Filters
Showing all 8 results
Enola Holmes
2020
124 min
နာမည်ကြီး ရှာလော့ဟုန်းရဲ့ ညီမလေး အီနိုလာ ရဲ့ စမတ်ကျပြီး ရင်ခုန်စရာ စွန့်စားခန်း Mystery ကား ရှာလော့ဟုန်း (Sherlock Holmes) ရဲ့ မိသားစုအကြောင်းကို ရှုထောင့်အသစ်ကနေ အမိုက်စား စွန့်စားခန်းပုံစံ ရိုက်ကူးထားတဲ့ Enola Holmes (2020) ကတော့ အစအဆုံး အာရုံစိုက်ကြည့်ရမယ့် ပျော်စရာကောင်းပြီး စမတ်ကျတဲ့ ကားကောင်းတစ်ကားပါပဲ။ ဇာတ်လမ်းစတာကတော့ အသက် ၁၆ နှစ်ပြည့်တဲ့နေ့မှာ မိခင်ဖြစ်သူ ရုတ်တရက် ပျောက်ကွယ်သွားတဲ့အတွက် ငယ်ငယ်ကတည်းက အမေသင်ပေးထားတဲ့ ဉာဏ်ကစားနည်းတွေ၊ သဲလွန်စ ရှာဖွေနည်းတွေကို အသုံးပြုပြီး အမေဖြစ်သူကို လိုက်လံရှာဖွေတဲ့ အီနိုလာ ရဲ့ ခရီးစဉ်ကနေ စတာပါပဲ။ လမ်းခုလတ်မှာ အန္တရာယ်ကြီးတဲ့ ထောင်ချောက်ထဲ ရောက်နေတဲ့ လူငယ် သူဌေးလေး တစ်ယောက်ကိုပါ ကူညီရင်း […]
en
Enola Holmes
Snatch
2000
103 min
စက္ကန့်မလပ် ရယ်မောရမယ့် အလွဲတွေနဲ့ ရာဇဝတ်လောကရဲ့ ရင်ဖိုစရာ Crime Comedy ကား ဒါရိုက်တာ Guy Ritchie ရဲ့ လက်ရာဖြစ်ပြီး Jason Statham နဲ့ Brad Pitt တို့ အဓိကပါဝင်ထားတဲ့ Snatch (2000) ကတော့ ရာဇဝတ်ဂိုဏ်းတွေ၊ တရားမဝင် လက်ဝှေ့ပွဲတွေနဲ့ စိန်တစ်လုံးကြောင့် ဖြစ်လာတဲ့ အလွဲအမှားတွေကို အစအဆုံး ရယ်မောရမယ့် ကားကောင်းတစ်ကားပါပဲ။ ဇာတ်လမ်းစတာကတော့ တရားမဝင် လက်ဝှေ့ပွဲ ပွဲစားတစ်ယောက်ဖြစ်တဲ့ တာကစ်ရှ် (Jason Statham) တစ်ယောက် ရက်စက်တဲ့ လူဆိုးဂိုဏ်းခေါင်းဆောင် Brick Top ရဲ့ ဖိအားပေးမှုကြားမှာ ထူးဆန်းပြီး လက်သီးချက်ပြင်းတဲ့ ဂျစ်ပစီ လက်ဝှေ့သမား မစ်ကီ (Brad Pitt) နဲ့ ပူးပေါင်းပြီး […]
en
Snatch
Project Power
2020
113 min
သာမန် စူပါဟီးရိုးကားတွေနဲ့ မတူဘဲ… နယူးအော်လင်းမြို့ပြရဲ့ အမှောင်ဆုံး လမ်းမတွေပေါ်မှာ သောက်သုံးလိုက်တာနဲ့ မိနစ်ပိုင်းအတွင်း မိမိရဲ့ DNA ကို လှုံ့ဆော်ပြီး မီးတောက်တာ၊ ကျည်ကာတာ၊ ကိုယ်ပျောက်တာ ဒါမှမဟုတ် ခန္ဓာကိုယ် ပေါက်ကွဲတာစတဲ့ စွမ်းအားဆန်းတွေ ခဏတာ ရရှိစေတဲ့ “Power” ဆိုတဲ့ ဆေးပြားရဲ့ နောက်ကွယ်က ဧရာမ ပူးပေါင်းကြံစည်မှုကြီးကို ဉာဏ်ချင်းပြိုင် ဖော်ထုတ်ရမယ့် ရုပ်ရှင်ကောင်းတစ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ဆေးပြားစမ်းသပ်မှုရဲ့ သားကောင်အဖြစ် ပြန်ပေးဆွဲခံလိုက်ရတဲ့ သမီးဖြစ်သူကို အကွက်စိပ်စိပ် လိုက်လံရှာဖွေနေတဲ့ စစ်သားဟောင်း အာတ် – Art (Jamie Foxx) အကြောင်းကနေ စတင်ထားပါတယ်။ သူဟာ ဒီဆေးပြားတွေကို ရောင်းချနေတဲ့ မြေအောက်ဂိုဏ်းစတားတွေကို လိုက်လံအမဲလိုက်ရင်း… နယူးအော်လင်းမြို့ကို ကာကွယ်ဖို့အတွက် ကိုယ်တိုင်လည်း ဆေးပြားကို […]
en
Project Power
Night in Paradise
2020
131 min
လှပအေးချမ်းလှပါတယ်ဆိုတဲ့ ဂျယ်ဂျူးကျွန်းကြီးကို နောက်ခံထားပြီး… မြေအောက်ဂန်းစတားလောကရဲ့ သစ္စာဖောက်မှု၊ ရက်စက်မှုနဲ့ ကလဲ့စားချေပွဲတွေကို သွေးအေးအေးနဲ့ အနုပညာဆန်ဆန် ပုံဖော်ထားတဲ့ ရုပ်ရှင်ကောင်းတစ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ မာဖီးယားဂိုဏ်းတစ်ခုရဲ့ ထိပ်တန်းလူမိုက် တေးဂူ (Um Tae-goo) ဟာ ပြိုင်ဘက်ဂိုဏ်းရဲ့ လက်ချက်ကြောင့် သူ့ရဲ့ တစ်ဦးတည်းသော အစ်မနဲ့ တူမလေးတို့ကို ဆုံးရှုံးလိုက်ရရာကနေ စတင်ထားပါတယ်။ ကလဲ့စားချေဖို့အတွက် ပြိုင်ဘက်ဂိုဏ်းချုပ်ကို သွားရောက်လုပ်ကြံပြီးနောက်… တေးဂူဟာ ရဲတွေနဲ့ ဂန်းစတားတွေရန်ကနေ ခေတ္တပုန်းအောင်းဖို့ ဂျယ်ဂျူးကျွန်းဆီ ထွက်ပြေးခဲ့ရပါတယ်။ အဲ့ဒီကျွန်းမှာ သူဟာ ဘဝကို လက်လျှော့ထားပြီး သေနတ်ပစ်ခတ်မှုမှာ ဆရာကျတဲ့ လျှို့ဝှက်ဆန်းကြယ် မိန်းကလေး ဂျေးယွန်း (Jeon Yeo-been) နဲ့ မထင်မှတ်ဘဲ ဆုံတွေ့မိသွားပါတယ်။ တစ်ဖက်မှာလည်း တေးဂူကို အစအနဖျောက်ဖို့အတွက် သွေးအေးပြီး ကောက်ကျစ်လွန်းတဲ့ […]
ko
Night in Paradise
Lucky Grandma
2020
87 min
New York မြို့ Chinatown ထဲက ဆေးလိပ်အမြဲခဲထားပြီး မျက်နှာတည်တည်နဲ့နေတတ်တဲ့ အဖွားအိုတစ်ယောက် မထင်မှတ်ဘဲ လူဆိုးဂိုဏ်းတွေရဲ့ ငွေထုပ်ကြီးကို ကောက်ရရာကနေ စတင်ထားတဲ့ အမိုက်စား Dark Comedy အက်ရှင်ကားပါ။ ငွေထုပ်နောက်ကို လိုက်လာတဲ့ လူဆိုးတွေကို အရပ်အမောင်းကောင်းကောင်းနဲ့ ကိုယ်ရံတော်တစ်ယောက်ငှားပြီး အဖွား Wong တစ်ယောက် ဘယ်လိုပါးနပ်စွာ ပြန်လည်တိုက်ခိုက်မလဲဆိုတာ ရင်တထိတ်ထိတ်နဲ့ မြင်တွေ့ရမှာပါ။ လူဆိုးဂိုဏ်းကားတွေကိုမှ ပုံစံအသစ်နဲ့ အဖွားအိုတစ်ယောက်ရဲ့ အမိုက်စားအက်ရှင်တွေ၊ ဟာသအလွဲအချော်တွေကို အားရပါးရ ကြည့်ချင်သူတွေအတွက်တော့ အပြတ်အသတ် သဘောကျစေမယ့် ရုပ်ရှင်ကောင်းတစ်ကားပဲ ဖြစ်ပါတယ်။
en
Lucky Grandma
Deliver Us from Evil
2020
108 min
အငြိမ်းစားယူထားတဲ့ ကြေးစားလူသတ်သမားဟောင်းတစ်ယောက်ဟာ လောကကြီးကို ကျောခိုင်းပြီး တိတ်ဆိတ်စွာ နေထိုင်တော့မယ်လို့ ဆုံးဖြတ်ပြီးကာမှ အရင်ကပတ်သက်ခဲ့ဘူးတဲ့ ကောင်မလေးရဲ့ ကလေးဟာ လူကုန်ကူးဂိုဏ်းတွေရဲ့ လက်ချက်နဲ့ ပြန်ပေးဆွဲခံလိုက်ရပြီး ကောင်မလေးကပါ လူကုန်ကူးဂိုဏ်းတွေရဲ့ သတ်ဖြတ်ခြင်းကို ခံလိုက်ရပါတော့တယ် ကောင်မလေးရဲ့ သတင်းကိုကြားပြီး စုံစမ်းမိရာကနေ ပြန်ပေးဆွဲခံလိုက်ရတဲ့ကလေးဟာ သူ့ကလေးမှန်းသိသွားတဲ့အခါမှာတော့ ကလေးကိုပြန်ကယ်ဖို့ ဘန်ကောက်ထိသွားပြီး ရေကုန်ရေခမ်းကြိုးစားပါတော့တယ် ကလေးကိုကယ်တင်ဖို့လုပ်နေတုန်းမှာပဲ အတိတ်ကသတ်ဖြတ်ခဲ့ဘူးတဲ့ ယာကူဇာဂိုဏ်းခေါင်းဆောင်ရဲ့ ညီဖြစ်သူကပါ သူ့ကို လက်စားပြန်ချေဖို့လိုက်လာတဲ့အခါမှာတော့ ….
ko
Deliver Us from Evil
A Violent Prosecutor
2016
126 min
ဖြောင့်မတ်ပြီး ဒေါသကြီးတဲ့ အစိုးရရှေ့နေ ဗြောင်ဂျေဝတ် (Byun Jae-wook) ဟာ သူတရားစွဲဆိုနေတဲ့ သံသယရှိသူတစ်ယောက် အသတ်ခံရမှုမှာ လူသတ်သမားအဖြစ် အကွက်ချစွပ်စွဲခံလိုက်ရပါတယ်။ တရားဥပဒေကို ကိုင်တွယ်ခဲ့သူကိုယ်တိုင် ထောင်ဒဏ် ၁၅ နှစ် ကျခံခဲ့ရပြီး အကျဉ်းထောင်ထဲ ရောက်သွားတဲ့အခါမှာတော့ အပြင်ထွက်လို့မရတဲ့ ရှေ့နေကြီးဟာ ထောင်ထဲကနေ ကြိုးကိုင်ပြီး အပြင်ကလူလိမ်လေးကို သူ့ရဲ့ “ရုပ်သေးရုပ်” အဖြစ် အသုံးချပြီး အမှန်တရားကို ဘယ်လိုဖော်ထုတ်မလဲဆိုတာ ရင်တထိတ်ထိတ် ကြည့်ရမှာပါ
ko
A Violent Prosecutor
Big Momma’s House
2000
98 min
FBI အေးဂျင့် မယ်လ်ကွန် (Malcolm) ဆိုတာ ရုပ်ဖျက်ရမှာ ဆရာတစ်ဆူပါ။ တစ်နေ့မှာတော့ ထောင်ပြေးတစ်ယောက်ရဲ့ ရည်းစားဟောင်းနဲ့ ကလေးကို စောင့်ကြည့်ဖို့ ထောင်ပြေးရည်းစားဟောင်းရဲ့ အဖွားအိမ်ကို စေလွတ်ခြင်းခံခဲ့ရပါတယ် စောင့်ကြည့်နေတုန်းအဖွားကြီးခရီးသွားတာကို အခွင့်ကောင်းယူပြီး အဖွားကြီးလို ရုပ်ဖျက်ကာ ထောင်ပြေးကိုစောင့်ဖမ်းမှာကို ကြည့်ရှုရမယ့် ဟာသကားလေးပဲဖြစ်ပါတယ်
en
