Movies

Filters
Showing 71–79 of 79 results
They Will Kill You
2026
94 min
လူသူဝေးတဲ့ တောင်တန်းဒေသက အထက်တန်းလွှာတွေသာ နေထိုင်တဲ့ အိမ်ရာဝင်းတစ်ခုမှာ အလုပ်လုပ်ဖို့ ရောက်ရှိလာတဲ့ အမျိုးသမီးငယ်တစ်ယောက်ကနေ စတင်ထားပါတယ်။ သူမဟာ ရိုးရိုးရှင်းရှင်း အိမ်အကူအလုပ်လို့ ထင်ခဲ့ပေမဲ့ တကယ်တမ်းမှာတော့ အဲ့ဒီအိမ်ရာဝင်းထဲမှာ ထူးဆန်းတဲ့ ပျောက်ဆုံးမှုတွေနဲ့ ကြောက်စရာကောင်းတဲ့ လျှို့ဝှက်ကတ်ဂိုဏ်း (Cult) တစ်ခု ရှိနေတာကို သိလိုက်ရတဲ့အခါမှာတော့…။ သူမဟာ အဲ့ဒီနေရာကနေ အသက်လုလွတ်မြောက်အောင် ကြိုးစားရင်း တစ်ဖက်မှာလည်း သူမကို သတ်ဖြတ်ဖို့ ကြိုးစားနေတဲ့ ဂိုဏ်းသားတွေကို ပြန်လည်တိုက်ခိုက်ရပုံကို ရင်တထိတ်ထိတ်နဲ့ မြင်တွေ့ရမှာပါ။ သွေးသံရဲရဲ အက်ရှင်ကွက်တွေ၊ ထိတ်လန့်စရာ ခြောက်ခြားမှုတွေနဲ့အတူ အဆင့်အတန်းမြင့်မြင့် Visual ပိုင်းတွေကို ပေါင်းစပ်ထားတာကြောင့် Horror ပရိသတ်တွေအတွက်တော့ တကယ့်ကို အကြိုက်တွေ့စေမှာပါ။ လူသတ်ဂိုဏ်းတွေနဲ့ ထူးဆန်းတဲ့ လျှို့ဝှက်ချက်တွေကိုမှ အားရပါးရနဲ့ ရင်တဖိုဖို ကြည့်ချင်သူတွေအတွက်တော့ အပြတ်အသတ် သဘောကျစေမယ့် […]
en
They Will Kill You
The Wrecking Crew
2026
125 min
မင်းသားကြီး Jason Momoa နဲ့ Dave Bautista တို့ဟာ စရိုက်ချင်း လုံးဝဆန့်ကျင်ဘက်ဖြစ်နေတဲ့ ညီအစ်ကိုနှစ်ယောက်အဖြစ် ပါဝင်ထားပြီး၊ သူတို့အဖေ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့ လျှို့ဝှက်ချက်ကို ဖော်ထုတ်ဖို့ ပြန်လည်ဆုံတွေ့ကြပုံကို ရိုက်ကူးထားတာပါ။ အေးဆေးတည်ငြိမ်တဲ့ တစ်ယောက်နဲ့ ဒေါသကြီးပြီး လက်ပါတတ်တဲ့ တစ်ယောက်တို့ဟာ မိသားစုကလဲ့စားချေဖို့အတွက် ရန်ငြိုးတွေကို ဘေးဖယ်ထားပြီး “The Wrecking Crew” အဖြစ် ပူးပေါင်းကာ အင်အားကြီးတဲ့ ရာဇဝတ်ဂိုဏ်းတွေကို မြေလှန်ခြေမှုန်းကြမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းတစ်လျှောက်မှာ ညီအစ်ကိုနှစ်ယောက်ရဲ့ အလွဲအချော် ဟာသတွေနဲ့အတူ တစ်မြို့လုံးကို ဖျက်ဆီးပစ်မတတ် ပြင်းထန်တဲ့ ပေါက်ကွဲမှုတွေ၊ လက်သီးချင်း အကြိတ်အနယ်ထိုးနှက်တဲ့ အက်ရှင်ကွက်တွေကို အားရစရာ Visual Effects တွေနဲ့ မြင်တွေ့ရမှာပါ။ ဇာတ်လမ်းအလှည့်အပြောင်းတွေနဲ့အတူ ပေါက်ကွဲအားပြင်းတဲ့ Buddy Action ကားတွေကိုမှ […]
en
The Wrecking Crew
Thrash
2026
84 min
အင်အားပြင်းတဲ့ ဟာရီကိန်းမုန်တိုင်းနဲ့အတူ ရေလွှမ်းမိုးမှုကြားကနေ ဗိုက်ကြီးသည်အမျိုးသမီးတစ်ယောက်နဲ့ ဒေသခံတွေ မမျှော်လင့်ဘဲ ရောက်ရှိလာတဲ့ ငတ်မွတ်နေတဲ့ ငါးမန်းအုပ်ကြီးရဲ့ အန္တရာယ်ကနေ အသက်လုလွတ်မြောက်အောင် ကြိုးစားရပုံကို ရိုက်ကူးထားတဲ့ Survival အက်ရှင်ကားကြီးပါ။ တစ်မြို့လုံး ရေနစ်မြုပ်နေတဲ့ကြားမှာ သားဖွားခါနီး Lisa နဲ့ သူ့ကိုကယ်ထုတ်ဖို့ ကြိုးစားနေတဲ့ လူတစ်စုတို့ဟာ သဘာဝဘေးအန္တရာယ်တင်မကဘဲ ရက်စက်တဲ့ လူသားတွေနဲ့ သွေးဆာနေတဲ့ ငါးမန်းတွေကြားမှာ ရင်တထိတ်ထိတ်နဲ့ တိုက်ပွဲဝင်ရမှာပါ။ အသက်ရှူမှားလောက်တဲ့ ရေအောက်တိုက်ခိုက်ခန်းတွေ၊ စိတ်လှုပ်ရှားစရာ Visual Effects တွေနဲ့အတူ ရှင်သန်ရေးအတွက် အစွမ်းကုန်ရုန်းကန်ရတဲ့ အခန်းတွေက သင့်ကို တစ်ကားလုံး ဖမ်းစားထားမှာပါ။ သဘာဝဘေးအန္တရာယ်နဲ့ ငါးမန်းအက်ရှင်ကိုမှ အားရပါးရနဲ့ ရင်တုန်ရင်ခုန် ကြည့်ချင်သူတွေအတွက်တော့ အပြတ်အသတ် သဘောကျစေမယ့် ရုပ်ရှင်ကောင်းတစ်ကားပဲ ဖြစ်ပါတယ်။
en
Thrash
Humint
2026
120 min
တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယား ထောက်လှမ်းရေးအေးဂျင့်တွေကြားက သွေးအေးအေးနဲ့ အပြန်အလှန် လှည့်ကွက်ဆင်တိုက်ခိုက်ကြမယ့် အမိုက်စား စပိုင်အက်ရှင်ကားကြီးပါ။ ရုရှားနိုင်ငံ၊ ဗလာဒီဗော့စတော့ဆိပ်ကမ်းမှာဖြစ်ပွားတဲ့ ရာဇဝတ်မှုတစ်ခုကနေစပြီး နှစ်နိုင်ငံအေးဂျင့်တွေကြား သစ္စာဖောက်မှုတွေ၊ လျှို့ဝှက်ပူးပေါင်းကြံစည်မှုတွေနဲ့အတူ ရင်တထိတ်ထိတ်ကြည့်ရမယ့် တိုက်ပွဲတွေက သင့်ကို အသက်ရှူမှားစေမှာပါ။ မင်းသားကြီး Zo In-sung နဲ့ Park Jung-min တို့ရဲ့ အားပြိုင်မှုတွေအပြင် လက်တွေ့ဆန်တဲ့ အက်ရှင်ကွက်တွေက အားရစရာ Visual ပိုင်းတွေနဲ့ ဖမ်းစားထားမှာဖြစ်လို့၊ စပိုင်အက်ရှင်ကားကောင်းတွေကိုမှ အဆင့်အတန်းမြင့်မြင့်နဲ့ အားရပါးရကြည့်ချင်သူတွေအတွက် အပြတ်အသတ် သဘောကျစေမယ့် ရုပ်ရှင်ကောင်းတစ်ကားပဲ ဖြစ်ပါတယ်။
ko
Humint
Oldboy
2003
120 min
တောင်ကိုရီးယားရုပ်ရှင်လောကရဲ့ ပြိုင်ဘက်ကင်း ပြောင်မြောက်လှတဲ့ လက်ရာတစ်ခုဖြစ်ပြီး ကြည့်ရှုသူကို အံ့အားသင့်စရာ အလှည့်အပြောင်းတွေနဲ့အတူ မှင်သက်သွားစေမယ့် လက်စားချေမှုဆိုင်ရာ ရုပ်ရှင်ကားကြီးပါ။ အကြောင်းရင်းမရှိဘဲ အခန်းကျဉ်းလေးတစ်ခုထဲမှာ ၁၅ နှစ်ကြာအောင် ပိတ်လှောင်ခံထားရတဲ့ အမျိုးသားတစ်ယောက်ဟာ မထင်မှတ်ဘဲ ပြန်လည်လွတ်မြောက်လာတဲ့အခါမှာတော့ သူ့ကို ဘယ်သူက၊ ဘာကြောင့် အခုလိုလုပ်ခဲ့သလဲဆိုတာကို လိုက်လံစုံစမ်းပါတော့တယ်။ ဒီဇာတ်ကားမှာ ပါဝင်တဲ့ တစ်ဆက်တည်းရိုက်ကူးထားတဲ့ (Long Take) အမြှောင်လိုက် တိုက်ခိုက်ရေးခန်းတွေက ကမ္ဘာကျော်ခဲ့သလို၊ လူ့စိတ်ရဲ့ နက်ရှိုင်းတဲ့ အမှောင်ဘက်ခြမ်းနဲ့ နာကျင်စရာကောင်းတဲ့ လျှို့ဝှက်ချက်တွေကို ပေါ်လွင်အောင် ရိုက်ကူးထားတာပါ။ မင်းသားကြီး Choi Min-sik ရဲ့ ရူးသွပ်လုနီးပါး ပြောင်မြောက်လှတဲ့ သရုပ်ဆောင်ချက်တွေက ဇာတ်လမ်းတစ်လျှောက်လုံး သင့်ကို အသက်ရှူမှားအောင် ဖမ်းစားထားမှာပါ။ အက်ရှင်၊ လျှို့ဝှက်ချက်နဲ့ စိတ်လှုပ်ရှားစရာတွေကိုမှ အဆင့်အတန်းမြင့်မြင့် ခံစားချင်သူတွေအတွက်တော့ ဒီရုပ်ရှင်ဟာ […]
ko
Oldboy
Mike & Nick & Nick & Alice
2026
107 min
ခင်မင်မှု၊ သစ္စာဖောက်မှုနဲ့ မထင်မှတ်ထားတဲ့ အလှည့်အပြောင်းတွေ ပြည့်နှက်နေတဲ့ Action-Comedy ဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ်။ နာမည်ကျော် မင်းသား James Marsden နဲ့ Vince Vaughn တို့ ဦးဆောင်ပါဝင်ထားပြီး၊ လူမိုက်လောကရဲ့ အရှုပ်အထွေးတွေကြားထဲမှာ သူငယ်ချင်းတစ်စု ဘယ်လိုတလွဲတချော်တွေ ဖြစ်ကြမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမှာပါ။ ဇာတ်လမ်းအစကနေ အဆုံးထိ ဟာသနှောတဲ့ ပြောဆိုခန်းတွေနဲ့ အက်ရှင်ခန်းတွေကို အချိုးကျကျ ပေါင်းစပ်ထားလို့ ကြည့်နေရင်း ပျင်းရိဖို့ အချိန်ရမှာ မဟုတ်ပါဘူး။ အထူးသဖြင့် သူငယ်ချင်းအချင်းချင်းကြားက သံယောဇဉ်နဲ့ အားပြိုင်မှုတွေကို ခပ်မိုက်မိုက် ပုံစံမျိုးနဲ့ ရိုက်ကူးထားတာဖြစ်လို့ ပေါ့ပေါ့ပါးပါးနဲ့ အပန်းဖြေချင်တဲ့ ပရိသတ်တွေအတွက်တော့ လက်မလွှတ်သင့်တဲ့ ရုပ်ရှင်သစ်တစ်ကားပဲ ဖြစ်ပါတယ်။
en
Mike & Nick & Nick & Alice
How to Make a Killing
2026
105 min
အမွေရဖို့အတွက် ကိုယ့်ရှေ့က ဆွေမျိုး ၇ ယောက်ကို တစ်ယောက်ပြီးတစ်ယောက် ဇာတ်သိမ်းပေးဖို့ ကြိုးစားတဲ့ လူငယ်တစ်ယောက်အကြောင်းကို ရိုက်ကူးထားတဲ့ Dark Comedy အမျိုးအစား ဇာတ်ကားကောင်းတစ်ကားပါ။ မိသားစုက အသိအမှတ်မပြုဘဲ အပယ်ခံခဲ့ရတဲ့ Becket ဟာ ဒေါ်လာဘီလီယံချီတဲ့ အမွေတွေကို ရထိုက်တယ်လို့ ယုံကြည်ပြီး ပါးနပ်တဲ့ အစီအစဉ်တွေ၊ သစ္စာဖောက်မှုတွေနဲ့အတူ လူသတ်ပွဲကြီးကို ဆင်နွှဲပါတော့တယ်။ မင်းသားကြီး Glen Powell ရဲ့ ဆွဲဆောင်မှုရှိပြီး အေးစက်စက်နိုင်လှတဲ့ သရုပ်ဆောင်ချက်တွေနဲ့အတူ ချမ်းသာတဲ့သူတွေကို လှောင်ပြောင်သရော်ထားတဲ့ ဇာတ်ကွက်တွေက သင့်ကို တစ်လှည့်ရယ်ရ၊ တစ်လှည့် ရင်ဖိုစေမှာပါ။ ငွေကြေးနဲ့ လောဘနောက်လိုက်ရင်း ဘယ်လိုအလှည့်အပြောင်းတွေ ကြုံရမလဲဆိုတာကို ခပ်ဟော့ဟော့၊ ခပ်လန်းလန်း ပုံစံမျိုးနဲ့ ကြည့်ရှုရမှာဖြစ်လို့ အက်ရှင်နဲ့ ဟာသနှောထားတဲ့ ရာဇဝတ်မှုကားမျိုး ကြိုက်သူတွေအတွက်တော့ ကွက်တိပါပဲ။
en
How to Make a Killing
Hall Pass
2011
105 min
Rick နဲ့ Fred ဆိုတဲ့ သူငယ်ချင်းနှစ်ယောက်ဟာ အိမ်ထောင်ကျတာ ကြာလာတာနဲ့အမျှ အပြင်က မိန်းမလှလေးတွေကို ငေးမောကြည့်ရှုရင်း အိမ်ထောင်ရေးမှာ စိတ်မပါသလို ဖြစ်လာကြပါတယ်။ ဒါကို သတိထားမိတဲ့ သူတို့ရဲ့ ဇနီးသည်တွေက ထူးထူးခြားခြား အစီအစဉ်တစ်ခု ချပေးလိုက်ပါတယ်။ အဲ့ဒါကတော့ တစ်ပတ်တိတိ သူတို့ဘာလုပ်လုပ် ခွင့်လွှတ်ပေးမယ့် ‘Hall Pass’ (လွတ်လပ်ခွင့်လက်မှတ်) ပဲ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ကတော့ လူပျိုဘဝတုန်းကလို ပျော်ရပါးရတော့မယ်ဆိုပြီး အရမ်းကို တက်ကြွနေကြတာပါ။ ဒါပေမဲ့ တကယ်တမ်း လက်တွေ့မှာတော့ သူတို့ထင်သလို ဖြစ်မလာဘဲ အသက်အရွယ်အရ ပြောင်းလဲသွားတဲ့ ခေတ်ရေစီးကြောင်းတွေကြားမှာ ဘယ်လိုတွေ အလွဲအချော်တွေနဲ့ပဲ ရင်ဆိုင်ပြီး ရှယ်ခွီးရမလဲဆိုတာ..
en
Hall Pass
American Wedding
2003
103 min
အထက်တန်းကျောင်းသားဘဝက အလွဲတွေဟာ အခုတော့ အမှတ်တရတွေ ဖြစ်ကုန်ပါပြီ။ အမြဲတမ်း တစ်လွဲလုပ်တတ်တဲ့ ဂျင်မ် (Jim) နဲ့ သူ့ရဲ့ချစ်သူ မီရှဲလ် (Michelle) တို့ဟာ လက်ထပ်ဖို့ ပြင်ဆင်နေကြပါပြီ။ ဂျင်မ်ရဲ့ အဘွားက ကျန်းမာရေးမကောင်းတာကြောင့် သူတို့ဟာ မင်္ဂလာပွဲကို အမြန်ဆုံးကျင်းပဖို့ ဆုံးဖြတ်လိုက်ကြတဲ့အခါမှာတော့ မင်္ဂလာပွဲဟာအေးအေးဆေးဆေးပဲ ပြီးသွားမလား ဘယ်လိုတွေလွဲကြအုန်းမလဲဆိုတာ ရယ်မောရင်းကြည့်ရှုသွားကြပါအုန်း
en
American Wedding
Movies
Tv Shows
Videos
Search