Filters
Showing all 7 results
Thirst
2009
134 min
သာမန်သွေးစုပ်ဖုတ်ကောင်ရုပ်ရှင်တွေနဲ့မတူဘဲ စိတ်လှုပ်ရှားမှု၊ အချစ်နဲ့ လူသားဆန်မှုတို့ကြားက ပဋိပက္ခကို ထူးထူးခြားခြား ပုံဖော်ထားတဲ့ တောင်ကိုရီးယား ရုပ်ရှင်ကားကြီး ဖြစ်ပါတယ်။ ဆေးဘက်ဆိုင်ရာ စမ်းသပ်မှုတစ်ခုကြောင့် မတော်တဆ သွေးစုပ်ဖုတ်ကောင် ဖြစ်သွားရတဲ့ ကိုယ်ကျင့်တရား ကောင်းမွန်လွန်းတဲ့ ခရစ်ယာန် ဘုန်းတော်ကြီးတစ်ပါးရဲ့ ဘဝကို ရိုက်ကူးထားတာပါ။ မိမိရဲ့ ယုံကြည်ချက်နဲ့ သွေးဆာနေတဲ့ ဗီဇတို့ကြားမှာ အသည်းအသန် ရုန်းကန်ရပုံတွေ၊ ပြီးတော့ မသင့်တော်တဲ့ အချစ်ဇာတ်လမ်းထဲမှာ နစ်မွန်းသွားပုံတွေကို ဒါရိုက်တာ Park Chan-wook က ပြောင်မြောက်လှတဲ့ အနုပညာလက်ရာတွေနဲ့ တင်ဆက်ထားပါတယ်။ မင်းသားကြီး Song Kang-ho ရဲ့ ပြိုင်ဘက်ကင်းတဲ့ သရုပ်ဆောင်ချက်တွေက ဇာတ်လမ်းကို ပိုပြီးလေးနက်စေသလို၊ ရုပ်ရှင်တစ်ကားလုံးမှာ လွှမ်းမိုးထားတဲ့ အမှောင်ဘက်ခြမ်း ခံစားချက်တွေက သင့်ကို ရင်ဖိုထိတ်လန့်စေမှာပါ။ ဆန်းသစ်တဲ့ ဇာတ်လမ်းသွားနဲ့ ရင်နင့်စရာ […]
ko
Thirst
The Ugly Truth
2009
96 min
အချစ်ရေးမှာ လက်တွေ့ဆန်လွန်းတဲ့ အမျိုးသားတစ်ယောက်နဲ့ စိတ်ကူးယဉ်ဆန်လွန်းတဲ့ အမျိုးသမီးတစ်ယောက်တို့ရဲ့ အားပြိုင်မှုကို The Ugly Truth မှာ ရယ်မောပျော်ရွှင်စွာ ကြည့်ရှုရမှာပါ။ တီဗီပရိုဂရမ် ထုတ်လုပ်သူ Abby ဟာ သူမရဲ့ အချစ်ရေးမှာ အောင်မြင်ဖို့အတွက် အချစ်နဲ့ပတ်သက်ရင် ပွင့်လင်းလွန်းပြီး ဖောက်ထွက်တွေးခေါ်တတ်တဲ့ Mike ရဲ့ အကြံဉာဏ်တွေကို ယူရာကနေ မမျှော်လင့်ထားတဲ့ အရှုပ်အထွေးတွေ ဖြစ်လာပုံကို ဟာသနှောပြီး ရိုက်ကူးထားတာပါ။ ဒီဇာတ်ကားဟာ ယောင်္ကျားနဲ့ မိန်းမတို့ရဲ့ အချစ်အပေါ် ထားရှိတဲ့ မတူညီတဲ့ အမြင်တွေကို ပတ်ပတ်စက်စက်နဲ့ ရိုးရိုးသားသား ဖော်ပြထားလို့ ရယ်လည်းရယ်ရသလို ရင်လည်းခုန်ရပါတယ်။ အပန်းဖြေရင်း ခေါင်းထဲပေါ့ပေါ့ပါးပါးနဲ့ စွဲကျန်နေမယ့် Romantic Comedy ကားကောင်းတစ်ကား ရှာနေတယ်ဆိုရင်တော့ ဒါဟာ အသင့်တော်ဆုံး ရွေးချယ်မှုပါပဲ။
en
The Ugly Truth
Hall Pass
2011
105 min
Rick နဲ့ Fred ဆိုတဲ့ သူငယ်ချင်းနှစ်ယောက်ဟာ အိမ်ထောင်ကျတာ ကြာလာတာနဲ့အမျှ အပြင်က မိန်းမလှလေးတွေကို ငေးမောကြည့်ရှုရင်း အိမ်ထောင်ရေးမှာ စိတ်မပါသလို ဖြစ်လာကြပါတယ်။ ဒါကို သတိထားမိတဲ့ သူတို့ရဲ့ ဇနီးသည်တွေက ထူးထူးခြားခြား အစီအစဉ်တစ်ခု ချပေးလိုက်ပါတယ်။ အဲ့ဒါကတော့ တစ်ပတ်တိတိ သူတို့ဘာလုပ်လုပ် ခွင့်လွှတ်ပေးမယ့် ‘Hall Pass’ (လွတ်လပ်ခွင့်လက်မှတ်) ပဲ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ကတော့ လူပျိုဘဝတုန်းကလို ပျော်ရပါးရတော့မယ်ဆိုပြီး အရမ်းကို တက်ကြွနေကြတာပါ။ ဒါပေမဲ့ တကယ်တမ်း လက်တွေ့မှာတော့ သူတို့ထင်သလို ဖြစ်မလာဘဲ အသက်အရွယ်အရ ပြောင်းလဲသွားတဲ့ ခေတ်ရေစီးကြောင်းတွေကြားမှာ ဘယ်လိုတွေ အလွဲအချော်တွေနဲ့ပဲ ရင်ဆိုင်ပြီး ရှယ်ခွီးရမလဲဆိုတာ..
en
Hall Pass
G.I. Joe: The Rise of Cobra
2009
118 min
အရာအားလုံးကို ဝါးမျိုဖျက်ဆီးနိုင်တဲ့ “Nanomite” လို့ခေါ်တဲ့ နည်းပညာမြင့် ထိပ်ဖူးတွေကို လက်နက်ပွဲစားကြီး Destro နဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ Cobra အဖွဲ့ကြီးက ခိုးယူသွားရာကနေ စတင်ပါတယ်။ သူတို့ရဲ့ ရည်ရွယ်ချက်က ကမ္ဘာ့အဓိကမြို့ကြီးတွေကို ဖျက်ဆီးပြီး ကမ္ဘာကြီးကို အကြောက်တရားနဲ့ အုပ်ချုပ်ဖို့ပါ။ ဒါကို တားဆီးဖို့အတွက် ကမ္ဘာ့အရပ်ရပ်က အတော်ဆုံးစစ်သည်တွေကို စုစည်းထားတဲ့ G.I. JOE အထူးတပ်ဖွဲ့ကြီးက ခေတ်ရှေ့ပြေး နည်းပညာတွေ၊ အမိုက်စား စစ်လက်နက်တွေနဲ့ လိုက်လံတားဆီးမှာကို ရင်သပ်ရှုမောဖွယ်ကြည့်ရှုရမယ့် အမိုက်စားအက်ရှင်ကားလေးပါ
en
G.I. Joe: The Rise of Cobra
Doctor Dolittle
1998
85 min
ဒေါက်တာ ဂျွန် ဒူးလစ်တဲလ် (John Dolittle) ဆိုတာ အောင်မြင်ကျော်ကြားတဲ့ ဆရာဝန်တစ်ဦးဖြစ်သလို ချစ်စရာကောင်းတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားသူပါ။ သူ့ဘဝက အရာရာ အဆင်ပြေချောမွေ့နေခဲ့ပေမဲ့… သူငယ်ငယ်ကတည်းက ဖျောက်ဖျက်ထားခဲ့တဲ့ “ထူးခြားဆန်းပြားတဲ့ ပါရမီ” တစ်ခု ရုတ်တရက် ပြန်နိုးထလာတဲ့အခါမှာတော့ အရာအားလုံး ပြောင်းလဲသွားပါတော့တယ်။ အဲဒီပါရမီကတော့… “တိရစ္ဆာန်တွေနဲ့ စကားပြောနိုင်တာ” ပါပဲ! ဒါကို တိရစ္ဆာန်တွေသိသွားတဲ့အခါမှာတော့ ခွေး၊ ကြောင်၊ ငှက်ကအစ လမ်းဘေးက ကြွက်တွေအထိ ဒေါက်တာ့ဆီကို အကြံဉာဏ်တောင်းဖို့ တန်းစီရောက်လာကြပါတယ်။ တိရစ္ဆာန်တွေရဲ့ ရယ်စရာကောင်းတဲ့ ပြဿနာတွေကို ဒေါက်တာဂျွန် ဒူးလစ်တဲလ်ကြီး ဘယ်လိုဖြေရှင်းပေးမလဲဆိုတာ ရယ်မောရင်းကြည့်ရှုရမှာပဲဖြစ်ပါတယ်
en
Doctor Dolittle
Big Momma’s House
2000
98 min
FBI အေးဂျင့် မယ်လ်ကွန် (Malcolm) ဆိုတာ ရုပ်ဖျက်ရမှာ ဆရာတစ်ဆူပါ။ တစ်နေ့မှာတော့ ထောင်ပြေးတစ်ယောက်ရဲ့ ရည်းစားဟောင်းနဲ့ ကလေးကို စောင့်ကြည့်ဖို့ ထောင်ပြေးရည်းစားဟောင်းရဲ့ အဖွားအိမ်ကို စေလွတ်ခြင်းခံခဲ့ရပါတယ် စောင့်ကြည့်နေတုန်းအဖွားကြီးခရီးသွားတာကို အခွင့်ကောင်းယူပြီး အဖွားကြီးလို ရုပ်ဖျက်ကာ ထောင်ပြေးကိုစောင့်ဖမ်းမှာကို ကြည့်ရှုရမယ့် ဟာသကားလေးပဲဖြစ်ပါတယ်
en
Big Momma’s House
Clash of the Titans
2010
106 min
နတ်ဘုရားတစ်ပါးရဲ့ သွေးပါပေမဲ့ လူသားတစ်ယောက်လို ကြီးပြင်းခဲ့ရတဲ့ ပါးစီးယပ်စ် (Perseus) ဟာ သူ့မိသားစုကို ရက်ရက်စက်စက် သတ်ဖြတ်သွားတဲ့ ငရဲပြည်အရှင်သခင် ဟေးဒီးစ် (Hades) ကို လက်စားချေဖို့ တစ်ကမ္ဘာလုံးကို ငရဲပြည်အဖြစ် ပြောင်းလဲပစ်မယ့် ဟေးဒီးစ်ရဲ့ အစီအစဉ်ကို တားဆီးဖို့နဲ့ နတ်မင်းကြီး ဇု (Zeus) ရဲ့ ပလ္လင်ကို ကာကွယ်ဖို့အတွက် လျှောက်လှမ်းမယ့် သေမင်းတမန် ခရီးကြမ်း အကြောင်းကို ကြည့်ရှုရမှာပဲဖြစ်ပါတယ် ကြည့်နေရင်းနဲ့တင် ကျောချမ်းသွားစေမယ့် မြွေခေါင်းနဲ့ မက်ဒူဆာ (Medusa)၊ ကင်းမြီးကောက်ကြီးတွေနဲ့ မြို့တစ်မြို့လုံးကို ဝါးမျိုနိုင်တဲ့ ပင်လယ်နဂါးကြီး ခရာကန် (Kraken) တို့ရဲ့ တိုက်ခိုက်မှုတွေကို အမိုက်စား CGI တွေနဲ့ မြင်တွေ့ရမှာပါ
en
