Please enter keywords
Please enter keywords
Please enter keywords
Please enter keywords
မင်းသားကြီး Jason Momoa နဲ့ Dave Bautista တို့ဟာ စရိုက်ချင်း လုံးဝဆန့်ကျင်ဘက်ဖြစ်နေတဲ့ ညီအစ်ကိုနှစ်ယောက်အဖြစ် ပါဝင်ထားပြီး၊ သူတို့အဖေ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့ လျှို့ဝှက်ချက်ကို ဖော်ထုတ်ဖို့ ပြန်လည်ဆုံတွေ့ကြပုံကို ရိုက်ကူးထားတာပါ။ အေးဆေးတည်ငြိမ်တဲ့ တစ်ယောက်နဲ့ ဒေါသကြီးပြီး လက်ပါတတ်တဲ့ တစ်ယောက်တို့ဟာ မိသားစုကလဲ့စားချေဖို့အတွက် ရန်ငြိုးတွေကို ဘေးဖယ်ထားပြီး “The Wrecking Crew” အဖြစ် ပူးပေါင်းကာ အင်အားကြီးတဲ့ ရာဇဝတ်ဂိုဏ်းတွေကို မြေလှန်ခြေမှုန်းကြမှာ ဖြစ်ပါတယ်။ ဇာတ်လမ်းတစ်လျှောက်မှာ ညီအစ်ကိုနှစ်ယောက်ရဲ့ အလွဲအချော် ဟာသတွေနဲ့အတူ တစ်မြို့လုံးကို ဖျက်ဆီးပစ်မတတ် ပြင်းထန်တဲ့ ပေါက်ကွဲမှုတွေ၊ လက်သီးချင်း အကြိတ်အနယ်ထိုးနှက်တဲ့ အက်ရှင်ကွက်တွေကို အားရစရာ Visual Effects တွေနဲ့ မြင်တွေ့ရမှာပါ။ ဇာတ်လမ်းအလှည့်အပြောင်းတွေနဲ့အတူ ပေါက်ကွဲအားပြင်းတဲ့ Buddy Action ကားတွေကိုမှ အဆင့်အတန်းမြင့်မြင့်နဲ့ အားရပါးရ ကြည့်ချင်သူတွေအတွက်တော့ အပြတ်အသတ် သဘောကျစေမယ့် ရုပ်ရှင်ကောင်းတစ်ကားပဲ ဖြစ်ပါတယ်။

It's free. No subscription required

There are no reviews yet.