Movies

Filters
Showing all 7 results
Ghajini
2008
186 min
အိန္ဒိယရုပ်ရှင်လောကမှာ ပထမဆုံးအကြိမ် ကူရူပီ ၁ ဘီလီယံ (၁၀၀ ကုဋေ) ကလပ်ဝင်ခဲ့တဲ့ စံချိန်တင် ရုပ်ရှင်ကောင်းတစ်ကားဖြစ်ပြီး… ချစ်သူမိန်းကလေးကို ရက်ရက်စက်စက် သတ်ဖြတ်သွားတဲ့ မြေအောက်ဂိုဏ်းချုပ်ကြီးကို မေ့လွယ်တဲ့ရောဂါကြားကနေ သွေးအေးအေးနဲ့ အကွက်စိပ်စိပ် ပြန်လည်ကလဲ့စားချေတဲ့ ဇာတ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ အိန္ဒိယရဲ့ ထိပ်တန်းဆက်သွယ်ရေး ကုမ္ပဏီပိုင်ရှင် ဘီလီယံနာသူဌေးကြီး စန်ဂျေး ဆင်ဂါနီယာ (Aamir Khan) နဲ့ စိတ်သဘောထားပြည့်ဝပြီး ချစ်စရာကောင်းတဲ့ မော်ဒယ်လ်မလေး ကီလ်ပနာ (Asin) တို့ရဲ့ မထင်မှတ်ဘဲ ဆုံတွေ့မိကြတဲ့ အချစ်ဇာတ်လမ်းလေးကနေ စတင်ထားပါတယ်။ ဒါပေမဲ့ ကီလ်ပနာဟာ လူကုန်ကူးတဲ့ မြေအောက်ဂိုဏ်းကြီးတစ်ခုရဲ့ မျက်နှာဖုံးစွပ် လျှို့ဝှက်ချက်တွေကို ဉာဏ်ကစားပြီး ဝင်မွှေမိရာကနေ… ဂိုဏ်းခေါင်းဆောင် ဂါဂျီနီ ရဲ့ ရက်စက်စွာ သတ်ဖြတ်ခြင်းကို ခံလိုက်ရပါတော့တယ်။ စန်ဂျေးဟာလည်း […]
hi
Ghajini
Thirst
2009
134 min
သာမန်သွေးစုပ်ဖုတ်ကောင်ရုပ်ရှင်တွေနဲ့မတူဘဲ စိတ်လှုပ်ရှားမှု၊ အချစ်နဲ့ လူသားဆန်မှုတို့ကြားက ပဋိပက္ခကို ထူးထူးခြားခြား ပုံဖော်ထားတဲ့ တောင်ကိုရီးယား ရုပ်ရှင်ကားကြီး ဖြစ်ပါတယ်။ ဆေးဘက်ဆိုင်ရာ စမ်းသပ်မှုတစ်ခုကြောင့် မတော်တဆ သွေးစုပ်ဖုတ်ကောင် ဖြစ်သွားရတဲ့ ကိုယ်ကျင့်တရား ကောင်းမွန်လွန်းတဲ့ ခရစ်ယာန် ဘုန်းတော်ကြီးတစ်ပါးရဲ့ ဘဝကို ရိုက်ကူးထားတာပါ။ မိမိရဲ့ ယုံကြည်ချက်နဲ့ သွေးဆာနေတဲ့ ဗီဇတို့ကြားမှာ အသည်းအသန် ရုန်းကန်ရပုံတွေ၊ ပြီးတော့ မသင့်တော်တဲ့ အချစ်ဇာတ်လမ်းထဲမှာ နစ်မွန်းသွားပုံတွေကို ဒါရိုက်တာ Park Chan-wook က ပြောင်မြောက်လှတဲ့ အနုပညာလက်ရာတွေနဲ့ တင်ဆက်ထားပါတယ်။ မင်းသားကြီး Song Kang-ho ရဲ့ ပြိုင်ဘက်ကင်းတဲ့ သရုပ်ဆောင်ချက်တွေက ဇာတ်လမ်းကို ပိုပြီးလေးနက်စေသလို၊ ရုပ်ရှင်တစ်ကားလုံးမှာ လွှမ်းမိုးထားတဲ့ အမှောင်ဘက်ခြမ်း ခံစားချက်တွေက သင့်ကို ရင်ဖိုထိတ်လန့်စေမှာပါ။ ဆန်းသစ်တဲ့ ဇာတ်လမ်းသွားနဲ့ ရင်နင့်စရာ […]
ko
Thirst
The Ugly Truth
2009
96 min
အချစ်ရေးမှာ လက်တွေ့ဆန်လွန်းတဲ့ အမျိုးသားတစ်ယောက်နဲ့ စိတ်ကူးယဉ်ဆန်လွန်းတဲ့ အမျိုးသမီးတစ်ယောက်တို့ရဲ့ အားပြိုင်မှုကို The Ugly Truth မှာ ရယ်မောပျော်ရွှင်စွာ ကြည့်ရှုရမှာပါ။ တီဗီပရိုဂရမ် ထုတ်လုပ်သူ Abby ဟာ သူမရဲ့ အချစ်ရေးမှာ အောင်မြင်ဖို့အတွက် အချစ်နဲ့ပတ်သက်ရင် ပွင့်လင်းလွန်းပြီး ဖောက်ထွက်တွေးခေါ်တတ်တဲ့ Mike ရဲ့ အကြံဉာဏ်တွေကို ယူရာကနေ မမျှော်လင့်ထားတဲ့ အရှုပ်အထွေးတွေ ဖြစ်လာပုံကို ဟာသနှောပြီး ရိုက်ကူးထားတာပါ။ ဒီဇာတ်ကားဟာ ယောင်္ကျားနဲ့ မိန်းမတို့ရဲ့ အချစ်အပေါ် ထားရှိတဲ့ မတူညီတဲ့ အမြင်တွေကို ပတ်ပတ်စက်စက်နဲ့ ရိုးရိုးသားသား ဖော်ပြထားလို့ ရယ်လည်းရယ်ရသလို ရင်လည်းခုန်ရပါတယ်။ အပန်းဖြေရင်း ခေါင်းထဲပေါ့ပေါ့ပါးပါးနဲ့ စွဲကျန်နေမယ့် Romantic Comedy ကားကောင်းတစ်ကား ရှာနေတယ်ဆိုရင်တော့ ဒါဟာ အသင့်တော်ဆုံး ရွေးချယ်မှုပါပဲ။
en
The Ugly Truth
You Don’t Mess with the Zohan
2008
113 min
အစ္စရေးရဲ့ အတော်ဆုံး အကြမ်းဖက်နှိမ်နင်းရေး စစ်သားကြီး Zohan ဆိုရင် ရန်သူတွေတင်မကဘဲ ကျည်ဆန်တွေတောင် ကြောက်ရတဲ့သူပါ ဒါပေမဲ့ သူ့ရဲ့ ရင်ဘတ်ထဲက တကယ့်အိမ်မက်ကတော့ ရန်သူကို သတ်ဖို့မဟုတ်ဘဲ… လူတွေကို ဆံပင်ညှပ်ပေးပြီး လှပအောင် ပြင်ပေးဖို့ပါပဲ! စစ်တိုက်ရတာ ငြီးငွေ့လာတဲ့ Zohan ဟာ သူ့အိမ်မက်နောက်ကို လိုက်ဖို့အတွက် “ကိုယ့်ကိုယ်ကိုယ် သေချင်ယောင်ဆောင်” ပြီး New York ကို ခိုးထွက်ခဲ့ပါတယ် အမည်ဝှက်တစ်ခုနဲ့ ဆံပင်ညှပ်ဆိုင်မှာ အလုပ်ဝင်ရင်း သူကိုယ်တိုင်တောင် မသိလိုက်ဘဲ Manhattan ရဲ့ နာမည်ကြီး “Sexy ဆံပင်ညှပ်ဆရာ” အဖြစ်နာမည်ကြီးပြီး ရန်သူတွေက သူမသေသေးဘူးဆိုတာသိသွားတဲ့အခါမှာတော့
en
You Don’t Mess with the Zohan
Rambo
2008
92 min
ဒီဇာတ်ကားဟာ Rambo စီးရီးတွေထဲမှာ ပရိသတ်အကြိုက်ဆုံးနဲ့ အကြမ်းဆုံးကားလို့ ပြောရင် မမှားပါဘူး။ ၈၈ အရေးခင်းကာလ မြန်မာနိုင်ငံရဲ့ နယ်စပ်ဒေသက စစ်ပွဲတွေအကြောင်းကိုကျောရိုးပေးပြီးရိုက်ကူးထားတာမို့ ကျွန်တော်တို့နဲ့ ရင်းနှီးသလို ခံစားရစေမှာပါ။ ဗီယက်နမ်စစ်ပြန်ကြီး John Rambo ဟာ အတိတ်က နာကျင်စရာတွေကို မေ့ပစ်ဖို့ ကြိုးစားရင်း ထိုင်း-မြန်မာနယ်စပ်က သံလွင်မြစ်ကမ်းနားမှာ မြွေဖမ်းလိုက်၊ လှေငှားလိုက်နဲ့ အေးအေးဆေးဆေး နေထိုင်နေပါတယ်။ တစ်နေ့မှာတော့ အမေရိကန်က ခရစ်ယာန်သာသနာပြုအဖွဲ့တစ်ဖွဲ့ ရောက်လာပြီး စစ်ဘေးသင့်နေတဲ့ မြန်မာပြည်တွင်းက ကရင်ရွာလေးတွေကို ဆေးဝါးနဲ့ အစားအသောက် သွားရောက်လှူဒါန်းဖို့ လမ်းပြအဖြစ် လိုက်ပို့ပေးဖို့ အကူအညီတောင်းပါတယ်။ Rambo က ပထမတော့ ငြင်းဆိုခဲ့ပေမဲ့ သာသနာပြုအဖွဲ့ထဲက Sarah ဆိုတဲ့ အမျိုးသမီးလေးရဲ့ တောင်းဆိုမှုကြောင့် နောက်ဆုံးမှာတော့ သံလွင်မြစ်ကြောင်းအတိုင်း လိုက်ပို့ပေးခဲ့ပါတယ်။ သာသနာပြုအဖွဲ့ဟာ […]
en
Rambo
G.I. Joe: The Rise of Cobra
2009
118 min
အရာအားလုံးကို ဝါးမျိုဖျက်ဆီးနိုင်တဲ့ “Nanomite” လို့ခေါ်တဲ့ နည်းပညာမြင့် ထိပ်ဖူးတွေကို လက်နက်ပွဲစားကြီး Destro နဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ Cobra အဖွဲ့ကြီးက ခိုးယူသွားရာကနေ စတင်ပါတယ်။ သူတို့ရဲ့ ရည်ရွယ်ချက်က ကမ္ဘာ့အဓိကမြို့ကြီးတွေကို ဖျက်ဆီးပြီး ကမ္ဘာကြီးကို အကြောက်တရားနဲ့ အုပ်ချုပ်ဖို့ပါ။ ဒါကို တားဆီးဖို့အတွက် ကမ္ဘာ့အရပ်ရပ်က အတော်ဆုံးစစ်သည်တွေကို စုစည်းထားတဲ့ G.I. JOE အထူးတပ်ဖွဲ့ကြီးက ခေတ်ရှေ့ပြေး နည်းပညာတွေ၊ အမိုက်စား စစ်လက်နက်တွေနဲ့ လိုက်လံတားဆီးမှာကို ရင်သပ်ရှုမောဖွယ်ကြည့်ရှုရမယ့် အမိုက်စားအက်ရှင်ကားလေးပါ
en
G.I. Joe: The Rise of Cobra
Doctor Dolittle
1998
85 min
ဒေါက်တာ ဂျွန် ဒူးလစ်တဲလ် (John Dolittle) ဆိုတာ အောင်မြင်ကျော်ကြားတဲ့ ဆရာဝန်တစ်ဦးဖြစ်သလို ချစ်စရာကောင်းတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားသူပါ။ သူ့ဘဝက အရာရာ အဆင်ပြေချောမွေ့နေခဲ့ပေမဲ့… သူငယ်ငယ်ကတည်းက ဖျောက်ဖျက်ထားခဲ့တဲ့ “ထူးခြားဆန်းပြားတဲ့ ပါရမီ” တစ်ခု ရုတ်တရက် ပြန်နိုးထလာတဲ့အခါမှာတော့ အရာအားလုံး ပြောင်းလဲသွားပါတော့တယ်။ အဲဒီပါရမီကတော့… “တိရစ္ဆာန်တွေနဲ့ စကားပြောနိုင်တာ” ပါပဲ! ဒါကို တိရစ္ဆာန်တွေသိသွားတဲ့အခါမှာတော့ ခွေး၊ ကြောင်၊ ငှက်ကအစ လမ်းဘေးက ကြွက်တွေအထိ ဒေါက်တာ့ဆီကို အကြံဉာဏ်တောင်းဖို့ တန်းစီရောက်လာကြပါတယ်။ တိရစ္ဆာန်တွေရဲ့ ရယ်စရာကောင်းတဲ့ ပြဿနာတွေကို ဒေါက်တာဂျွန် ဒူးလစ်တဲလ်ကြီး ဘယ်လိုဖြေရှင်းပေးမလဲဆိုတာ ရယ်မောရင်းကြည့်ရှုရမှာပဲဖြစ်ပါတယ်
en
Doctor Dolittle
Movies
Tv Shows
Videos
Search