The Ugly

1 View
0
2025102 min

သာမန် စုံထောက်ကားမျိုး မဟုတ်ဘဲ… အေးချမ်းလှပါတယ်ဆိုတဲ့ မိသားစုတစ်ခုရဲ့ နောက်ကွယ်က သွေးအေးစက်ဆုပ်ဖွယ်ရာ အမှန်တရားတွေနဲ့ အတိတ်က စိတ်ဒဏ်ရာတွေကို ဉာဏ်ချင်းပြိုင်ပြီး တရွေ့ရွေ့ ဖော်ထုတ်ထားတဲ့ ရုပ်ရှင်ကောင်းတစ်ကား ဖြစ်ပါတယ်။

ဇာတ်လမ်းကတော့ အလုပ်ကြိုးစားပြီး အားလုံးရဲ့ လေးစားခြင်းခံရတဲ့ မျက်မမြင် ဖခင်ကြီးရဲ့ နေ့စဉ်ဘဝအလုပ်ခွင်ကို မှတ်တမ်းတင်ရုပ်ရှင် (Documentary) ရိုက်ကူးရေးအဖွဲ့နဲ့အတူ ကြီးကြပ်ပေးနေတဲ့ သားဖြစ်သူ အင်ဒုံဟွမ် (Lee Do-hyun) အကြောင်းကနေ စတင်ထားပါတယ်။ ရိုက်ကူးရေးတွေ အဆင်ပြေနေတုန်း… ဒုံဟွမ်ဆီကို မထင်မှတ်ဘဲ ဖုန်းတစ်ကောလ် ရောက်ရှိလာခဲ့ပါတယ်။ အဲ့ဒါကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ ကတည်းက အစအနဖျောက် ပျောက်ဆုံးနေခဲ့တဲ့ သူ့ရဲ့ မိခင်ဖြစ်သူရဲ့ ရုပ်အလောင်း အကြွင်းအကျန် (အရိုးစု) ကို ပြန်လည်တွေ့ရှိရပြီဆိုတဲ့ အကြောင်းပါပဲ။ မိခင်ဖြစ်သူ ဘာကြောင့် ပျောက်ဆုံးပြီး သေဆုံးခဲ့ရလဲဆိုတဲ့ အမှန်တရားကို သိရှိဖို့အတွက် ဒုံဟွမ်တစ်ယောက် စုံစမ်းစစ်ဆေးမှုတွေ စတင်ပြုလုပ်ရာကနေ… သူ့မိသားစုရဲ့ ကောက်ကျစ်မှောင်မှိုက်လွန်းတဲ့ စိတ္တဇ အတိတ်ဆိုးကြီး (Twisted Odyssey) ထဲကို ခြေစုံပစ် ဝင်ရောက်မိသွားပါတော့တယ်။ သဲလွန်စတွေကို လိုက်လံအဖြေရှာရင်း တစ်ဖက်ကလည်း အပြစ်မဲ့ပုံပေါ်တဲ့ မျက်မမြင်ဖခင်ကြီးရဲ့ မျက်နှာဖုံးနောက်ကွယ်က ထောင်ချောက်တွေ၊ လျှို့ဝှက်ချက်ဆိုးတွေကို ဉာဏ်ကစား ဖော်ထုတ်ရတဲ့အခါမှာတော့…

Be the first to review “The Ugly”

Your email address will not be published. Required fields are marked *

There are no reviews yet.

Share

Movies
Tv Shows
Videos
Search