့ ခေတ်ရေစီးကြောင်းတွေကြားမှာ ဘယ်လိုတွေ အလွဲအချော်တွေနဲ့ပဲ ရင်ဆိုင်ပြီး ရှယ်ခွီးရမလဲဆိုတာ..
en
Hall Pass
G.I. Joe: The Rise of Cobra
2009
118 min
အရာအားလုံးကို ဝါးမျိုဖျက်ဆီးနိုင်တဲ့ “Nanomite” လို့ခေါ်တဲ့ နည်းပညာမြင့် ထိပ်ဖူးတွေကို လက်နက်ပွဲစားကြီး Destro နဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ Cobra အဖွဲ့ကြီးက ခိုးယူသွားရာကနေ စတင်ပါတယ်။ သူတို့ရဲ့ ရည်ရွယ်ချက်က ကမ္ဘာ့အဓိကမြို့ကြီးတွေကို ဖျက်ဆီးပြီး ကမ္ဘာကြီးကို အကြောက်တရားနဲ့ အုပ်ချုပ်ဖို့ပါ။ ဒါကို တားဆီးဖို့အတွက် ကမ္ဘာ့အရပ်ရပ်က အတော်ဆုံးစစ်သည်တွေကို စုစည်းထားတဲ့ G.I. JOE အထူးတပ်ဖွဲ့ကြီးက ခေတ်ရှေ့ပြေး နည်းပညာတွေ၊ အမိုက်စား စစ်လက်နက်တွေနဲ့ လိုက်လံတားဆီးမှာကို ရင်သပ်ရှုမောဖွယ်ကြည့်ရှုရမယ့် အမိုက်စားအက်ရှင်ကားလေးပါ
en
G.I. Joe: The Rise of Cobra
Ace Ventura: Pet Detective
1994
86 min
အေ့စ် ဗင်တူရာ (Ace Ventura)ဟာ သာမန်စုံထောက်တစ်ယောက်မဟုတ်ပါဘူး၊ ပျောက်ဆုံးသွားတဲ့ အိမ်မွေးတိရစ္ဆာန်တွေကို လိုက်ရှာပေးတဲ့ “တိရစ္ဆာန်စုံထောက်” ပါ။ အခုတစ်ခေါက်မှာတော့ သူဖြေရှင်းရမယ့်အမှုက သေးသေးမွှားမွှားမဟုတ်ဘဲ Super Bowl ပွဲကြီး နီးကပ်နေချိန်မှာ Miami Dolphins အသင်းရဲ့ အမှတ်တံဆိပ် ဖြစ်တဲ့”လင်းပိုင်” နဲ့ အသင်းရဲ့ အမာခံကစားသမား Dan Marino တို့ ပြန်ပေးဆွဲခံလိုက်ရတဲ့အမှုကို စုံစမ်းဖော်ထုတ်မှာကို တစ်ကားလုံးကို ခွီးရင်းကြည့်ရမှာပဲဖြစ်ပါတယ်
en
Ace Ventura: Pet Detective
Pulp Fiction
1994
154 min
“ဘာဂါကြိုက်တဲ့ လူသတ်သမားတစ်ယောက်၊ ဒဿနစကားတွေ ပြောတတ်တဲ့ သူ့ရဲ့ အပေါင်းအဖော်၊ မူးယစ်ဆေးစွဲနေတဲ့ ဂိုဏ်းစတားကတော်တစ်ယောက်နဲ့ နာမည်ပျက်သွားတဲ့ လက်ဝှေ့သမားတစ်ယောက်တို့အကြောင်းကို ဇာတ်အိမ်တည်ထားတဲ့ကားလေးဖြစ်ပါတယ်” သူတို့ရဲ့ အလွဲလွဲ အချော်ချော် စွန့်စားခန်းတွေကို တစ်မူထူးခြားတဲ့ပုံစံနဲ့ ကြည့်ရှုရမှာပဲဖြစ်ပါတယ် အရမ်းကောင်းပြီး အင်မတန်လက်ရာ‌မြောက်တဲ့အတွက် သမိုင်းတစ်လျှောက်အကောင်းဆုံး ၁၀ကား ဇာတ်ကားထဲမှာ ပါဝင်တဲ့ကားမို့ ကြည့်ရှုခံစားသွားကြပါအုန်း
en
Pulp Fiction
Movies
Tv Shows
Videos
Search