Please enter keywords
Please enter keywords
Please enter keywords
Please enter keywords
အိမ်နီးနားချင်းတွေရဲ့ ထူးဆန်းတဲ့ ဖိတ်ခေါ်မှုနဲ့အတူ အိမ်ထောင်ရေးရဲ့ လျှို့ဝှက်ချက်တွေ၊ ရယ်မောစရာ အလွဲတွေကို တွေ့မြင်ရမယ့် Comedy Drama ကားကောင်း
အိမ်ထောင်ရေး အေးစက်နေတဲ့ လင်မယားနှစ်ယောက်နဲ့ ပွင့်လင်းလွန်းတဲ့ အိမ်နီးနားချင်းတို့ရဲ့ ညစာစားပွဲတစ်ခုမှာ ဖြစ်ပေါ်လာမယ့် ရယ်စရာ အလွဲအမှားတွေကို ဟာသနှောပြီး ပေါ့ပေါ့ပါးပါး ရိုက်ကူးထားတဲ့ ဒီဇာတ်ကားကတော့ အစအဆုံး အာရုံစိုက်ကြည့်ရှုရမယ့် ကားကောင်းတစ်ကားပါပဲ။
ဇာတ်လမ်းစတာကတော့ အိမ်ထောင်သက်တမ်း ကြာမြင့်လာပြီးနောက် မီးတောက်တွေ ငြိမ်းသတ်နေတဲ့ လင်မယားနှစ်ယောက် သူတို့ရဲ့ အထက်ထပ်က ပွင့်လင်းလွန်းပြီး အချစ်ရေးမှာ ဆန်းသစ်တဲ့ အိမ်နီးနားချင်း လင်မယားကို ညစာစားဖို့ ဖိတ်ခေါ်လိုက်တဲ့နေရာကနေ စတာပါပဲ။ ညစာစားပွဲ စတင်တာနဲ့အမျှ တစ်ယောက်နဲ့တစ်ယောက် မတူညီတဲ့ ချစ်ခြင်းမေတ္တာအယူအဆတွေ၊ ထုတ်မပြောဖြစ်ခဲ့တဲ့ စိတ်ခုစရာ အကြောင်းအရာတွေနဲ့ အိမ်နီးနားချင်းတွေရဲ့ မထင်မှတ်ထားတဲ့ ကမ်းလှမ်းမှုတွေကြောင့် ရယ်စရာ အလွဲအမှားတွေ၊ အပြိုင်အဆိုင် dialogue စကားလုံးတွေနဲ့ ဇာတ်လမ်းက အရှိန်မြင့်တက်လာပါတော့သည်။
ရုပ်ရှင်တစ်ကားလုံးမှာ မြင်တွေ့ရမယ့် ဟာသဆန်ဆန် စကားပြောအကွက်များ၊ သရုပ်ဆောင်တွေရဲ့ အမိုက်စား သရုပ်ဆောင်ချက်များနှင့် အိမ်ထောင်ရေးဆိုင်ရာ အမြင်များကို ပေါ့ပေါ့ပါးပါးလေး ပုံဖော်ထားတာကြောင့် Comedy Drama ကားကောင်းတွေကိုမှ တကယ်နှစ်သက်တဲ့ ရုပ်ရှင်ချစ်သူတွေအတွက်တော့ ဒီကားက လုံးဝ လက်လွှတ်မခံသင့်တဲ့ လက်ရာတစ်ခုပါ

It's free. No subscription required

There are no reviews yet.