We Can Be Heroes

58 Views
0
202097 min

“မိဘတွေ ဖမ်းဆီးခံလိုက်ရတဲ့အခါ… ကမ္ဘာကြီးကို ကယ်တင်ဖို့ အလှည့်ကျလာတာကတော့ သူတို့ရဲ့ ကလေးတွေပါပဲ”… Spy Kids နဲ့ The Adventures of Sharkboy and Lavagirl တို့ရဲ့ ဒါရိုက်တာ Robert Rodriguez ဖန်တီးထားတဲ့ Disney စတိုင် စွမ်းအားမြင့် မိသားစုကြည့် စူပါဟီးရိုး အက်ရှင်ဟာသကားကောင်းကြီး ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ကမ္ဘာမြေကို ဂြိုဟ်သားတွေ အလုံးအရင်းနဲ့ လာရောက်ကျူးကျော်တဲ့အခါမှာ ကမ္ဘာ့အင်အားအကောင်းဆုံး Hero ကြီးတွေဟာ အားမတန်ဘဲ ဖမ်းဆီးခြင်း ခံလိုက်ရပါတော့တယ်။ အဲဒီအခါမှာတော့ သူတို့ရဲ့ ကလေးတစ်စုဟာ အစိုးရရဲ့ လျှို့ဝှက်ဘေးကင်းရေးစခန်းကနေ ထွက်ပြေးပြီး မိဘတွေကို ပြန်ကယ်ဖို့နဲ့ ကမ္ဘာကြီးကို ကာကွယ်ဖို့ စီမံကိန်းချရပါတော့တယ်။ ဆန့်နိုင်ကျုံ့နိုင်တဲ့ စွမ်းအား၊ အချိန်ကို နောက်ပြန်ဆုတ်နိုင်တဲ့စွမ်းအား၊ သီချင်းဆိုပြီး ပစ္စည်းတွေကို မြောက်တက်အောင်လုပ်နိုင်တဲ့စွမ်းအား စတဲ့ ထူးဆန်းဆန်းပြားပြား စွမ်းရည်ကိုယ်စီရှိကြတဲ့ ကလေးတွေဟာ သူတို့ရဲ့ စွမ်းအားတွေကို ဘယ်လိုစုစည်းပြီး ဂြိုဟ်သားတွေကို ဉာဏ်ဆင်တိုက်ခိုက်မလဲဆိုတာ ပျော်စရာ၊ ရယ်မောစရာ ပုံဖော်ထားပါတယ်။

Be the first to review “We Can Be Heroes”

Your email address will not be published. Required fields are marked *

There are no reviews yet.

Share

Movies
Tv Shows
Videos
Search