Filters
Showing all 4 results
Three
2005
95 min
လူသူမနီးတဲ့ သဲသောင်ပြင် ကျွန်းလွတ်တစ်ခုပေါ်မှာ အသက်ရှင်ကျန်ရစ်ဖို့ ရုန်းကန်ရင်း လူသားတွေရဲ့ ပိုင်ဆိုင်လိုမှု၊ သဝန်တိုမှုနဲ့ စိတ်အမှောင်ခြမ်း ပဋိပက္ခတွေကို ရင်တထိတ်ထိတ် ပုံဖော်ထားတဲ့ Survival Psychological Thriller ရုပ်ရှင်ကောင်းတစ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ပင်လယ်ရေကြောင်း ခရီးထွက်ရင်း သင်္ဘောပျက်ပြီး သေဘေးက လွတ်မြောက်လာခဲ့တဲ့ သူဌေးကြီး ဂျက် (Billy Zane)၊ သူ့ရဲ့ လှပတဲ့ဇနီးသည် ဂျနီဖာ (Kelly Brook) နဲ့ သင်္ဘောလုပ်သား လူငယ်လေး မန်နျူရယ်တို့ သုံးယောက် ကျွန်းတစ်ကျွန်းပေါ် ရောက်ရှိသွားရာကနေ စတင်ထားပါတယ်။ လက်တွေ့ဘဝမှာ အစွမ်းအစမရှိတဲ့ သူဌေးကြီး ဂျက်ဟာ ကျွန်းပေါ်မှာ အစားအစာနဲ့ ရေကို ရှာဖွေနိုင်တဲ့ မန်နျူရယ်အပေါ် မှီခိုလာရတဲ့အခါ… သူတို့ကြားမှာ အာဏာလုပွဲတွေ၊ ဇနီးဖြစ်သူအပေါ် သဝန်တိုမှုတွေ ပြင်းထန်လာပြီး […]
en
Three
Hall Pass
2011
105 min
Rick နဲ့ Fred ဆိုတဲ့ သူငယ်ချင်းနှစ်ယောက်ဟာ အိမ်ထောင်ကျတာ ကြာလာတာနဲ့အမျှ အပြင်က မိန်းမလှလေးတွေကို ငေးမောကြည့်ရှုရင်း အိမ်ထောင်ရေးမှာ စိတ်မပါသလို ဖြစ်လာကြပါတယ်။ ဒါကို သတိထားမိတဲ့ သူတို့ရဲ့ ဇနီးသည်တွေက ထူးထူးခြားခြား အစီအစဉ်တစ်ခု ချပေးလိုက်ပါတယ်။ အဲ့ဒါကတော့ တစ်ပတ်တိတိ သူတို့ဘာလုပ်လုပ် ခွင့်လွှတ်ပေးမယ့် ‘Hall Pass’ (လွတ်လပ်ခွင့်လက်မှတ်) ပဲ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ကတော့ လူပျိုဘဝတုန်းကလို ပျော်ရပါးရတော့မယ်ဆိုပြီး အရမ်းကို တက်ကြွနေကြတာပါ။ ဒါပေမဲ့ တကယ်တမ်း လက်တွေ့မှာတော့ သူတို့ထင်သလို ဖြစ်မလာဘဲ အသက်အရွယ်အရ ပြောင်းလဲသွားတဲ့ ခေတ်ရေစီးကြောင်းတွေကြားမှာ ဘယ်လိုတွေ အလွဲအချော်တွေနဲ့ပဲ ရင်ဆိုင်ပြီး ရှယ်ခွီးရမလဲဆိုတာ..
en
Hall Pass
Constantine
2005
121 min
ဂျွန် ကွန်စတင်တိုင်း (John Constantine) ဆိုတာ သာမန်လူတွေ မမြင်နိုင်တဲ့ နတ်ဆိုးတွေ၊ ကောင်းကင်တမန်တွေကို မြင်နိုင်စွမ်းရှိတဲ့အပြင် ငရဲပြည်အထိ သွားလာနိုင်တဲ့ ထူးခြားတဲ့ စွမ်းအားရှင်တစ်ယောက်ပါ သူဟာ လောကကြီးထဲကို ခိုးဝင်လာတဲ့ နတ်ဆိုးတွေကို ပြန်မောင်းထုတ်ရင်းနဲ့ သူ့ရဲ့ ကယ်တင်ခြင်းကို ရှာဖွေနေသူလည်း ဖြစ်ပါတယ် တစ်နေ့မှာတော့ သူ့ဆီကို ရဲမေတစ်ယောက် ရောက်လာခဲ့ပါတယ် သူမရဲ့ အမြွှာညီမလေး ဆုံးပါးသွားတာဟာ သာမန် ကိုယ့်ကိုယ်ကိုယ် သတ်သေမှု မဟုတ်ဘူးလို့ ယုံကြည်နေတဲ့အတွက် ကွန်စတင်တိုင်းရဲ့ အကူအညီကို တောင်းခံခဲ့ရာကနေ…ဘုရားသခင်နဲ့ နတ်ဆိုးဘုရင် လူစီဖာ (Lucifer) တို့ကြားက လောင်းကြေးတွေ၊ စည်းကမ်းချက်တွေကြားမှာ ကွန်စတင်တိုင်းက ဘယ်လို ဉာဏ်ကစားပြီး အမှန်တရားကို ဖော်ထုတ်မလဲဆိုတာ ရင်တထိတ်ထိတ် ကြည့်ရမှာပါ.
en
Constantine
Doctor Dolittle
1998
85 min
ဒေါက်တာ ဂျွန် ဒူးလစ်တဲလ် (John Dolittle) ဆိုတာ အောင်မြင်ကျော်ကြားတဲ့ ဆရာဝန်တစ်ဦးဖြစ်သလို ချစ်စရာကောင်းတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားသူပါ။ သူ့ဘဝက အရာရာ အဆင်ပြေချောမွေ့နေခဲ့ပေမဲ့… သူငယ်ငယ်ကတည်းက ဖျောက်ဖျက်ထားခဲ့တဲ့ “ထူးခြားဆန်းပြားတဲ့ ပါရမီ” တစ်ခု ရုတ်တရက် ပြန်နိုးထလာတဲ့အခါမှာတော့ အရာအားလုံး ပြောင်းလဲသွားပါတော့တယ်။ အဲဒီပါရမီကတော့… “တိရစ္ဆာန်တွေနဲ့ စကားပြောနိုင်တာ” ပါပဲ! ဒါကို တိရစ္ဆာန်တွေသိသွားတဲ့အခါမှာတော့ ခွေး၊ ကြောင်၊ ငှက်ကအစ လမ်းဘေးက ကြွက်တွေအထိ ဒေါက်တာ့ဆီကို အကြံဉာဏ်တောင်းဖို့ တန်းစီရောက်လာကြပါတယ်။ တိရစ္ဆာန်တွေရဲ့ ရယ်စရာကောင်းတဲ့ ပြဿနာတွေကို ဒေါက်တာဂျွန် ဒူးလစ်တဲလ်ကြီး ဘယ်လိုဖြေရှင်းပေးမလဲဆိုတာ ရယ်မောရင်းကြည့်ရှုရမှာပဲဖြစ်ပါတယ်
en
