Movies

Filters
Showing 11–19 of 19 results
Blue Beetle
2023
128 min
“ကောလိပ်ဘွဲ့ရလူငယ်လေးတစ်ယောက် ဆန်းပြားတဲ့ ဂြိုဟ်သားနည်းပညာ ပိုးကောင်ကြီးနဲ့ မမျှော်လင့်ဘဲ ပူးပေါင်းမိသွားတဲ့အခါ…”။ DC ရုပ်ရှင်လောကရဲ့ အရောင်အသွေးအစုံလင်ဆုံးနဲ့ မိသားစုသံယောဇဉ်ကို အားအကောင်းဆုံး ပုံဖော်ထားတဲ့ Sci-Fi Superhero အက်ရှင်ရုပ်ရှင်ကားကြီး ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ မက္ကဆီကန်နွယ်ဖွား လူငယ်လေး ဂျေမီ ရီယေရာ (Xolo MaridueĂąa) ဟာ အဆင့်မြင့် အပြာရောင်ပိုးကောင်ရုပ် “Scarab” ကြီးရဲ့ အိမ်ရှင်အဖြစ် ရွေးချယ်ခြင်း ခံလိုက်ရပြီးနောက်၊ တွေးလိုက်ရုံနဲ့ လက်နက်မျိုးစုံ ထုတ်လုပ်ပေးနိုင်တဲ့ အမိုက်စား စက်ရုပ်ဝတ်စုံကြီးကို ပိုင်ဆိုင်ခွင့်ရပြီး စူပါဟီးရိုး ဖြစ်လာပါတယ်။ ဒီနည်းပညာကို လုယူပြီး ကမ္ဘာဖျက်လက်နက်တွေ ထုတ်ချင်နေတဲ့ ကော်ပိုရေးရှင်းကြီးရဲ့ အန္တရာယ်ကနေ ဂျေမီတစ်ယောက်တည်းတင်မကဘဲ သူ့ရဲ့ လုံးဝအလွဲအချော် ကမောက်ကမဖြစ်တတ်တဲ့ မိသားစုဝင်တွေပါ စုပေါင်းပြီး တစ်ခဲနက် ပြန်လည်တိုက်ခိုက်ကြရပါတယ်။ Iron Man […]
en
Blue Beetle
Shazam! Fury of the Gods
2023
130 min
နတ်ဘုရား Atlas ရဲ့ သမီးတော်တွေဖြစ်တဲ့ Hesperia နဲ့ Kalypso တို့ ဆုံးရှုံးသွားတဲ့ စွမ်းအားတွေကို ပြန်ယူဖို့ ကမ္ဘာမြေကို ကျူးကျော်လာချိန်မှာ Shazam နဲ့ သူ့ရဲ့ စွမ်းအားရှင် မွေးစားညီအစ်ကို မောင်နှမတစ်စု ဘယ်လိုရင်ဆိုင်တိုက်ခိုက်ကြမလဲဆိုတာကို ရိုက်ကူးထားတဲ့ အက်ရှင်ကားကြီးပါ။ Billy Batson တစ်ယောက် စူပါဟီးရိုးတစ်ယောက်ရဲ့ တာဝန်နဲ့ မိသားစုကို စုစည်းထားဖို့ ကြိုးစားနေရတဲ့ကြားက နဂါးကြီးတွေ၊ ထူးဆန်းတဲ့ ဒဏ္ဍာရီလာ သတ္တဝါတွေနဲ့ ကမ္ဘာကြီးကို ကယ်တင်ဖို့ တိုက်ပွဲဝင်ရမှာပါ။ Visual Effects အလန်းစားတွေ၊ ကြီးကျယ်ခမ်းနားတဲ့ တိုက်ခိုက်ခန်းတွေအပြင် တစ်ကားလုံး အလွဲအချော် ဟာသတွေနဲ့ ပြည့်နှက်နေတာကြောင့် အက်ရှင်ကိုမှ ပေါ့ပေါ့ပါးပါးနဲ့ အားရပါးရ ကြည့်ချင်သူတွေအတွက် အပြတ်အသတ် သဘောကျစေမယ့် ရုပ်ရှင်ကောင်းတစ်ကားပဲ ဖြစ်ပါတယ်။
en
Shazam! Fury of the Gods
The Raid
2012
101 min
အက်ရှင်ရုပ်ရှင်လောကရဲ့ စံနှုန်းသစ်တစ်ခုကို သတ်မှတ်ပေးခဲ့တဲ့ အင်ဒိုနီးရှား ရုပ်ရှင်ကားကြီးဖြစ်ပြီး အစကနေ အဆုံးထိ သွေးပူစရာ အက်ရှင်ခန်းတွေနဲ့ ပြည့်နှက်နေပါတယ်။ ရာဇဝတ်ကောင်တွေ အပြည့်ရှိတဲ့ အထပ်မြင့်အဆောက်အဦးကြီးတစ်ခုထဲကို ရဲတပ်ဖွဲ့ဝင်တစ်စုက ဝင်ရောက်စီးနင်းရာကနေ မမျှော်လင့်ဘဲ ပိတ်မိသွားပြီး တစ်ထပ်ချင်းစီမှာ ရှိနေတဲ့ လူမိုက်တွေနဲ့ အသက်လုတိုက်ပွဲဝင်ရပုံကို ရိုက်ကူးထားတာပါ။ အင်ဒိုနီးရှားရိုးရာ ကိုယ်ခံပညာ (Pencak Silat) ကို အခြေခံထားတဲ့ တိုက်ခိုက်ရေးကွက်တွေက အရိုးကွဲသံ ကြားရလောက်အောင် လက်တွေ့ဆန်ပြီး ကြမ်းတမ်းလှတာကြောင့် ကြည့်ရှုသူကို ရင်တုန်ပန်းတုန် ဖြစ်စေမှာပါ။ မင်းသား Iko Uwais ရဲ့ လျင်မြန်ဖြတ်လတ်လှတဲ့ လှုပ်ရှားမှုတွေနဲ့အတူ အကွက်စိပ်စိပ် ရိုက်ချက်တွေက သင့်ကို ထိုင်ခုံကနေ မထနိုင်အောင် ဖမ်းစားထားမှာ ဖြစ်ပါတယ်။ စစ်မှန်တဲ့ အက်ရှင်ကားအစစ်အမှန်ကိုမှ ခံစားချင်သူတွေအတွက်တော့ ဒီဇာတ်ကားဟာ ဂန္တဝင်စာရင်းဝင် လက်မလွှတ်သင့်တဲ့ […]
id
The Raid
Hall Pass
2011
105 min
Rick နဲ့ Fred ဆိုတဲ့ သူငယ်ချင်းနှစ်ယောက်ဟာ အိမ်ထောင်ကျတာ ကြာလာတာနဲ့အမျှ အပြင်က မိန်းမလှလေးတွေကို ငေးမောကြည့်ရှုရင်း အိမ်ထောင်ရေးမှာ စိတ်မပါသလို ဖြစ်လာကြပါတယ်။ ဒါကို သတိထားမိတဲ့ သူတို့ရဲ့ ဇနီးသည်တွေက ထူးထူးခြားခြား အစီအစဉ်တစ်ခု ချပေးလိုက်ပါတယ်။ အဲ့ဒါကတော့ တစ်ပတ်တိတိ သူတို့ဘာလုပ်လုပ် ခွင့်လွှတ်ပေးမယ့် ‘Hall Pass’ (လွတ်လပ်ခွင့်လက်မှတ်) ပဲ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ကတော့ လူပျိုဘဝတုန်းကလို ပျော်ရပါးရတော့မယ်ဆိုပြီး အရမ်းကို တက်ကြွနေကြတာပါ။ ဒါပေမဲ့ တကယ်တမ်း လက်တွေ့မှာတော့ သူတို့ထင်သလို ဖြစ်မလာဘဲ အသက်အရွယ်အရ ပြောင်းလဲသွားတဲ့ ခေတ်ရေစီးကြောင်းတွေကြားမှာ ဘယ်လိုတွေ အလွဲအချော်တွေနဲ့ပဲ ရင်ဆိုင်ပြီး ရှယ်ခွီးရမလဲဆိုတာ..
en
Hall Pass
Piranha 3DD
2012
83 min
နွေရာသီ အပူဒဏ်ကို ရေကူးကန်မှာ အပန်းဖြေဖို့ ကြံစည်နေသလား? ဒီကားကို ကြည့်ပြီးရင်တော့ သင် ရေချိုးဖို့တောင် စဉ်းစားရပါလိမ့်မယ်! Piranha 3DD ကတော့ ပထမကားထက် ပိုကြမ်း၊ ပိုဟော့ပြီး ပိုသွေးပျက်ဖို့ ကောင်းလာပါတယ် ဒီတစ်ခေါက်မှာတော့ ရှေးဟောင်းပီရန်ညာငါးတွေက ပင်လယ်ထဲမှာတင် မဟုတ်တော့ဘဲ လူအများအပြား အပန်းဖြေနေတဲ့ “The Big Wet” ဆိုတဲ့ ရေပန်းဥယျာဉ် (Water Park) ထဲကို ပိုက်လိုင်းတွေကတစ်ဆင့် လူတွေ ပျော်ပါးနေတုန်း ရောက်ရှိလာတဲ့ အခါမှာတော့ … 18+ အခန်းတွေနဲ့ Horror နဲ့ Comedy ကို ရောသမမွှေထားလို့ တစ်ကိုယ်ရည် အပန်းဖြေရင်း ကြည့်ဖို့ဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ စုကြည့်ပြီး အော်ရယ်ဖို့ဖြစ်ဖြစ် အကောင်းဆုံးကားတစ်ကားဆိုမို့ ရှုစားသွားကြပါအုန်း
en
Piranha 3DD
Battleship
2012
131 min
လူသားတွေဟာ အာကာသထဲကသက်ရှိတွေနဲ့ ဆက်သွယ်နိုင်ဖို့ ကမ္ဘာမြေပေါ်ကနေ အချက်ပြလှိုင်းတွေ ပို့လွှတ်လိုက်တာကစပါတယ် အာကာသထဲက အချက်ပြလှိုင်းကိုရသွားတဲ့ ဂြိုလ်သားတွေဟာ ကမ္ဘာမြေပေါ်ကိုနှုတ်ဆက်ဖို့ မဟုတ်ဘဲ သိမ်းယူဖို့ ရှေ့ပြေးစစ်ယာဥ် ၄စီးနဲ့ ရောက်လာကြပါတော့တယ် ဂြိုလ်သားတွေဟာ သူတို့ဆင်းသက်လာတဲ့ နေရာတစ်ဝိုက်ကို တံတိုင်းနဲ့ကာပြီး သူတို့ရဲ့ကျန်ရှိနေတဲ့တပ်တွေကို ကမ္ဘာမြေဆီလိုက်လာဖို့ အချက်ပြဖို့ကြိုးစားတဲ့အခါမှာတော့ အဲ့တံတိုင်းထဲမှာ ပိတ်မိနေတဲ့ စစ်ရေးလေ့ကျင့်နေတဲ့ အမေရိကန် နဲ့ ဂျပန် စစ်သင်္ဘော ၃ စင်းက အဆမတန်အင်အားသာလွန်တဲ့ ဂြိုလ်သားယာဥ်ကြီးတွေကို အချက်မပြနိုင်တော့အောင် ရှယ်ဗျင်းမှာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပဲဖြစ်ပါတယ်
en
Battleship
Big Momma’s House
2000
98 min
FBI အေးဂျင့် မယ်လ်ကွန် (Malcolm) ဆိုတာ ရုပ်ဖျက်ရမှာ ဆရာတစ်ဆူပါ။ တစ်နေ့မှာတော့ ထောင်ပြေးတစ်ယောက်ရဲ့ ရည်းစားဟောင်းနဲ့ ကလေးကို ‌‌‌‌စောင့်ကြည့်ဖို့ ထောင်ပြေးရည်းစားဟောင်းရဲ့ အဖွားအိမ်ကို စေလွတ်ခြင်းခံခဲ့ရပါတယ် စောင့်ကြည့်နေတုန်းအဖွားကြီးခရီးသွားတာကို အခွင့်ကောင်းယူပြီး အဖွားကြီးလို ရုပ်ဖျက်ကာ ထောင်ပြေးကိုစောင့်ဖမ်းမှာကို ကြည့်ရှုရမယ့် ဟာသကားလေးပဲဖြစ်ပါတယ်
en
Big Momma’s House
57 Seconds
2023
99 min
တစ်မိနစ်တောင်မပြည့်တဲ့ အချိန်လေးက မင်းရဲ့ ကံကြမ္မာကို ပြောင်းလဲနိုင်မလား? Tech Blogger လေးတစ်ယောက်ဟာ သူအားကျရတဲ့ Tech Guru ကြီးနဲ့ အင်တာဗျူးခွင့်ရဖို့စောင့်နေတဲ့အချိန်မှာ သူ့ဘဝကို ပြောင်းလဲစေမယ့် “လုပ်ကြံမှု” တစ်ခု ဖြစ်လာခဲ့ပါတယ် အဲ့ဒီလုပ်ကြံမှုကို တားဆီးရင်း “လက်စွပ်” တစ်ကွင်းကို ကောက်ရသွားပါတော့တယ် အဲ့လက်စွပ်ဟာ လူကို အတိတ်ဆီ ၅၇ စက္ကန့် နောက်ပြန်ဆုတ်ပေးနိုင်တဲ့ လက်စွပ်ဖြစ်နေတဲ့အခါမှာတော့ … “တစ်မိနစ်တောင် မပြည့်တဲ့ အချိန်လေးထဲမှာ မင်း ဘာတွေ ပြောင်းလဲပစ်နိုင်မလဲ?” ဒီစွမ်းအားကို သုံးပြီး သူ့ဘဝအတွက် အခွင့်အရေးတွေ ယူမလား? ဒါမှမဟုတ် ပိုကြီးမားတဲ့ ပူးပေါင်းကြံစည်မှုတွေကို ဖော်ထုတ်မလား?
en
57 Seconds
Ballerina
2023
93 min
“မင်းကို ငါ မကာကွယ်နိုင်ခဲ့ဘူး… ဒါပေမဲ့ မင်းကို ဒီလိုဖြစ်အောင်လုပ်တဲ့သူကိုတော့ ငါ အရှင်ထားမှာမဟုတ်ဘူး။” ဒါကတော့ သာမန် အက်ရှင်ကားတစ်ကား မဟုတ်ပါဘူး။ ကိုယ်ရံတော်ဟောင်း (Bodyguard) တစ်ယောက်ဖြစ်တဲ့ အော့ဂျူ (Ok-ju) ရဲ့ သွေးအေးအေးနဲ့ ကလဲ့စားချေတဲ့ ခရီးစဉ်ပါ။ သူမရဲ့ အချစ်ဆုံးသူငယ်ချင်း “ဘဲလေးကသမားလေး” ကို ရက်ရက်စက်စက် ဒုက္ခပေးခဲ့တဲ့သူတွေကို လိုက်လံအမဲလိုက်တဲ့ ဇာတ်လမ်းပါ။ “အသားကုန် မိုက်တဲ့ အက်ရှင်တွေ၊ လှပတဲ့ ရိုက်ချက်တွေနဲ့ အတူ… မတရားမှုကို ကိုယ်တိုင် လက်စားချေပြမယ့် ပုံစံမျိုးကို ကြိုက်ရင်တော့ ဒါကို လုံးဝ လက်မလွှတ်ပါနဲ့။”
ko
Ballerina
Movies
Tv Shows
Videos
Search