Filters
Showing all 6 results
Creation of the Gods II: Demon Force
2025
145 min
ပထမအပိုင်းရဲ့ အောင်မြင်မှုနောက်မှာ ပိုမိုကျယ်ပြန့်လာတဲ့ ဇာတ်ကောင်စုံလင်မှု၊ ဟောလီဝုဒ်အဆင့်မီ ကွန်ပျူတာ Visual Effects တွေနဲ့အတူ ဒဏ္ဍာရီလာ စစ်ပွဲကြီးတွေကို အားရပါးရ ပွဲကြမ်းထားတဲ့ Mythological Fantasy Epic ရုပ်ရှင်ကြီး ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ရှန်မင်းဆက်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ အာဏာရှင် ယင်ရှို နဲ့ မြေခွေးနတ်ဆိုးမ ဒါကျီ တို့ရဲ့ အမှောင်ထုစစ်တပ်ကြီးကို ဖြိုခွဲဖို့အတွက် အနောက်ဘက်စစ်သူကြီး ဂျီဖာ (Ji Fa) နဲ့ နတ်ဘုရား ဂျန်းဇီယာ (Jiang Ziya) တို့ ဦးဆောင်တဲ့ တော်လှန်ရေးစစ်တပ်ကြီး စတင်ချီတက်ရာကနေ အစပျိုးထားပါတယ်။ ဒီအပိုင်းမှာတော့ နတ်ဆိုးဘုရင်ဘက်ကလည်း ပိုမိုစွမ်းအားကြီးတဲ့ နတ်ဆိုးဆရာတွေ၊ ဒဏ္ဍာရီလာ သတ္တဝါကြီးတွေကို အသုံးပြုပြီး တားဆီးဖို့ ကြိုးစားလာတဲ့အတွက် နတ်ဘုရားလောကနဲ့ နတ်ဆိုးလောကကြား ကမ္ဘာပျက်မတတ် […]
zh
Creation of the Gods II: Demon Force
Dust Bunny
2025
106 min
“ကုတင်အောက်က မိသားစုကို ဝါးမြိုသွားတဲ့ သရဲဘီလူးကြီးကို သတ်ပေးဖို့… အသက် ၈ နှစ်အရွယ် မိန်းကလေးလေးက ဘေးအိမ်က ကြေးစားလူသတ်သမားကြီးကို ငှားရမ်းလိုက်တဲ့အခါ…”။ နာမည်ကြီး Hannibal ဇာတ်လမ်းတွဲရဲ့ ဒါရိုက်တာ Bryan Fuller ဖန်တီးထားပြီး ကမ္ဘာကျော် မင်းသားကြီး Mads Mikkelsen နဲ့ မင်းသမီးကြီး Sigourney Weaver တို့ ပါဝင်ပူးပေါင်းထားတဲ့ အမိုက်စား Dark Fantasy Horror-Thriller ရုပ်ရှင်ကားသစ်ကြီး ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ နယူးယောက်မြို့က အသက် ၈ နှစ်အရွယ် အော်ရိုရာ (Aurora) ဆိုတဲ့ ကောင်မလေးဟာ သူ့မိသားစုတစ်ခုလုံး ကုတင်အောက်က ကြောက်စရာ သရဲဘီလူးကြီး (Dust Bunny) ရဲ့ ဝါးမြိုခြင်းကို ခံလိုက်ရတယ်လို့ ယုံကြည်နေပါတယ်။ အဲဒါကြောင့် […]
en
Dust Bunny
Avatar: Fire and Ash
2025
198 min
ဒါရိုက်တာ James Cameron ရဲ့ ပန်ဒိုရာ (Pandora) ကမ္ဘာဆီသို့ တတိယမြောက် ခရီးစဉ်ဟာ ပိုမိုမှောင်မိုက်ပြီး စိတ်လှုပ်ရှားစရာ ကောင်းလာပါပြီ။ ဒီတစ်ခေါက်မှာတော့ အပြာရောင် Na’vi မျိုးနွယ်စုတွေတင်မကဘဲ ပြာပူတွေနဲ့ မီးတောင်ဒေသမှာ နေထိုင်ပြီး ရန်လိုလောဘကြီးတဲ့ “Ash People” (ပြာမျိုးနွယ်စု) တွေနဲ့ ရင်ဆိုင်ရမှာဖြစ်လို့ Na’vi ချင်း အချင်းချင်း အကြိတ်အနယ် တိုက်ခိုက်ကြမယ့် စစ်ပွဲကြီးကို မြင်တွေ့ရမှာပါ။ ကမ္ဘာကျော် ရုပ်ထွက် Effects အလန်းစားတွေ၊ အသစ်အဆန်း သတ္တဝါတွေနဲ့အတူ ပန်ဒိုရာရဲ့ မတူညီတဲ့ အမှောင်ဘက်ခြမ်း ယဉ်ကျေးမှုကို ကမ္ဘာ့အဆင့်မီ Visual Magic နဲ့ ကြည့်ရှုရမှာဖြစ်လို့ ရုပ်ရှင်ချစ်သူတိုင်း မဖြစ်မနေ ရုံတင်ကြည့်ရမယ့် Sci-Fi Epic ပြဇာတ်ကြီးပဲ ဖြစ်ပါတယ်။
en
Avatar: Fire and Ash
Gods of Egypt
2016
127 min
ရှေးဟောင်းအီဂျစ်ဒဏ္ဍာရီလာ နတ်ဘုရားတွေရဲ့ အာဏာလုပွဲနဲ့ စွန့်စားခန်းတွေကို ကြီးကျယ်ခမ်းနားတဲ့ Visual Effects တွေနဲ့ ပုံဖော်ထားတဲ့ အက်ရှင် Fantasy ကားကြီးပါ။ ရက်စက်တဲ့ အမှောင်ထုနတ်ဘုရား Set က ထီးနန်းကို အဓမ္မသိမ်းပိုက်လိုက်တဲ့အခါမှာတော့ နုပျိုတဲ့ နတ်ဘုရား Horus ဟာ လူသားသူခိုးလေးတစ်ယောက်နဲ့ ပူးပေါင်းပြီး တိုင်းပြည်ကို ပြန်လည်ကယ်တင်ဖို့ ကြိုးစားရပုံကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ရွှေရောင်တောက်ပတဲ့ နတ်ဘုရားတွေရဲ့ တိုက်ပွဲတွေ၊ ထူးဆန်းတဲ့ သတ္တဝါကြီးတွေနဲ့ ရင်သပ်ရှုမောဖွယ် နန်းတော်ကြီးတွေကို အားရစရာ မြင်တွေ့ရမှာပါ။ ဒဏ္ဍာရီဆန်ဆန် အက်ရှင်ကားတွေကိုမှ တစ်ကားလုံး ရွှေရောင်တဝင်းဝင်းနဲ့ အမိုက်စား CGI တွေ ကြည့်ချင်သူတွေအတွက်တော့ အပြတ်အသတ် သဘောကျစေမယ့် ရုပ်ရှင်ကောင်းတစ်ကားပဲ ဖြစ်ပါတယ်။
en
Gods of Egypt
Dracula
2025
130 min
၁၅ ရာစုနှောင်းပိုင်း အရှေ့ဥရောပရဲ့ သမိုင်းစာမျက်နှာတွေမှာ မင်းသား ဗလက် (Prince Vlad II) ဟာ ရဲရင့်တဲ့ စစ်သည်တော်တစ်ဦးပါ ဒါပေမဲ့ သူအရမ်းချစ်ရတဲ့ ကြင်ယာတော်ဟာ ရက်ရက်စက်စက် သတ်ဖြတ်ခံလိုက်ရတဲ့အခါမှာတော့ သူ့ရဲ့ လောကကြီးအပေါ် ထားရှိတဲ့ မေတ္တာတွေဟာ အမုန်းတရားအဖြစ် ပြောင်းလဲသွားခဲ့ပါတယ် သူဟာ ဘုရားသခင်ကို စွန့်လွှတ်ကြောင်း ကြေညာပြီး ကောင်းကင်ဘုံကို ကျိန်ဆဲခဲ့တဲ့အတွက် ထာဝရအသက်ရှင်ခြင်း ကျိန်စာသင့်ကာ ဒရာကူလာ (Dracula) ဆိုတဲ့ နာမည်နဲ့ မသေမျိုး သွေးစုပ်ဖုတ်ကောင်အဖြစ် ပြန်လည်မွေးဖွားလာခဲ့ပါတယ် ဒီကားဟာ သာမန် သရဲကားမျိုးမဟုတ်ဘဲ “Gothic Romance” အမျိုးအစားဖြစ်ပါတယ် “အချစ်အတွက်ဆိုရင် ငရဲပြည်အထိ ဆင်းရဲခံမယ်” ဆိုတဲ့ အယူအဆကို အမိုက်စား ရိုက်ပြထားတာပါ သွေးစုပ်ဖုတ်ကောင် ဇာတ်လမ်းတွေထဲမှာ အနှစ်သာရအရှိဆုံးနဲ့ အလှပဆုံး […]
fr
Dracula
Frankenstein
2025
150 min
Frankenstein (သို့) ဘုရားနေရာကို လုယူဖို့ ကြိုးစားခဲ့တဲ့ သိပ္ပံပညာရှင်, လူတစ်ယောက်က သေခြင်းတရားကို အနိုင်ယူပြီး “အသက်” တစ်ခုကို ကိုယ်တိုင် ဖန်တီးနိုင်ခဲ့ရင် ဘာဖြစ်မလဲ? ဒေါက်တာ ဗစ်တာ ဖရန်ကင်စတိုင်း ဆိုတာ ဉာဏ်ကြီးရှင်တစ်ယောက်ဖြစ်သလို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလွန်ကဲနေတဲ့ သိပ္ပံပညာရှင်တစ်ဦးပါ။ သူဟာ သေဆုံးပြီးသား အလောင်းတွေကို အပိုင်းပိုင်းဖြတ်တောက်၊ ပြန်လည်စုစည်းပြီး လူသားတွေ မလုပ်ဖူးသေးတဲ့ “သက်ရှိဖန်တီးခြင်း” စမ်းသပ်မှုကို အောင်မြင်အောင် လုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမဲ့… သူမျှော်လင့်ထားတဲ့ “နတ်သားလေး” ပေါ်မလာဘဲ ကြောက်မက်ဖွယ်ကောင်းတဲ့ “သတ္တဝါကြီး” တစ်ကောင် ပေါ်ထွက်လာတဲ့အခါမှာတော့… ဒီဂန္ထဝင်ဇာတ်လမ်းဟာ အသည်းယားစရာ သရဲကားတစ်ကားထက် ပိုပါတယ်။ လူသားတွေရဲ့ လောဘနဲ့ အထီးကျန်မှုအကြောင်းကို အကောင်းဆုံး ပုံဖော်ထားတဲ့ကားလေးမို့ ကြည့်ရှုခံစားသွားကြပါအုန်း
en
