Filters
Showing all 4 results
Us
2019
116 min
သာမန် သရဲကားမျိုး မဟုတ်ဘဲ… မိမိတို့နဲ့ ရုပ်ရည်၊ ခန္ဓာကိုယ်၊ အမူအရာ လုံးဝတူညီပေမယ့် စိတ္တဇဆန်ပြီး ရက်စက်လှတဲ့ အရိပ်ဆိုး Doppelgänger (“The Tethered”) အမွှာတွေရဲ့ လျှို့ဝှက်ဆန်းကြယ် တန်ပြန်တိုက်စစ်ဆင်မှုကို ရင်တမတမ ပုံဖော်ထားတဲ့ ရုပ်ရှင်ကောင်းတစ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ငယ်စဉ်က ကမ်းခြေနားက မှန်ပြခန်းတစ်ခုထဲမှာ မိမိနဲ့ ပုံစံတူ မိန်းကလေးတစ်ဦးကို တွေ့ရှိခဲ့ရတဲ့ စိတ်ဒဏ်ရာရှိသူ အက်ဒီလိုင်း – Adelaide (Lupita Nyong’o) အကြောင်းကနေ စတင်ထားပါတယ်။ နှစ်ပေါင်းများစွာ ကြာပြီးနောက်မှာတော့ သူမဟာ ခင်ပွန်းဖြစ်သူ ဂေးဘရီယယ်နဲ့ ကလေးနှစ်ယောက်ကို ခေါ်ဆောင်ပြီး အဆိုပါ ကမ်းခြေအိမ်လေးဆီ အပန်းဖြေဖို့ ရောက်ရှိလာခဲ့ပါတယ်။ ဒါပေမဲ့ ညဘက်ရောက်တဲ့အခါ အိမ်ရှေ့မီးရောင်အောက်မှာ သူတို့မိသားစု ၄ ယောက်နဲ့ ရုပ်ရည်၊ […]
en
Us
Metamorphosis
2019
113 min
ဒီကားက သာမန်သရဲကားတွေလို ခြောက်လှန့်ရုံတင်မဟုတ်ဘဲ၊ ကိုယ့်ဘေးနားက အရင်းနှီးဆုံးမိသားစုဝင်တွေက ကိုယ့်ကိုသတ်မယ့်သူ ဖြစ်နေမလားဆိုတဲ့ Psychological Horror ကို အကောင်းဆုံးပုံဖော်ထားတာပါ မျက်နှာပြောင်းလဲတတ်တဲ့ ဝိညာဉ်ဆိုးက မိသားစုတစ်ခုလုံးကို အချင်းချင်း သံသယဝင်အောင် သွေးထိုးလှုံ့ဆော်ရင်း၊ ညီအစ်ကိုနှစ်ဦးကြားက သံယောဇဉ်နဲ့ ယုံကြည်မှုကို အဆုံးစွန်ထိ စမ်းသပ်မယ့် ဇာတ်လမ်းဖြစ်လို့ ရင်တမမနဲ့ တစ်ထိုင်တည်း ကြည့်ရှုရမယ့် South Korean Horror Masterpiece တစ်ခုပဲ ဖြစ်ပါတယ်
ko
Metamorphosis
Piranha 3DD
2012
83 min
နွေရာသီ အပူဒဏ်ကို ရေကူးကန်မှာ အပန်းဖြေဖို့ ကြံစည်နေသလား? ဒီကားကို ကြည့်ပြီးရင်တော့ သင် ရေချိုးဖို့တောင် စဉ်းစားရပါလိမ့်မယ်! Piranha 3DD ကတော့ ပထမကားထက် ပိုကြမ်း၊ ပိုဟော့ပြီး ပိုသွေးပျက်ဖို့ ကောင်းလာပါတယ် ဒီတစ်ခေါက်မှာတော့ ရှေးဟောင်းပီရန်ညာငါးတွေက ပင်လယ်ထဲမှာတင် မဟုတ်တော့ဘဲ လူအများအပြား အပန်းဖြေနေတဲ့ “The Big Wet” ဆိုတဲ့ ရေပန်းဥယျာဉ် (Water Park) ထဲကို ပိုက်လိုင်းတွေကတစ်ဆင့် လူတွေ ပျော်ပါးနေတုန်း ရောက်ရှိလာတဲ့ အခါမှာတော့ … 18+ အခန်းတွေနဲ့ Horror နဲ့ Comedy ကို ရောသမမွှေထားလို့ တစ်ကိုယ်ရည် အပန်းဖြေရင်း ကြည့်ဖို့ဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ စုကြည့်ပြီး အော်ရယ်ဖို့ဖြစ်ဖြစ် အကောင်းဆုံးကားတစ်ကားဆိုမို့ ရှုစားသွားကြပါအုန်း
en
Piranha 3DD
Brightburn
2019
91 min
ကျွန်တော်တို့အားလုံး သိထားတဲ့ ပုံပြင်တစ်ပုဒ် ရှိပါတယ်။ အခြားကမ္ဘာက ကလေးငယ်တစ်ယောက် ကမ္ဘာမြေပေါ်ကို ကျရောက်လာတယ်၊ လူသားမိဘတွေက မွေးစားတယ်၊ နောက်တော့ သူဟာ လူသားတွေကို ကယ်တင်မယ့် “သူရဲကောင်း” (Superman) ဖြစ်လာတယ်… တဲ့။ တကယ်လို့… အဲဒီကလေးသာ သူရဲကောင်းဖြစ်မလာဘဲ “မိစ္ဆာ” တစ်ယောက် ဖြစ်လာခဲ့ရင်ရော? မျက်လုံးကနေ လေဆာလွှတ်နိုင်တယ်၊ အရှိန်အဟုန်နဲ့ ပျံသန်းနိုင်တယ်၊ ခန္ဓာကိုယ်ကလည်း ကျည်ဆန်မဖောက်ဘူး။ ဒီလိုစွမ်းအားတွေကို ကောင်းမှုအတွက်မသုံးဘဲ လူတွေကို ရက်ရက်စက်စက် သတ်ဖြတ်ဖို့ သုံးလာတဲ့အခါမှာတော့…
en
