Filters
Showing all 4 results
Minority Report
2002
145 min
“သင် မကျူးလွန်ရသေးတဲ့ ရာဇဝတ်မှုတစ်ခုအတွက် သင့်ကို ဖမ်းဆီးမယ်ဆိုရင်…” 🧠💥 နည်းပညာတွေ အဆမတန် တိုးတက်လာပြီး လူသတ်မှုတစ်ခု မဖြစ်ပွားခင် နာရီပိုင်းအလိုမှာတင် ကြိုတင်သိရှိတားဆီးနိုင်တဲ့ အနာဂတ်လောကကြီး။ ဒါပေမဲ့ တစ်နေ့မှာတော့ ဒီစနစ်ကြီးကို ဦးဆောင်နေတဲ့ အကြီးအကဲ ဂျွန်အန်ဒါတန် (Tom Cruise) ကိုယ်တိုင်က နောက်ထပ် ၃၆ နာရီအတွင်း လူသတ်မယ့်သူအဖြစ် စနစ်ကြီးရဲ့ သတ်မှတ်ခြင်းကို ခံလိုက်ရတဲ့အခါမှာတော့… မိမိကိုယ်ကို အပြစ်မရှိကြောင်း သက်သေပြဖို့ စနစ်ကြီးကို ပြန်လည်အာခံပြီး ထွက်ပြေးရင်း အနာဂတ်ရဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ရမယ့် Sci-Fi Psychological Thriller ကားကောင်းကြီး ဖြစ်ပါတယ်။ Show More
en
Minority Report
Hall Pass
2011
105 min
Rick နဲ့ Fred ဆိုတဲ့ သူငယ်ချင်းနှစ်ယောက်ဟာ အိမ်ထောင်ကျတာ ကြာလာတာနဲ့အမျှ အပြင်က မိန်းမလှလေးတွေကို ငေးမောကြည့်ရှုရင်း အိမ်ထောင်ရေးမှာ စိတ်မပါသလို ဖြစ်လာကြပါတယ်။ ဒါကို သတိထားမိတဲ့ သူတို့ရဲ့ ဇနီးသည်တွေက ထူးထူးခြားခြား အစီအစဉ်တစ်ခု ချပေးလိုက်ပါတယ်။ အဲ့ဒါကတော့ တစ်ပတ်တိတိ သူတို့ဘာလုပ်လုပ် ခွင့်လွှတ်ပေးမယ့် ‘Hall Pass’ (လွတ်လပ်ခွင့်လက်မှတ်) ပဲ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ကတော့ လူပျိုဘဝတုန်းကလို ပျော်ရပါးရတော့မယ်ဆိုပြီး အရမ်းကို တက်ကြွနေကြတာပါ။ ဒါပေမဲ့ တကယ်တမ်း လက်တွေ့မှာတော့ သူတို့ထင်သလို ဖြစ်မလာဘဲ အသက်အရွယ်အရ ပြောင်းလဲသွားတဲ့ ခေတ်ရေစီးကြောင်းတွေကြားမှာ ဘယ်လိုတွေ အလွဲအချော်တွေနဲ့ပဲ ရင်ဆိုင်ပြီး ရှယ်ခွီးရမလဲဆိုတာ.. Show More
en
Hall Pass
God of Gamblers
1989
126 min
ဘာလောင်းလောင်းရှုံးတယ်ဆိုတာ မရှိတဲ့ လောင်းကစားဘုရင်ကြီး ကိုချောင်ရဲ့ ဘဝဟာ လူတိုင်းအားကျစရာဖြစ်နေခဲ့ပေမယ့် တစ်နေ့မှာ ကံကြမ္မာစိုးတစ်ခုကြောင့် မတော်တဆဖြစ်ပြီး မှတ်ဉာဏ်တွေ အကုန်ပျောက်ဆုံးသွားခဲ့ပါတယ် ကမ္ဘာကျော် ဖဲဘုရင်ကြီးဘဝကနေ ကလေးတစ်ယောက်လို ပြုမူနေတဲ့ အပြစ်ကင်းစင်သူလေး ဖြစ်သွားပြီး “ဓားမြှောင်လေး” (Little Knife) လို့ ခေါ်တဲ့ လမ်းဘေးဖဲကစားသမားလေး (အန်ဒီလော) နဲ့ ဆုံတွေ့ခဲ့ပါတယ်။ မှတ်ဉာဏ်ပျောက်နေပေမဲ့ “ဖဲ” နဲ့ ထိတွေ့လိုက်ရင်တော့ သူ့ရဲ့ ပါရမီတွေက တားမရဆီးမရ ထွက်ပေါ်လာတာကို လမ်းဘေးဖဲကစားသမားလေးရိပ်စားမိသွားတဲ့အခါမှာတော့ သူ့ကို အတင်း ဖဲဝိုင်းတွေမှာလိုက်ဆော့ခိုင်းပါတော့တယ် ဖဲဝိုင်းတွေမှာလိုက်ဆော့ရင်း နှစ်ယောက်သား သံယောဇဉ်တွဲကာ သူငယ်ချင်းရင်းချာတွေ ဖြစ်သွားကြပြီး မှတ်ဉာဏ်တွေ ပြန်ရလာတဲ့အခါမှာတော့… သစ္စာဖောက်ခဲ့တဲ့သူတွေကို ဘယ်လိုမျိုး အမိုက်စား နည်းလမ်းတွေနဲ့ ပညာပေးမလဲဆိုတာ ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမှာပါ။ Show More
cn
God of Gamblers
Big Momma’s House
2000
98 min
FBI အေးဂျင့် မယ်လ်ကွန် (Malcolm) ဆိုတာ ရုပ်ဖျက်ရမှာ ဆရာတစ်ဆူပါ။ တစ်နေ့မှာတော့ ထောင်ပြေးတစ်ယောက်ရဲ့ ရည်းစားဟောင်းနဲ့ ကလေးကို စောင့်ကြည့်ဖို့ ထောင်ပြေးရည်းစားဟောင်းရဲ့ အဖွားအိမ်ကို စေလွတ်ခြင်းခံခဲ့ရပါတယ် စောင့်ကြည့်နေတုန်းအဖွားကြီးခရီးသွားတာကို အခွင့်ကောင်းယူပြီး အဖွားကြီးလို ရုပ်ဖျက်ကာ ထောင်ပြေးကိုစောင့်ဖမ်းမှာကို ကြည့်ရှုရမယ့် ဟာသကားလေးပဲဖြစ်ပါတယ် Show More
en
