Movies

Filters
Showing 31–40 of 40 results
Heads of State
2025
117 min
Idris Elba နဲ့ John Cena တို့လို အက်ရှင်မင်းသားကြီးနှစ်ယောက် ဆုံတွေ့ထားပြီး ရယ်မောရမယ့် အက်ရှင်ဟာသ (Action-Comedy) ဇာတ်ကားကောင်းတစ်ကားပါ။ ဇာတ်လမ်းကတော့ ဗြိတိန်ဝန်ကြီးချုပ် (Idris Elba) နဲ့ အမေရိကန်သမ္မတ (John Cena) တို့ဟာ တစ်ယောက်နဲ့တစ်ယောက် လုံးဝမတည့်ကြပေမဲ့၊ ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းကြံစည်မှုတစ်ခုရဲ့ ပစ်မှတ်ထားခြင်းကို ခံရတဲ့အခါမှာတော့ အသက်ရှင်ဖို့အတွက် မလွှဲမရှောင်သာ လက်တွဲလိုက်ရပုံကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ဟောလိဝုဒ်အက်ရှင်မင်းသားကနေ သမ္မတဖြစ်လာတဲ့ Will Derringer နဲ့ စစ်မှုထမ်းဟောင်း ဝန်ကြီးချုပ် Sam Clarke တို့ရဲ့ တလွဲတချော် ညီအစ်ကို Chemistry က သင့်ကို တစ်ကားလုံး ရယ်မောစေမှာပါ။ နိုင်ငံတကာကို လှည့်ပတ်ပြီး ရိုက်ကူးထားတဲ့ အက်ရှင်ခန်းတွေအပြင် Priyanka Chopra ရဲ့ […]
en
Heads of State
John Wick
2014
101 min
“လူမှားရင် ဘဝပျက်သွားနိုင်တယ်” ဆိုတဲ့စကားကို အကောင်းဆုံး သက်သေပြခဲ့တဲ့ ရုပ်ရှင်ပါ ဇာတ်လမ်းအစမှာတော့ မိမိချစ်ရတဲ့ ဇနီးသည် ကွယ်လွန်သွားပြီးနောက် အထီးကျန်ဆန်စွာ ကျန်ရစ်ခဲ့တဲ့ John Wick ဆိုတဲ့ အမျိုးသားတစ်ယောက်ကို တွေ့ရမှာပါ သူ့ရဲ့ တစ်ဦးတည်းသော အဖော်မွန်ကတော့ ဇနီးသည် နောက်ဆုံးလက်ဆောင်ပေးခဲ့တဲ့ ခွေးလေးတစ်ကောင်ပါပဲ ဒါပေမဲ့ ကံကြမ္မာရဲ့ အလှည့်အပြောင်းက လူမိုက်သားတစ်စုဟာ သူ့ရဲ့ တန်ဖိုးထားရတဲ့ ကားကို လိုချင်ရုံတင်မကဘဲ သူ့ရဲ့ မျှော်လင့်ချက်ဖြစ်တဲ့ ခွေးလေးကိုပါ သတ်ဖြတ်သွားခဲ့ရာကနေ ဇာတ်လမ်းက စတင်တာ ဖြစ်ပါတယ် သူတို့ မသိလိုက်တာက သူတို့ အိမ်ထဲဝင်ပြီး စော်ကားမိတဲ့သူဟာ သာမန်လူတစ်ယောက်မဟုတ်ဘဲ တစ်ချိန်က မြေအောက်လောကကို တုန်လှုပ်စေခဲ့တဲ့ “Baba Yaga” လို့ အမည်တွင်တဲ့ ဒဏ္ဍာရီလာ လူသတ်သမားကြီး ဖြစ်နေတာပါပဲ အဲဒီအချိန်ကစပြီး […]
en
John Wick
Dracula
2025
130 min
၁၅ ရာစုနှောင်းပိုင်း အရှေ့ဥရောပရဲ့ သမိုင်းစာမျက်နှာတွေမှာ မင်းသား ဗလက် (Prince Vlad II) ဟာ ရဲရင့်တဲ့ စစ်သည်တော်တစ်ဦးပါ ဒါပေမဲ့ သူအရမ်းချစ်ရတဲ့ ကြင်ယာတော်ဟာ ရက်ရက်စက်စက် သတ်ဖြတ်ခံလိုက်ရတဲ့အခါမှာတော့ သူ့ရဲ့ လောကကြီးအပေါ် ထားရှိတဲ့ မေတ္တာတွေဟာ အမုန်းတရားအဖြစ် ပြောင်းလဲသွားခဲ့ပါတယ် သူဟာ ဘုရားသခင်ကို စွန့်လွှတ်ကြောင်း ကြေညာပြီး ကောင်းကင်ဘုံကို ကျိန်ဆဲခဲ့တဲ့အတွက် ထာဝရအသက်ရှင်ခြင်း ကျိန်စာသင့်ကာ ဒရာကူလာ (Dracula) ဆိုတဲ့ နာမည်နဲ့ မသေမျိုး သွေးစုပ်ဖုတ်ကောင်အဖြစ် ပြန်လည်မွေးဖွားလာခဲ့ပါတယ် ဒီကားဟာ သာမန် သရဲကားမျိုးမဟုတ်ဘဲ “Gothic Romance” အမျိုးအစားဖြစ်ပါတယ် “အချစ်အတွက်ဆိုရင် ငရဲပြည်အထိ ဆင်းရဲခံမယ်” ဆိုတဲ့ အယူအဆကို အမိုက်စား ရိုက်ပြထားတာပါ သွေးစုပ်ဖုတ်ကောင် ဇာတ်လမ်းတွေထဲမှာ အနှစ်သာရအရှိဆုံးနဲ့ အလှပဆုံး […]
fr
Dracula
A Working Man
2025
116 min
လီဗွန်ကိတ် (Levon Cade) ဆိုတာ Black Ops လို့ခေါ်တဲ့ အထူးလျှို့ဝှက်စစ်ဆင်ရေးနယ်ပယ်မှာ နာမည်ကျော်ခဲ့တဲ့ စစ်သားဟောင်းတစ်ယောက်ပါ။ သူဟာ သွေးထွက်သံယိုတွေကို စိတ်ကုန်လို့ လက်နက်ကို စွန့်လွှတ်ပြီး ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ သာမန်လူတစ်ယောက်လို အေးအေးဆေးဆေး ဖြတ်သန်းနေခဲ့သူပါ။ ဒါပေမဲ့ သူ့ဘဝရဲ့ တစ်ဦးတည်းသော မိသားစုလို ခင်မင်ရတဲ့ အလုပ်ရှင်ရဲ့ သမီးလေးကို လူကုန်ကူးဂိုဏ်းတွေက ဖမ်းဆီးသွားတဲ့အခါမှာတော့…
en
A Working Man
A Violent Prosecutor
2016
126 min
ဖြောင့်မတ်ပြီး ဒေါသကြီးတဲ့ အစိုးရရှေ့နေ ဗြောင်ဂျေဝတ် (Byun Jae-wook) ဟာ သူတရားစွဲဆိုနေတဲ့ သံသယရှိသူတစ်ယောက် အသတ်ခံရမှုမှာ လူသတ်သမားအဖြစ် အကွက်ချစွပ်စွဲခံလိုက်ရပါတယ်။ တရားဥပဒေကို ကိုင်တွယ်ခဲ့သူကိုယ်တိုင် ထောင်ဒဏ် ၁၅ နှစ် ကျခံခဲ့ရပြီး အကျဉ်းထောင်ထဲ ရောက်သွားတဲ့အခါမှာတော့ အပြင်ထွက်လို့မရတဲ့ ရှေ့နေကြီးဟာ ထောင်ထဲကနေ ကြိုးကိုင်ပြီး အပြင်ကလူလိမ်လေးကို သူ့ရဲ့ “ရုပ်သေးရုပ်” အဖြစ် အသုံးချပြီး အမှန်တရားကို ဘယ်လိုဖော်ထုတ်မလဲဆိုတာ ရင်တထိတ်ထိတ် ကြည့်ရမှာပါ
ko
A Violent Prosecutor
Fury
2014
135 min
၁၉၄၅ ခုနှစ်၊ ဧပြီလ။ ဒုတိယကမ္ဘာစစ်ကြီးရဲ့ နောက်ဆုံးအချိန်ကာလ… ဥရောပစစ်မျက်နှာမှာ မဟာမိတ်တပ်တွေဟာ နာဇီဂျာမနီရဲ့ နှလုံးသားဆီကို အပြတ်တိုက်ဖို့ ချီတက်နေကြပါတယ်။ စစ်မြေပြင်မှာ ဝါရင့်နေတဲ့ ဆာဂျင် “ဝါးဒတ်ဒီ” (Wardaddy) ဟာ “Fury” လို့ အမည်ပေးထားတဲ့ ရှာမန်တင့်ကား (Sherman Tank) တစ်စီးနဲ့အတူ သူ့ရဲ့ ရဲဘော်ငါးယောက်ကို ဦးဆောင်ပြီး ရန်သူ့နယ်မြေထဲမှာ အန္တရာယ်အရှိဆုံး တာဝန်တွေကို ကျေပွန်အောင် ဘယ်လိုစွမ်းဆောင်မယ်ဆိုတဲ့အကြောင်း ရိုက်ကူးထားတဲ့စစ်ကားလေးပဲဖြစ်ပါတယ် ဒီကားက စစ်ပွဲကို သူရဲကောင်းဆန်ဆန် အမွှမ်းတင်ထားတာမျိုး မဟုတ်ပါဘူး။ သွေး၊ ရွှံ့နွံ၊ ကြောက်ရွံ့မှုနဲ့ စစ်ကြောင့် လူတွေရဲ့ စိတ်ဓာတ်တွေ ဘယ်လိုပျက်စီးသွားလဲဆိုတာကို ရင်နာစရာကောင်းအောင် ရိုက်ပြထားတာပါ။ ဒီဇာတ်ကားဟာ Brad Pitt အပြင် Shia LaBeouf တို့လို မင်းသားတွေရဲ့ […]
en
Fury
Akhanda 2: Thaandavam
2025
164 min
“တရားမျှတမှုအတွက် ပြန်လည်နိုးထလာတဲ့ နတ်ဘုရားရဲ့ တပ်သား” မျှော်လင့်ချက်အားလုံး ကုန်ဆုံးနေတဲ့အချိန်၊ ဒုစရိုက်မှုတွေက အထွတ်အထိပ်ရောက်နေတဲ့အချိန်မှာ… ကယ်တင်ရှင်တစ်ယောက် ရောက်ရှိလာခဲ့ဖူးပါတယ်။ သူကတော့ သူ့မိသားစုနဲ့ ပြည်သူတွေကို အသက်ပေးကာကွယ်ပြီး မကောင်းဆိုးဝါးတွေကို သုတ်သင်ခဲ့တဲ့ အာခန်ဒါ (Akhanda) ပါပဲ။ အမှုကိစ္စတွေ ပြီးဆုံးသွားတဲ့နောက် သူဟာ လူသူမနီးတဲ့ တောတောင်တွေထဲမှာ တရားကျင့်ရင်း ပုန်းအောင်းနေခဲ့ပါတယ်။ ဒါပေမဲ့… နှစ်အတော်ကြာတဲ့အခါမှာတော့ ကမ္ဘာကြီးကို ခြိမ်းခြောက်မယ့် ပိုမိုဆိုးသွမ်းတဲ့ အန္တရာယ်တွေ တစ်ကျော့ပြန် ပေါ်လာခဲ့ပြန်ပါပြီ။ လောကကြီးတစ်ခုလုံး မီးဟုန်းဟုန်းတောက်နေချိန်မှာတော့… အာခန်ဒါ တစ်ခါပြန် နိုးထလာပါပြီ! အိန္ဒိယကားတွေရဲ့ ထုံးစံအတိုင်း ပရိသတ်တွေ အားရပါးရ အော်ဟစ်ရမယ့် အက်ရှင်ရိုက်ချက်တွေ၊ တစ်ယောက်တည်းနဲ့ ရာနဲ့ချီတဲ့ လူဆိုးတွေကို အပြတ်ရှင်းမယ့် အခန်းတွေ နဲ့ အိန္ဒိယ အက်ရှင်ကားအကြမ်းစားတွေကိုမှ ကြိုက်တတ်တဲ့ ပရိသတ်တွေအတွက် […]
te
Akhanda 2: Thaandavam
Big Momma’s House
2000
98 min
FBI အေးဂျင့် မယ်လ်ကွန် (Malcolm) ဆိုတာ ရုပ်ဖျက်ရမှာ ဆရာတစ်ဆူပါ။ တစ်နေ့မှာတော့ ထောင်ပြေးတစ်ယောက်ရဲ့ ရည်းစားဟောင်းနဲ့ ကလေးကို ‌‌‌‌စောင့်ကြည့်ဖို့ ထောင်ပြေးရည်းစားဟောင်းရဲ့ အဖွားအိမ်ကို စေလွတ်ခြင်းခံခဲ့ရပါတယ် စောင့်ကြည့်နေတုန်းအဖွားကြီးခရီးသွားတာကို အခွင့်ကောင်းယူပြီး အဖွားကြီးလို ရုပ်ဖျက်ကာ ထောင်ပြေးကိုစောင့်ဖမ်းမှာကို ကြည့်ရှုရမယ့် ဟာသကားလေးပဲဖြစ်ပါတယ်
en
Big Momma’s House
Frankenstein
2025
150 min
Frankenstein (သို့) ဘုရားနေရာကို လုယူဖို့ ကြိုးစားခဲ့တဲ့ သိပ္ပံပညာရှင်, လူတစ်ယောက်က သေခြင်းတရားကို အနိုင်ယူပြီး “အသက်” တစ်ခုကို ကိုယ်တိုင် ဖန်တီးနိုင်ခဲ့ရင် ဘာဖြစ်မလဲ? ဒေါက်တာ ဗစ်တာ ဖရန်ကင်စတိုင်း ဆိုတာ ဉာဏ်ကြီးရှင်တစ်ယောက်ဖြစ်သလို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလွန်ကဲနေတဲ့ သိပ္ပံပညာရှင်တစ်ဦးပါ။ သူဟာ သေဆုံးပြီးသား အလောင်းတွေကို အပိုင်းပိုင်းဖြတ်တောက်၊ ပြန်လည်စုစည်းပြီး လူသားတွေ မလုပ်ဖူးသေးတဲ့ “သက်ရှိဖန်တီးခြင်း” စမ်းသပ်မှုကို အောင်မြင်အောင် လုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမဲ့… သူမျှော်လင့်ထားတဲ့ “နတ်သားလေး” ပေါ်မလာဘဲ ကြောက်မက်ဖွယ်ကောင်းတဲ့ “သတ္တဝါကြီး” တစ်ကောင် ပေါ်ထွက်လာတဲ့အခါမှာတော့… ဒီဂန္ထဝင်ဇာတ်လမ်းဟာ အသည်းယားစရာ သရဲကားတစ်ကားထက် ပိုပါတယ်။ လူသားတွေရဲ့ လောဘနဲ့ အထီးကျန်မှုအကြောင်းကို အကောင်းဆုံး ပုံဖော်ထားတဲ့ကားလေးမို့ ကြည့်ရှုခံစားသွားကြပါအုန်း
en
Frankenstein
Ballerina
2025
125 min
ခင်ဗျားက John Wick ရဲ့ အက်ရှင်တွေကို ကြိုက်တယ်ဆိုရင်တော့… ဒီဇာတ်လမ်းက ခင်ဗျားအတွက်ပါပဲ ဒီဇာတ်လမ်းဟာ John Wick: Chapter 3 – Parabellum ဖြစ်ပျက်နေတဲ့ အချိန်အတောအတွင်းမှာပဲ တပြိုင်တည်း ဖြစ်ပျက်နေတာပါ။ အိဗ် မာကာရို (Eve Macarro) ဆိုတဲ့ မိန်းကလေးဟာ သူမရဲ့ မိသားစုကို သတ်ခဲ့တဲ့သူတွေကို ကလဲ့စားချေဖို့အတွက် Ruska Roma (ဂျွန်ဝစ်ရဲ့ ဇာစ်မြစ်ဂိုဏ်း) ရဲ့ ရက်စက်လှတဲ့ လူသတ်သမား လေ့ကျင့်ရေးတွေကို‌ ကွင်းဆင်းလေ့ကျင့်ရင်း မိဘတွေအတွက် လက်စားချေမှာကို ကြည့်ရှုရမှာပဲဖြစ်ပါတယ် John Wick ကားတွေအတိုင်းပဲ CGI နည်းနည်း၊ တကယ့်လူကိုယ်တိုင် ကစားရတဲ့ အမိုက်စား Stunt တွေနဲ့ အက်ရှင်ရိုက်ချက်အသစ်တွေကို ခံစားရမှာပါ။
en
Ballerina
Movies
Tv Shows
Videos
Search