Killhouse

2 Views
0
2026152 min

ရန်သူ့လက်အောက် ရောက်ရှိနေတဲ့ အန္တရာယ်ဇုန်နယ်မြေအတွင်း ပြန်ပေးဆွဲခံလိုက်ရတဲ့ သမီးဖြစ်သူကို ကယ်တင်ဖို့ မိဘနှစ်ပါးက အချိန်နဲ့အမျှ အသက်လု ရုန်းကန်ရမယ့် သဲထိတ်ရင်ဖို အက်ရှင်ရုပ်ရှင်ကောင်းတစ်ကား ဖြစ်ပါတယ်။

ဇာတ်လမ်းကတော့ ရန်သူတွေ သိမ်းပိုက်ထားတဲ့ အပိတ်နယ်မြေတစ်ခုထဲမှာ သမီးဖြစ်သူ ပြန်ပေးဆွဲခံရရာကနေ စတင်ထားပါတယ်။ ငွေညှစ်ဖလှယ်မှု အစီအစဉ် ပျက်ပြားသွားပြီးတဲ့နောက်မှာတော့ ကွန်မန်ဒိုအရာရှိဟောင်း ဖခင်ဖြစ်သူ ဆိုဗာ – SOVA (Ben Affleck) နဲ့ အင်ဂျင်နီယာတစ်ဦးဖြစ်တဲ့ မိခင်ဖြစ်သူ ဆစ်ဒ် – SID (Charlize Theron) တို့ ဇနီးမောင်နှံနှစ်ဦးဟာ ကိုယ်ပိုင်ဗျူဟာတွေ၊ နည်းပညာသုံး လက်နက်ဆန်းတွေနဲ့အတူ သတ်ကွင်းပြင် (Kill House) ကြီးသဖွယ်ဖြစ်နေတဲ့ ရန်သူ့စခန်းဆီ သက်စွန့်ဆံဖျား ဝင်မွှေဖို့ ဉာဏ်ကစားပြီး စစ်ဆင်ရေးစတင်ပါတော့တယ်။ ထူးခြားတာက ဒီကယ်တင်ရေး မစ်ရှင်ကြီးတစ်ခုလုံးကို လျှို့ဝှက်ဆန်းကြယ် သတင်းထောက်တစ်ဦးက တစ်ကမ္ဘာလုံးကို အင်တာနက်ကနေ တိုက်ရိုက် (Livestream) ထုတ်လွှင့်ပြသနေတာပဲ ဖြစ်ပါတယ်။ စစ်ပွဲရဲ့ ရက်စက်မှုတွေကြားထဲကနေ သတင်းထောက်ဟာ မိမိလွတ်မြောက်ရေးနဲ့ အမှန်တရားကို ကမ္ဘာသိအောင် ဖွင့်ချရေးကြား ဉာဏ်ချင်းပြိုင် လွန်ဆွဲရသလို၊ ဆိုဗာနဲ့ ဆစ်ဒ်တို့ကလည်း သမီးလေးကို အမိအရ ကယ်ထုတ်ဖို့ ကျောချင်းကပ် ပွဲကြမ်းရပါတော့တယ်။

Be the first to review “Killhouse”

Your email address will not be published. Required fields are marked *

There are no reviews yet.

Share

Movies
Tv Shows
Videos
Search