Pressure

9 Views
0
2026101 min

ဒုတိယကမ္ဘာစစ်အတွင်း D-Day စစ်ဆင်ရေးကြီးရဲ့ ကံကြမ္မာကို ဆုံးဖြတ်ပေးမယ့် ၇၂ နာရီကြာ တင်းမာမှုအပြည့်နဲ့ သမိုင်းဝင် Drama Thrirical ကားကောင်း

ဒုတိယကမ္ဘာစစ်အတွင်း သမိုင်းဝင် D-Day စစ်ဆင်ရေးကြီး မစတင်မီ ရာသီဥတု ခန့်မှန်းချက်အပေါ် မူတည်ပြီး လူပေါင်းများစွာရဲ့ အသက်နဲ့ စစ်ပွဲကြီးရဲ့ အနိဋ္ဌာရုံကို ဆုံးဖြတ်ရမယ့် စိတ်ဖိစီးမှု အပြည့်နဲ့ သမိုင်းဝင် Drama Thriller ရုပ်ရှင်ကားကောင်း တစ်ကားပဲဖြစ်ပါတယ်။

ဇာတ်လမ်းစတာကတော့ D-Day စစ်ဆင်ရေးကြီး မစတင်မီ ၇၂ နာရီအလိုမှာ ဗြိတိသျှ မိုးလေဝသ ပညာရှင် ဒေါက်တာ James Stagg ဟာ သမိုင်းမှာ အရေးအကြီးဆုံး မိုးလေဝသ ခန့်မှန်းချက်ကို ထုတ်ပြန်ဖို့ တာဝန်ပေးခြင်း ခံရတဲ့နေရာကနေ စတာပါပဲ။ ရာသီဥတု ဆိုးရွားမှုကြောင့် စစ်ဆင်ရေး ရွှေ့ဆိုင်းဖို့ သတိပေးချက်နဲ့ စစ်ဆင်ရေးကို အမြန်ဆုံး စတင်ချင်နေတဲ့ စစ်သေနာပတိချုပ် Dwight D. Eisenhower တို့ကြားက သဘောထား ကွဲလွဲမှုတွေ၊ ဖိအားတွေကြားထဲမှာ စစ်ပွဲကြီးတစ်ခုလုံးရဲ့ ကံကြမ္မာကို ပြောင်းလဲစေမယ့် သမိုင်းဝင် ဆုံးဖြတ်ချက်တွေကို အကြိတ်အနယ် ရိုက်ကူးပြထားပါတယ်။

ရုပ်ရှင်တစ်ကားလုံးမှာ မြင်တွေ့ရမယ့် စိတ္တဇဆန်ဆန် ဖိအားတွေ၊ မင်းသား Andrew Scott နဲ့ Brendan Fraser တို့ရဲ့ ပြောင်မြောက်လှတဲ့ သရုပ်ဆောင်ချက်များနှင့် တင်းမာမှုအပြည့်ရှိတဲ့ dialogue အပြောအဆိုတွေက ပရိသတ်တွေကို တစ်စက္ကန့်တောင် အာရုံမလွှတ်ရဲအောင် ဖမ်းစားထားနိုင်ပါတယ်။ သမိုင်းဝင် Drama Thriller ကားကောင်းတွေကိုမှ တကယ်နှစ်သက်တဲ့ ရုပ်ရှင်ချစ်သူတွေအတွက်တော့ ဒီကားက လုံးဝ လက်လွှတ်မခံသင့်တဲ့ လက်ရာတစ်ခုပါ

Be the first to review “Pressure”

Your email address will not be published. Required fields are marked *

There are no reviews yet.

Share

Movies
Tv Shows
Videos
Search