No Other Choice

0 Views
0
2025139 min

စက္ကူထုတ်လုပ်ရေး စက်ရုံမှာ နှစ် နေ့ပေါင်း ၂၅ နှစ်ကြာ သစ္စာရှိရှိ လုပ်ကိုင်ခဲ့ပြီးမှ ရုတ်တရက် အလုပ်ဖြုတ်ခံလိုက်ရတဲ့ မန်းဆူ ရဲ့ ဘဝပျက်မတတ် ဒုက္ခကြားကနေ ရန်သူတွေကို တန်ပြန် ဖြိုခွဲမယ့် Black Comedy Thriller ရုပ်ရှင်ကောင်းတစ်ကား ဖြစ်ပါတယ်။

ဇာတ်လမ်းကတော့ မန်းဆူ – Man-su (Lee Byung-hun) ဟာ ဇနီးဖြစ်သူ မိရီ – Mi-ri (Son Ye-jin) နဲ့ ကလေးတွေနဲ့အတူ အေးချမ်းစွာ နေထိုင်နေသူ ဖြစ်ပါတယ်။ ဒါပေမဲ့ စက်ရုံကို အမေရိကန်ကုမ္ပဏီက ဝယ်ယူလိုက်ပြီးနောက် မန်းဆူဟာ ရုတ်တရက် အလုပ်ပြုတ်သွားခဲ့ပါတယ်။ ၁၃ လကြာသည်အထိ အလုပ်သစ် ရှာမရဘဲ စီးပွားရေး ကျပ်တည်းလာတဲ့အခါ… မန်းဆူဟာ စက်ရုံသစ်မှာ အလုပ်ပြန်ရဖို့အတွက် သူ့ရဲ့ ပြိုင်ဘက် လျှောက်ထားသူတွေကို တစ်ယောက်ချင်းစီ သွေးအေးအေးနဲ့ ကင်းစင်အောင် ရှင်းထုတ်ပစ်ဖို့ စိတ္တဇဆန်ဆန် အကွက်ရွှေ့ အစီအစဉ်ဆွဲပါတော့တယ်။ အနာဂတ်အတွက် ပြိုင်ဘက်တွေကို ဉာဏ်ချင်းပြိုင် တိုက်ခိုက်ရင်း ရဲတွေရဲ့ မသင်္ကာမှုနဲ့ ရန်သူတွေရဲ့ ထောင်ချောက်ကြားထဲ ဘဝပျက်မတတ် တန်ပြန်ပွဲကြမ်း ကြုံတွေ့ကြရပါတော့တယ်။

ဒါရိုက်တာ Park Chan-wook ရဲ့ လက်ရာဖြစ်ပြီး မင်းသားကြီး Lee Byung-hun နဲ့ Son Ye-jin တို့ရဲ့ သရုပ်ဆောင်ချက်တွေ၊ ခပ်မှောင်မှောင် Visual တွေနဲ့ စမတ်ကျကျ Dialogue အပြောအဆိုတွေက တကယ့်ကို ရင်ဖိုစရာ ဖမ်းစားထားတာပါ။ Dark Comedy နဲ့ Thriller အကွက်တွေကိုမှ ကြိုက်နှစ်သက်သူတွေ လုံးဝ လက်မလွှတ်သင့်တဲ့ ရုပ်ရှင်ကားကြီးပဲ ဖြစ်ပါတယ်။

Be the first to review “No Other Choice”

Your email address will not be published. Required fields are marked *

There are no reviews yet.

Share

Movies
Tv Shows
Videos
Search