Filters
Showing all 6 results
Dust Bunny
2025
106 min
“ကုတင်အောက်က မိသားစုကို ဝါးမြိုသွားတဲ့ သရဲဘီလူးကြီးကို သတ်ပေးဖို့… အသက် ၈ နှစ်အရွယ် မိန်းကလေးလေးက ဘေးအိမ်က ကြေးစားလူသတ်သမားကြီးကို ငှားရမ်းလိုက်တဲ့အခါ…”။ နာမည်ကြီး Hannibal ဇာတ်လမ်းတွဲရဲ့ ဒါရိုက်တာ Bryan Fuller ဖန်တီးထားပြီး ကမ္ဘာကျော် မင်းသားကြီး Mads Mikkelsen နဲ့ မင်းသမီးကြီး Sigourney Weaver တို့ ပါဝင်ပူးပေါင်းထားတဲ့ အမိုက်စား Dark Fantasy Horror-Thriller ရုပ်ရှင်ကားသစ်ကြီး ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ နယူးယောက်မြို့က အသက် ၈ နှစ်အရွယ် အော်ရိုရာ (Aurora) ဆိုတဲ့ ကောင်မလေးဟာ သူ့မိသားစုတစ်ခုလုံး ကုတင်အောက်က ကြောက်စရာ သရဲဘီလူးကြီး (Dust Bunny) ရဲ့ ဝါးမြိုခြင်းကို ခံလိုက်ရတယ်လို့ ယုံကြည်နေပါတယ်။ အဲဒါကြောင့် […]
en
Dust Bunny
The Long Walk
2025
108 min
“တစ်လှမ်းမှ ရပ်လို့မရဘူး၊ ရပ်လိုက်တာနဲ့ အသက်ပျောက်မယ်”… သွေးဆာနေတဲ့ စစ်အာဏာရှင်စနစ်အောက်မှာ ဆုကြေးငွေ အမြောက်အမြားရဖို့အတွက် အသက် ၁၀ ကျော်အရွယ် ယောကျာ်းလေး အယောက် ၅၀ ပါဝင်ရတဲ့ သေမင်းတမန် လမ်းလျှောက်ပြိုင်ပွဲကြီးတစ်ခုအကြောင်း ရိုက်ကူးထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ စည်းကမ်းက ရိုးရိုးလေးပါ— အရှိန်လျှော့လို့မရဘူး၊ လမ်းကြောင်းပေါ်က သွေဖည်လို့မရဘူး။ တစ်နာရီကို ၄ မိုင်နှုန်း ပုံမှန်မလျှောက်နိုင်ဘဲ သတိပေးချက် ၃ ကြိမ်ပြည့်သွားရင် နောက်ကလိုက်လာတဲ့ စစ်သားတွေက ခေါင်းကို သေနတ်နဲ့ အပိုင်ပစ်သတ်မှာဖြစ်ပြီး၊ နောက်ဆုံးတစ်ယောက်တည်း ကျန်တဲ့အထိ လျှောက်ရမှာပါ။ The Hunger Games ရဲ့ ဒါရိုက်တာ Francis Lawrence က ပုံဖော်ထားပြီး၊ ဆရာကြီး Stephen King ရဲ့ ဂန္ထဝင်ဝတ္ထုကို အခြေခံထားတဲ့အတိုင်း ဇာတ်ရှိန်တက်လာတာနဲ့အမျှ […]
en
The Long Walk
Anaconda
2025
100 min
ဒီကနေ့မှာတော့ 2025ထွက် ဟာသအက်ရှင် အန်နာကွန်ဒါမြွေကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ Jake Blackနဲ့ Ant man ဖြစ်တဲ့ Paul Ruddတို့လို နာမည်ကြီးတွေပါဝင်ထားတယ်။ ဂရစ်ဖ်က Hollywood ရဲ့မအောင်မြင်တဲ့ ဇာတ်ရံလေးပါ။ ဒါတ်ကတော့ မိသားစုနဲ့ဝမ်းရေးအတွက် မင်္ဂလာဆောင်ဗီဒီယိုတွေကိုသာ ရိုက်ကူးနေရတဲ့သူပါ။ ကလဲရာကတော့ လတ်တလောကမှ အိမ်ထောင်ကွဲပြီး စိတ်လေနေတဲ့သူ။ ကန်နီကတော့ အရက်ကလေးတမြမြနဲ့ ကြုံရာလုပ်နေရတဲ့သူပါ။ ဘာဖလိုဆိုတဲ့နေရာလေးက သူတို့သူငယ်ချင်းလေးယောက်ဟာ ငယ်တုန်းက Horrorရုပ်ရှင်ကားတွေ ဖန်တီးကြမယ်လို့တဲ့ အိပ်မက်တွေရှိခဲ့ကြပါတယ်။ အသက်ကြီးလာတဲ့အခါ ဝမ်းရေးမှာ အိပ်မက်တွေဝေဝါးလာကြပေမဲ့ ခင်မင်မှုကတော့မပျက်ပါဘူး။ တစ်နေ့ ဒါတ်ရဲ့မွေးနေ့မှာ ငယ်တုန်းကသူတို့ဖန်တီးခဲ့ကြတဲ့ ဇာတ်လမ်းလေးကို ကြည့်ပြီး ငယ်ဘဝကအရမ်းကြိုက်ခဲ့ရတဲ့ အန်နာကွန်ဒါ ရုပ်ရှင်ကားကို ပြန်ဖန်တီးကြမယ်ဆိုပြီး အိပ်မက်တွေ ပြန်ရှင်သန်လာခဲ့ပါတော့တယ်။ စိတ်အရမ်းတက်ကြွနေတဲ့ သူတို့ဟာ ဘရာဇီးကအမေဇုန်တောထဲ သွားပြီး အန်နာကွန်ဒါကိုရိုက်ဖို့ ပလန်အပြည့်နဲ့ […]
en
Anaconda
Piranha 3DD
2012
83 min
နွေရာသီ အပူဒဏ်ကို ရေကူးကန်မှာ အပန်းဖြေဖို့ ကြံစည်နေသလား? ဒီကားကို ကြည့်ပြီးရင်တော့ သင် ရေချိုးဖို့တောင် စဉ်းစားရပါလိမ့်မယ်! Piranha 3DD ကတော့ ပထမကားထက် ပိုကြမ်း၊ ပိုဟော့ပြီး ပိုသွေးပျက်ဖို့ ကောင်းလာပါတယ် ဒီတစ်ခေါက်မှာတော့ ရှေးဟောင်းပီရန်ညာငါးတွေက ပင်လယ်ထဲမှာတင် မဟုတ်တော့ဘဲ လူအများအပြား အပန်းဖြေနေတဲ့ “The Big Wet” ဆိုတဲ့ ရေပန်းဥယျာဉ် (Water Park) ထဲကို ပိုက်လိုင်းတွေကတစ်ဆင့် လူတွေ ပျော်ပါးနေတုန်း ရောက်ရှိလာတဲ့ အခါမှာတော့ … 18+ အခန်းတွေနဲ့ Horror နဲ့ Comedy ကို ရောသမမွှေထားလို့ တစ်ကိုယ်ရည် အပန်းဖြေရင်း ကြည့်ဖို့ဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ စုကြည့်ပြီး အော်ရယ်ဖို့ဖြစ်ဖြစ် အကောင်းဆုံးကားတစ်ကားဆိုမို့ ရှုစားသွားကြပါအုန်း
en
Piranha 3DD
Dracula
2025
130 min
၁၅ ရာစုနှောင်းပိုင်း အရှေ့ဥရောပရဲ့ သမိုင်းစာမျက်နှာတွေမှာ မင်းသား ဗလက် (Prince Vlad II) ဟာ ရဲရင့်တဲ့ စစ်သည်တော်တစ်ဦးပါ ဒါပေမဲ့ သူအရမ်းချစ်ရတဲ့ ကြင်ယာတော်ဟာ ရက်ရက်စက်စက် သတ်ဖြတ်ခံလိုက်ရတဲ့အခါမှာတော့ သူ့ရဲ့ လောကကြီးအပေါ် ထားရှိတဲ့ မေတ္တာတွေဟာ အမုန်းတရားအဖြစ် ပြောင်းလဲသွားခဲ့ပါတယ် သူဟာ ဘုရားသခင်ကို စွန့်လွှတ်ကြောင်း ကြေညာပြီး ကောင်းကင်ဘုံကို ကျိန်ဆဲခဲ့တဲ့အတွက် ထာဝရအသက်ရှင်ခြင်း ကျိန်စာသင့်ကာ ဒရာကူလာ (Dracula) ဆိုတဲ့ နာမည်နဲ့ မသေမျိုး သွေးစုပ်ဖုတ်ကောင်အဖြစ် ပြန်လည်မွေးဖွားလာခဲ့ပါတယ် ဒီကားဟာ သာမန် သရဲကားမျိုးမဟုတ်ဘဲ “Gothic Romance” အမျိုးအစားဖြစ်ပါတယ် “အချစ်အတွက်ဆိုရင် ငရဲပြည်အထိ ဆင်းရဲခံမယ်” ဆိုတဲ့ အယူအဆကို အမိုက်စား ရိုက်ပြထားတာပါ သွေးစုပ်ဖုတ်ကောင် ဇာတ်လမ်းတွေထဲမှာ အနှစ်သာရအရှိဆုံးနဲ့ အလှပဆုံး […]
fr
Dracula
Frankenstein
2025
150 min
Frankenstein (သို့) ဘုရားနေရာကို လုယူဖို့ ကြိုးစားခဲ့တဲ့ သိပ္ပံပညာရှင်, လူတစ်ယောက်က သေခြင်းတရားကို အနိုင်ယူပြီး “အသက်” တစ်ခုကို ကိုယ်တိုင် ဖန်တီးနိုင်ခဲ့ရင် ဘာဖြစ်မလဲ? ဒေါက်တာ ဗစ်တာ ဖရန်ကင်စတိုင်း ဆိုတာ ဉာဏ်ကြီးရှင်တစ်ယောက်ဖြစ်သလို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလွန်ကဲနေတဲ့ သိပ္ပံပညာရှင်တစ်ဦးပါ။ သူဟာ သေဆုံးပြီးသား အလောင်းတွေကို အပိုင်းပိုင်းဖြတ်တောက်၊ ပြန်လည်စုစည်းပြီး လူသားတွေ မလုပ်ဖူးသေးတဲ့ “သက်ရှိဖန်တီးခြင်း” စမ်းသပ်မှုကို အောင်မြင်အောင် လုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမဲ့… သူမျှော်လင့်ထားတဲ့ “နတ်သားလေး” ပေါ်မလာဘဲ ကြောက်မက်ဖွယ်ကောင်းတဲ့ “သတ္တဝါကြီး” တစ်ကောင် ပေါ်ထွက်လာတဲ့အခါမှာတော့… ဒီဂန္ထဝင်ဇာတ်လမ်းဟာ အသည်းယားစရာ သရဲကားတစ်ကားထက် ပိုပါတယ်။ လူသားတွေရဲ့ လောဘနဲ့ အထီးကျန်မှုအကြောင်းကို အကောင်းဆုံး ပုံဖော်ထားတဲ့ကားလေးမို့ ကြည့်ရှုခံစားသွားကြပါအုန်း
en
