Filters
Showing all 6 results
Minority Report
2002
145 min
“သင် မကျူးလွန်ရသေးတဲ့ ရာဇဝတ်မှုတစ်ခုအတွက် သင့်ကို ဖမ်းဆီးမယ်ဆိုရင်…” 🧠💥 နည်းပညာတွေ အဆမတန် တိုးတက်လာပြီး လူသတ်မှုတစ်ခု မဖြစ်ပွားခင် နာရီပိုင်းအလိုမှာတင် ကြိုတင်သိရှိတားဆီးနိုင်တဲ့ အနာဂတ်လောကကြီး။ ဒါပေမဲ့ တစ်နေ့မှာတော့ ဒီစနစ်ကြီးကို ဦးဆောင်နေတဲ့ အကြီးအကဲ ဂျွန်အန်ဒါတန် (Tom Cruise) ကိုယ်တိုင်က နောက်ထပ် ၃၆ နာရီအတွင်း လူသတ်မယ့်သူအဖြစ် စနစ်ကြီးရဲ့ သတ်မှတ်ခြင်းကို ခံလိုက်ရတဲ့အခါမှာတော့… မိမိကိုယ်ကို အပြစ်မရှိကြောင်း သက်သေပြဖို့ စနစ်ကြီးကို ပြန်လည်အာခံပြီး ထွက်ပြေးရင်း အနာဂတ်ရဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ရမယ့် Sci-Fi Psychological Thriller ကားကောင်းကြီး ဖြစ်ပါတယ်။ Show More
en
Minority Report
Gods of Egypt
2016
127 min
ရှေးဟောင်းအီဂျစ်ဒဏ္ဍာရီလာ နတ်ဘုရားတွေရဲ့ အာဏာလုပွဲနဲ့ စွန့်စားခန်းတွေကို ကြီးကျယ်ခမ်းနားတဲ့ Visual Effects တွေနဲ့ ပုံဖော်ထားတဲ့ အက်ရှင် Fantasy ကားကြီးပါ။ ရက်စက်တဲ့ အမှောင်ထုနတ်ဘုရား Set က ထီးနန်းကို အဓမ္မသိမ်းပိုက်လိုက်တဲ့အခါမှာတော့ နုပျိုတဲ့ နတ်ဘုရား Horus ဟာ လူသားသူခိုးလေးတစ်ယောက်နဲ့ ပူးပေါင်းပြီး တိုင်းပြည်ကို ပြန်လည်ကယ်တင်ဖို့ ကြိုးစားရပုံကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ရွှေရောင်တောက်ပတဲ့ နတ်ဘုရားတွေရဲ့ တိုက်ပွဲတွေ၊ ထူးဆန်းတဲ့ သတ္တဝါကြီးတွေနဲ့ ရင်သပ်ရှုမောဖွယ် နန်းတော်ကြီးတွေကို အားရစရာ မြင်တွေ့ရမှာပါ။ ဒဏ္ဍာရီဆန်ဆန် အက်ရှင်ကားတွေကိုမှ တစ်ကားလုံး ရွှေရောင်တဝင်းဝင်းနဲ့ အမိုက်စား CGI တွေ ကြည့်ချင်သူတွေအတွက်တော့ အပြတ်အသတ် သဘောကျစေမယ့် ရုပ်ရှင်ကောင်းတစ်ကားပဲ ဖြစ်ပါတယ်။ Show More
en
Gods of Egypt
Hall Pass
2011
105 min
Rick နဲ့ Fred ဆိုတဲ့ သူငယ်ချင်းနှစ်ယောက်ဟာ အိမ်ထောင်ကျတာ ကြာလာတာနဲ့အမျှ အပြင်က မိန်းမလှလေးတွေကို ငေးမောကြည့်ရှုရင်း အိမ်ထောင်ရေးမှာ စိတ်မပါသလို ဖြစ်လာကြပါတယ်။ ဒါကို သတိထားမိတဲ့ သူတို့ရဲ့ ဇနီးသည်တွေက ထူးထူးခြားခြား အစီအစဉ်တစ်ခု ချပေးလိုက်ပါတယ်။ အဲ့ဒါကတော့ တစ်ပတ်တိတိ သူတို့ဘာလုပ်လုပ် ခွင့်လွှတ်ပေးမယ့် ‘Hall Pass’ (လွတ်လပ်ခွင့်လက်မှတ်) ပဲ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ကတော့ လူပျိုဘဝတုန်းကလို ပျော်ရပါးရတော့မယ်ဆိုပြီး အရမ်းကို တက်ကြွနေကြတာပါ။ ဒါပေမဲ့ တကယ်တမ်း လက်တွေ့မှာတော့ သူတို့ထင်သလို ဖြစ်မလာဘဲ အသက်အရွယ်အရ ပြောင်းလဲသွားတဲ့ ခေတ်ရေစီးကြောင်းတွေကြားမှာ ဘယ်လိုတွေ အလွဲအချော်တွေနဲ့ပဲ ရင်ဆိုင်ပြီး ရှယ်ခွီးရမလဲဆိုတာ.. Show More
en
Hall Pass
A Violent Prosecutor
2016
126 min
ဖြောင့်မတ်ပြီး ဒေါသကြီးတဲ့ အစိုးရရှေ့နေ ဗြောင်ဂျေဝတ် (Byun Jae-wook) ဟာ သူတရားစွဲဆိုနေတဲ့ သံသယရှိသူတစ်ယောက် အသတ်ခံရမှုမှာ လူသတ်သမားအဖြစ် အကွက်ချစွပ်စွဲခံလိုက်ရပါတယ်။ တရားဥပဒေကို ကိုင်တွယ်ခဲ့သူကိုယ်တိုင် ထောင်ဒဏ် ၁၅ နှစ် ကျခံခဲ့ရပြီး အကျဉ်းထောင်ထဲ ရောက်သွားတဲ့အခါမှာတော့ အပြင်ထွက်လို့မရတဲ့ ရှေ့နေကြီးဟာ ထောင်ထဲကနေ ကြိုးကိုင်ပြီး အပြင်ကလူလိမ်လေးကို သူ့ရဲ့ “ရုပ်သေးရုပ်” အဖြစ် အသုံးချပြီး အမှန်တရားကို ဘယ်လိုဖော်ထုတ်မလဲဆိုတာ ရင်တထိတ်ထိတ် ကြည့်ရမှာပါ Show More
ko
A Violent Prosecutor
Big Momma’s House
2000
98 min
FBI အေးဂျင့် မယ်လ်ကွန် (Malcolm) ဆိုတာ ရုပ်ဖျက်ရမှာ ဆရာတစ်ဆူပါ။ တစ်နေ့မှာတော့ ထောင်ပြေးတစ်ယောက်ရဲ့ ရည်းစားဟောင်းနဲ့ ကလေးကို စောင့်ကြည့်ဖို့ ထောင်ပြေးရည်းစားဟောင်းရဲ့ အဖွားအိမ်ကို စေလွတ်ခြင်းခံခဲ့ရပါတယ် စောင့်ကြည့်နေတုန်းအဖွားကြီးခရီးသွားတာကို အခွင့်ကောင်းယူပြီး အဖွားကြီးလို ရုပ်ဖျက်ကာ ထောင်ပြေးကိုစောင့်ဖမ်းမှာကို ကြည့်ရှုရမယ့် ဟာသကားလေးပဲဖြစ်ပါတယ် Show More
en
Big Momma’s House
Clash of the Titans
2010
106 min
နတ်ဘုရားတစ်ပါးရဲ့ သွေးပါပေမဲ့ လူသားတစ်ယောက်လို ကြီးပြင်းခဲ့ရတဲ့ ပါးစီးယပ်စ် (Perseus) ဟာ သူ့မိသားစုကို ရက်ရက်စက်စက် သတ်ဖြတ်သွားတဲ့ ငရဲပြည်အရှင်သခင် ဟေးဒီးစ် (Hades) ကို လက်စားချေဖို့ တစ်ကမ္ဘာလုံးကို ငရဲပြည်အဖြစ် ပြောင်းလဲပစ်မယ့် ဟေးဒီးစ်ရဲ့ အစီအစဉ်ကို တားဆီးဖို့နဲ့ နတ်မင်းကြီး ဇု (Zeus) ရဲ့ ပလ္လင်ကို ကာကွယ်ဖို့အတွက် လျှောက်လှမ်းမယ့် သေမင်းတမန် ခရီးကြမ်း အကြောင်းကို ကြည့်ရှုရမှာပဲဖြစ်ပါတယ် ကြည့်နေရင်းနဲ့တင် ကျောချမ်းသွားစေမယ့် မြွေခေါင်းနဲ့ မက်ဒူဆာ (Medusa)၊ ကင်းမြီးကောက်ကြီးတွေနဲ့ မြို့တစ်မြို့လုံးကို ဝါးမျိုနိုင်တဲ့ ပင်လယ်နဂါးကြီး ခရာကန် (Kraken) တို့ရဲ့ တိုက်ခိုက်မှုတွေကို အမိုက်စား CGI တွေနဲ့ မြင်တွေ့ရမှာပါ Show More
en
