Filters
Showing all 9 results
Minority Report
2002
145 min
“သင် မကျူးလွန်ရသေးတဲ့ ရာဇဝတ်မှုတစ်ခုအတွက် သင့်ကို ဖမ်းဆီးမယ်ဆိုရင်…” 🧠💥 နည်းပညာတွေ အဆမတန် တိုးတက်လာပြီး လူသတ်မှုတစ်ခု မဖြစ်ပွားခင် နာရီပိုင်းအလိုမှာတင် ကြိုတင်သိရှိတားဆီးနိုင်တဲ့ အနာဂတ်လောကကြီး။ ဒါပေမဲ့ တစ်နေ့မှာတော့ ဒီစနစ်ကြီးကို ဦးဆောင်နေတဲ့ အကြီးအကဲ ဂျွန်အန်ဒါတန် (Tom Cruise) ကိုယ်တိုင်က နောက်ထပ် ၃၆ နာရီအတွင်း လူသတ်မယ့်သူအဖြစ် စနစ်ကြီးရဲ့ သတ်မှတ်ခြင်းကို ခံလိုက်ရတဲ့အခါမှာတော့… မိမိကိုယ်ကို အပြစ်မရှိကြောင်း သက်သေပြဖို့ စနစ်ကြီးကို ပြန်လည်အာခံပြီး ထွက်ပြေးရင်း အနာဂတ်ရဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ရမယ့် Sci-Fi Psychological Thriller ကားကောင်းကြီး ဖြစ်ပါတယ်။ Show More
en
Minority Report
The Raid
2012
101 min
အက်ရှင်ရုပ်ရှင်လောကရဲ့ စံနှုန်းသစ်တစ်ခုကို သတ်မှတ်ပေးခဲ့တဲ့ အင်ဒိုနီးရှား ရုပ်ရှင်ကားကြီးဖြစ်ပြီး အစကနေ အဆုံးထိ သွေးပူစရာ အက်ရှင်ခန်းတွေနဲ့ ပြည့်နှက်နေပါတယ်။ ရာဇဝတ်ကောင်တွေ အပြည့်ရှိတဲ့ အထပ်မြင့်အဆောက်အဦးကြီးတစ်ခုထဲကို ရဲတပ်ဖွဲ့ဝင်တစ်စုက ဝင်ရောက်စီးနင်းရာကနေ မမျှော်လင့်ဘဲ ပိတ်မိသွားပြီး တစ်ထပ်ချင်းစီမှာ ရှိနေတဲ့ လူမိုက်တွေနဲ့ အသက်လုတိုက်ပွဲဝင်ရပုံကို ရိုက်ကူးထားတာပါ။ အင်ဒိုနီးရှားရိုးရာ ကိုယ်ခံပညာ (Pencak Silat) ကို အခြေခံထားတဲ့ တိုက်ခိုက်ရေးကွက်တွေက အရိုးကွဲသံ ကြားရလောက်အောင် လက်တွေ့ဆန်ပြီး ကြမ်းတမ်းလှတာကြောင့် ကြည့်ရှုသူကို ရင်တုန်ပန်းတုန် ဖြစ်စေမှာပါ။ မင်းသား Iko Uwais ရဲ့ လျင်မြန်ဖြတ်လတ်လှတဲ့ လှုပ်ရှားမှုတွေနဲ့အတူ အကွက်စိပ်စိပ် ရိုက်ချက်တွေက သင့်ကို ထိုင်ခုံကနေ မထနိုင်အောင် ဖမ်းစားထားမှာ ဖြစ်ပါတယ်။ စစ်မှန်တဲ့ အက်ရှင်ကားအစစ်အမှန်ကိုမှ ခံစားချင်သူတွေအတွက်တော့ ဒီဇာတ်ကားဟာ ဂန္တဝင်စာရင်းဝင် လက်မလွှတ်သင့်တဲ့ […]
id
The Raid
Hall Pass
2011
105 min
Rick နဲ့ Fred ဆိုတဲ့ သူငယ်ချင်းနှစ်ယောက်ဟာ အိမ်ထောင်ကျတာ ကြာလာတာနဲ့အမျှ အပြင်က မိန်းမလှလေးတွေကို ငေးမောကြည့်ရှုရင်း အိမ်ထောင်ရေးမှာ စိတ်မပါသလို ဖြစ်လာကြပါတယ်။ ဒါကို သတိထားမိတဲ့ သူတို့ရဲ့ ဇနီးသည်တွေက ထူးထူးခြားခြား အစီအစဉ်တစ်ခု ချပေးလိုက်ပါတယ်။ အဲ့ဒါကတော့ တစ်ပတ်တိတိ သူတို့ဘာလုပ်လုပ် ခွင့်လွှတ်ပေးမယ့် ‘Hall Pass’ (လွတ်လပ်ခွင့်လက်မှတ်) ပဲ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ကတော့ လူပျိုဘဝတုန်းကလို ပျော်ရပါးရတော့မယ်ဆိုပြီး အရမ်းကို တက်ကြွနေကြတာပါ။ ဒါပေမဲ့ တကယ်တမ်း လက်တွေ့မှာတော့ သူတို့ထင်သလို ဖြစ်မလာဘဲ အသက်အရွယ်အရ ပြောင်းလဲသွားတဲ့ ခေတ်ရေစီးကြောင်းတွေကြားမှာ ဘယ်လိုတွေ အလွဲအချော်တွေနဲ့ပဲ ရင်ဆိုင်ပြီး ရှယ်ခွီးရမလဲဆိုတာ.. Show More
en
Hall Pass
Piranha 3DD
2012
83 min
နွေရာသီ အပူဒဏ်ကို ရေကူးကန်မှာ အပန်းဖြေဖို့ ကြံစည်နေသလား? ဒီကားကို ကြည့်ပြီးရင်တော့ သင် ရေချိုးဖို့တောင် စဉ်းစားရပါလိမ့်မယ်! Piranha 3DD ကတော့ ပထမကားထက် ပိုကြမ်း၊ ပိုဟော့ပြီး ပိုသွေးပျက်ဖို့ ကောင်းလာပါတယ် ဒီတစ်ခေါက်မှာတော့ ရှေးဟောင်းပီရန်ညာငါးတွေက ပင်လယ်ထဲမှာတင် မဟုတ်တော့ဘဲ လူအများအပြား အပန်းဖြေနေတဲ့ “The Big Wet” ဆိုတဲ့ ရေပန်းဥယျာဉ် (Water Park) ထဲကို ပိုက်လိုင်းတွေကတစ်ဆင့် လူတွေ ပျော်ပါးနေတုန်း ရောက်ရှိလာတဲ့ အခါမှာတော့ … 18+ အခန်းတွေနဲ့ Horror နဲ့ Comedy ကို ရောသမမွှေထားလို့ တစ်ကိုယ်ရည် အပန်းဖြေရင်း ကြည့်ဖို့ဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ စုကြည့်ပြီး အော်ရယ်ဖို့ဖြစ်ဖြစ် အကောင်းဆုံးကားတစ်ကားဆိုမို့ ရှုစားသွားကြပါအုန်း Show More
en
Piranha 3DD
Battleship
2012
131 min
လူသားတွေဟာ အာကာသထဲကသက်ရှိတွေနဲ့ ဆက်သွယ်နိုင်ဖို့ ကမ္ဘာမြေပေါ်ကနေ အချက်ပြလှိုင်းတွေ ပို့လွှတ်လိုက်တာကစပါတယ် အာကာသထဲက အချက်ပြလှိုင်းကိုရသွားတဲ့ ဂြိုလ်သားတွေဟာ ကမ္ဘာမြေပေါ်ကိုနှုတ်ဆက်ဖို့ မဟုတ်ဘဲ သိမ်းယူဖို့ ရှေ့ပြေးစစ်ယာဥ် ၄စီးနဲ့ ရောက်လာကြပါတော့တယ် ဂြိုလ်သားတွေဟာ သူတို့ဆင်းသက်လာတဲ့ နေရာတစ်ဝိုက်ကို တံတိုင်းနဲ့ကာပြီး သူတို့ရဲ့ကျန်ရှိနေတဲ့တပ်တွေကို ကမ္ဘာမြေဆီလိုက်လာဖို့ အချက်ပြဖို့ကြိုးစားတဲ့အခါမှာတော့ အဲ့တံတိုင်းထဲမှာ ပိတ်မိနေတဲ့ စစ်ရေးလေ့ကျင့်နေတဲ့ အမေရိကန် နဲ့ ဂျပန် စစ်သင်္ဘော ၃ စင်းက အဆမတန်အင်အားသာလွန်တဲ့ ဂြိုလ်သားယာဥ်ကြီးတွေကို အချက်မပြနိုင်တော့အောင် ရှယ်ဗျင်းမှာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပဲဖြစ်ပါတယ် Show More
en
Battleship
EuroTrip
2004
92 min
စကော့ (Scott) တစ်ယောက်အသဲကွဲပြီး မူးမူးနဲ့ ဂျာမနီက သူ့ရဲ့ Cyber-buddy (အွန်လိုင်းသူငယ်ချင်း) “Mieke” ကို ယောက်ျားလေးလို့ ထင်ပြီး သူ့ကိုလာတွေ့မယ်ပြောတာကို ယောကျ်ားချင်း အဲ့လိုပြောရမလားဆိုပြီး ရိုင်းရိုင်းစိုင်းစိုင်းတွေ ပြောလိုက်မိလို့ ဟိုဘက်က Block တာခံလိုက်ရပါတော့တယ် တကယ်တန်း “Mieke” ဆိုတာ သူထင်သလို ယောက်ျားလေးမဟုတ်ဘဲ အင်မတန် ချောမောလှပတဲ့ ဂျာမန်မလေးတစ်ယောက် ဖြစ်နေတဲ့အခါမှာတော့ သူ့ရဲ့ အမှားကို ပြင်ဆင်ဖို့နဲ့ အချစ်ကို ရှာဖွေဖို့အတွက် စကော့ဟာ သူ့ရဲ့ သူငယ်ချင်းတစ်သိုက်နဲ့အတူ အမေရိကကနေ ဥရောပအထိ “အလည်အပတ် ခရီးစဉ်ကြီး” ကို အားချင်း စတင်လိုက်ပါတော့တယ်။ အချစ်ကိုရှာဖွေဖို့ ဥရောပကိုခြေဆန့်ရင်း ဘယ်လိုတွေ အလွဲလွဲချော်ချော်တွေ ကြုံတွေ့ရမလဲဆိုတာ ရှယ်ခွီးရင်း ကြည့်ရမယ့် လူငယ်ဟာသကားလေးဖြစ်ပါတယ် Show More
en
EuroTrip
Doctor Dolittle
1998
85 min
ဒေါက်တာ ဂျွန် ဒူးလစ်တဲလ် (John Dolittle) ဆိုတာ အောင်မြင်ကျော်ကြားတဲ့ ဆရာဝန်တစ်ဦးဖြစ်သလို ချစ်စရာကောင်းတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားသူပါ။ သူ့ဘဝက အရာရာ အဆင်ပြေချောမွေ့နေခဲ့ပေမဲ့… သူငယ်ငယ်ကတည်းက ဖျောက်ဖျက်ထားခဲ့တဲ့ “ထူးခြားဆန်းပြားတဲ့ ပါရမီ” တစ်ခု ရုတ်တရက် ပြန်နိုးထလာတဲ့အခါမှာတော့ အရာအားလုံး ပြောင်းလဲသွားပါတော့တယ်။ အဲဒီပါရမီကတော့… “တိရစ္ဆာန်တွေနဲ့ စကားပြောနိုင်တာ” ပါပဲ! ဒါကို တိရစ္ဆာန်တွေသိသွားတဲ့အခါမှာတော့ ခွေး၊ ကြောင်၊ ငှက်ကအစ လမ်းဘေးက ကြွက်တွေအထိ ဒေါက်တာ့ဆီကို အကြံဉာဏ်တောင်းဖို့ တန်းစီရောက်လာကြပါတယ်။ တိရစ္ဆာန်တွေရဲ့ ရယ်စရာကောင်းတဲ့ ပြဿနာတွေကို ဒေါက်တာဂျွန် ဒူးလစ်တဲလ်ကြီး ဘယ်လိုဖြေရှင်းပေးမလဲဆိုတာ ရယ်မောရင်းကြည့်ရှုရမှာပဲဖြစ်ပါတယ် Show More
en
Doctor Dolittle
Big Momma’s House
2000
98 min
FBI အေးဂျင့် မယ်လ်ကွန် (Malcolm) ဆိုတာ ရုပ်ဖျက်ရမှာ ဆရာတစ်ဆူပါ။ တစ်နေ့မှာတော့ ထောင်ပြေးတစ်ယောက်ရဲ့ ရည်းစားဟောင်းနဲ့ ကလေးကို စောင့်ကြည့်ဖို့ ထောင်ပြေးရည်းစားဟောင်းရဲ့ အဖွားအိမ်ကို စေလွတ်ခြင်းခံခဲ့ရပါတယ် စောင့်ကြည့်နေတုန်းအဖွားကြီးခရီးသွားတာကို အခွင့်ကောင်းယူပြီး အဖွားကြီးလို ရုပ်ဖျက်ကာ ထောင်ပြေးကိုစောင့်ဖမ်းမှာကို ကြည့်ရှုရမယ့် ဟာသကားလေးပဲဖြစ်ပါတယ် Show More
en
Big Momma’s House
Agent Cody Banks 2: Destination London
2004
100 min
လူငယ်အေးဂျင့် ကိုဒီ ဘန့်ခ် (Cody Banks) ပြန်လာပါပြီ! ဒီတစ်ခေါက်မှာတော့ သူ ရင်ဆိုင်ရမှာက ပုံမှန်ထက် ပိုကြီးမားတဲ့ အန္တရာယ်ပါ။ ကမ္ဘာ့ခေါင်းဆောင်တွေကို သူတို့ရဲ့ စိတ်ကြိုက် ခိုင်းစေနိုင်တဲ့ “စိတ်ထိန်းချုပ်စက်” (Mind-control device) တစ်ခုကို ဗီလိန်ကြီးက ခိုးယူသွားခဲ့ပါတယ်။ ဒါကို ပြန်အရယူဖို့အတွက် ကိုဒီဟာ လန်ဒန်မြို့အထိ သွားရောက်ပြီး စွန့်စားရမှာပါ။ ငယ်ဘဝက “Spy” ကားတွေကို လွမ်းဆွတ်နေတဲ့သူတွေအတွက်လည်း အကြိုက်တွေ့စေမှာပါ။ Show More
en
