Play Dirty

2 Views
0
2025128 min

သစ္စာဖောက်မှုတွေကြားကနေ အရာရာကို ပြန်လည်တိုက်ယူမယ့် ကြေးစားဓားပြတစ်ယောက်ရဲ့ အစအဆုံး သွေးဆူစေမယ့် Crime Action Thriller ကားကောင်း

အကွက်ကျကျ စီစဉ်ထားတဲ့ ဓားပြတိုက်မှုတစ်ခုမှာ သစ္စာဖောက်ခံလိုက်ရပြီးနောက် ရန်သူတွေကို အစပြုတ် ကလဲ့စားချေဖို့နဲ့ သူ့ရဲ့ ဝေစုကို ပြန်လည်တိုက်ယူဖို့ ပြင်ဆင်လာတဲ့ ကြေးစားဓားပြတစ်ယောက်ရဲ့ အက်ရှင်ဇာတ်လမ်းကို ရိုက်ကူးထားတဲ့ Crime Thriller ရုပ်ရှင်ကားကောင်း တစ်ကားပဲဖြစ်ပါတယ်။

ဇာတ်လမ်းစတာကတော့ ကြေးစား ဓားပြခေါင်းဆောင် Parker ဟာ ကြီးမားတဲ့ ဓားပြတိုက်မှုကြီးတစ်ခုမှာ ပူးပေါင်းပါဝင်ခဲ့ပေမဲ့ မထင်မှတ်ဘဲ အဖွဲ့သားတွေရဲ့ သစ္စာဖောက်မှုကို ခံလိုက်ရပြီး အသက်ဘေးကနေ သီသီးလေး လွတ်မြောက်ခဲ့ရာကနေ စတာပါပဲ။ အဲဒီနောက်မှာတော့ သူ့ဆီကနေ လုယူသွားတဲ့ ပိုက်ဆံတွေနဲ့ သိက္ခာကို ပြန်လည်ရရှိဖို့အတွက် ပရိယာယ်ကြွယ်ဝတဲ့ လူလိမ်တစ်ယောက်နဲ့ ပူးပေါင်းကာ နယူးယောက် ဒုစရိုက်ဂိုဏ်းကြီးများ၊ အာဏာပိုင်များနှင့် ဘဏ်သူဌေးကြီးများကို ရင်ဆိုင်ပြီး တစ်ယောက်ပြီးတစ်ယောက် ကလဲ့စားချေပါတော့သည်။

ရုပ်ရှင်တစ်ကားလုံးမှာ မြင်တွေ့ရမယ့် ရင်သပ်ရှုမောစရာ အက်ရှင်ကွက်များ၊ မင်းသားကြီး Mark Wahlberg ရဲ့ အမိုက်စား သရုပ်ဆောင်ချက်များနှင့် တင်းမာမှုအပြည့်ရှိတဲ့ dialogue အပြောအဆိုတွေက ပရိသတ်တွေကို တစ်စက္ကန့်တောင် အာရုံမလွှတ်ရဲအောင် ဖမ်းစားထားနိုင်ပါတယ်။ Heist & Action Thriller ကားကောင်းတွေကိုမှ တကယ်နှစ်သက်တဲ့ ရုပ်ရှင်ချစ်သူတွေအတွက်တော့ ဒီကားက လုံးဝ လက်လွှတ်မခံသင့်တဲ့ လက်ရာတစ်ခုပါ

Be the first to review “Play Dirty”

Your email address will not be published. Required fields are marked *

There are no reviews yet.

Share

Movies
Tv Shows
Videos
Search