Filters
Showing all 9 results
The Portable Door
2023
116 min
Harry Potter စတိုင် မှော်ဆန်ဆန် Visual Effects အပြင်အဆင်တွေ၊ မင်းသားကြီး Christoph Waltz နဲ့ Sam Neill တို့ရဲ့ ဝါရင့်ပီပြင်လှတဲ့ သရုပ်ဆောင်ချက် Dialogue တွေက တကယ့်ကို ပါးစပ်အဟောင်းသား ဖြစ်ရလောက်အောင် ကောင်းမွန်လွန်းပါတယ်။ စိတ်ကူးယဉ် Fantasy ကမ္ဘာထဲမှာ ပေါ့ပေါ့ပါးပါးနဲ့ ရင်တလှပ်လှပ် အဖြေရှာရမယ့် ကားကောင်းတွေကိုမှ ကြိုက်နှစ်သက်သူတွေ လက်မလွှတ်သင့်တဲ့ ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ လန်ဒန်မြို့က ထူးဆန်းလှတဲ့ “J.W. Wells & Co.” ဆိုတဲ့ ကော်ပိုရိတ်ကုမ္ပဏီကြီးတစ်ခုမှာ အလုပ်သင်အဖြစ် ဝင်ရောက်လုပ်ကိုင်ခွင့်ရခဲ့တဲ့ လူငယ်လေး ပေါလ် (Patrick Gibson) အကြောင်းကနေ စတင်ထားပါတယ်။ ဒီကုမ္ပဏီဟာ သာမန်ရုံးတစ်ခုမဟုတ်ဘဲ ကမ္ဘာပေါ်က အဖြစ်အပျက်တွေ၊ ကံကြမ္မာတွေကို […]
en
The Portable Door
They Cloned Tyrone
2023
122 min
၇၀ ခုနှစ်တွေရဲ့ Blaxploitation ရုပ်ရှင်အငွေ့အသက်တွေ၊ ခပ်မိုက်မိုက် ဆန်းပြားတဲ့ Sci-Fi လှည့်ကွက်တွေနဲ့အတူ လူမည်းရပ်ကွက်တစ်ခုထဲက လျှို့ဝှက်ဆန်းကြယ်လှတဲ့ ပူးပေါင်းကြံစည်မှုကြီးကို ရင်တမတမ ဖော်ထုတ်ရမယ့် ခေတ်သစ် Mystery Thriller ရုပ်ရှင်ကောင်းတစ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ရပ်ကွက်ထဲက မူးယစ်ဆေးရောင်းသူ ဖွန်တိန် (John Boyega) တစ်ယောက် ရန်သူ့လက်ချက်နဲ့ သေနတ်မှန်ပြီး သေဆုံးသွားခဲ့ရာကနေ စတင်ထားပါတယ်။ ဒါပေမဲ့ မယုံနိုင်စရာကောင်းစွာနဲ့ပဲ နောက်တစ်နေ့မနက်မှာ သူဟာ ဘာဒဏ်ရာမှမရှိဘဲ အကောင်းတိုင်း ပြန်လည်နိုးထလာပါတော့တယ်။ ဒီထူးဆန်းတဲ့ ဖြစ်ရပ်ကြီးကို ရိပ်မိသွားတဲ့ ဖွန်တိန်ဟာ ရပ်ကွက်ထဲက လည်လွန်းတဲ့ ဖောက်သည်ပွဲစား ဆလစ် (Jamie Foxx)၊ စပ်စုတတ်တဲ့ အမျိုးသမီး ယိုယို (Teyonah Parris) တို့နဲ့ ပူးပေါင်းပြီး စုံထောက်ဆန်ဆန် လိုက်လံစုံစမ်းကြပါတယ်။ […]
en
They Cloned Tyrone
Minority Report
2002
145 min
“သင် မကျူးလွန်ရသေးတဲ့ ရာဇဝတ်မှုတစ်ခုအတွက် သင့်ကို ဖမ်းဆီးမယ်ဆိုရင်…” 🧠💥 နည်းပညာတွေ အဆမတန် တိုးတက်လာပြီး လူသတ်မှုတစ်ခု မဖြစ်ပွားခင် နာရီပိုင်းအလိုမှာတင် ကြိုတင်သိရှိတားဆီးနိုင်တဲ့ အနာဂတ်လောကကြီး။ ဒါပေမဲ့ တစ်နေ့မှာတော့ ဒီစနစ်ကြီးကို ဦးဆောင်နေတဲ့ အကြီးအကဲ ဂျွန်အန်ဒါတန် (Tom Cruise) ကိုယ်တိုင်က နောက်ထပ် ၃၆ နာရီအတွင်း လူသတ်မယ့်သူအဖြစ် စနစ်ကြီးရဲ့ သတ်မှတ်ခြင်းကို ခံလိုက်ရတဲ့အခါမှာတော့… မိမိကိုယ်ကို အပြစ်မရှိကြောင်း သက်သေပြဖို့ စနစ်ကြီးကို ပြန်လည်အာခံပြီး ထွက်ပြေးရင်း အနာဂတ်ရဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ရမယ့် Sci-Fi Psychological Thriller ကားကောင်းကြီး ဖြစ်ပါတယ်။ Show More
en
Minority Report
Creation of the Gods I: Kingdom of Storms
2023
148 min
“နတ်ဘုရားတွေ၊ လူသားတွေနဲ့ မိစ္ဆာတွေ သွေးမြေကျမယ့် ကမ္ဘာဦးစစ်ပွဲကြီးရဲ့ အစ…”။ တရုတ်နိုင်ငံရဲ့ နာမည်ကြီး ရှေးဟောင်းဒဏ္ဍာရီ “ဖန်ရှန်ပန်း” (Investiture of the Gods) ကို အခြေခံပြီး ဒေါ်လာ သန်း ၄၀၀ ကျော် အကုန်အကျခံကာ ဟောလိဝုဒ်အဆင့် Effects တွေနဲ့ ခမ်းနားထည်ဝါစွာ ပုံဖော်ထားတဲ့ Epic Fantasy Action ရုပ်ရှင်မော်ကွန်းကြီး ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ဆိုးသွမ်းပြီး အာဏာရူးတဲ့ ရှန်မင်းကြီး (Kris Phillips) ဟာ ကိုးပါးအမြီးရှိတဲ့ မြေခွေးမိစ္ဆာမ သုတန့်ကျီ (Naran) ရဲ့ ပြုစားမှုကို ခံလိုက်ရပြီးနောက်၊ တိုင်းပြည်ကို သွေးချောင်းစီးအောင် ရက်စက်ပြပြီး နတ်ဘုရားတွေရဲ့ ကျိန်စာသင့်မှုကို ခံရပါတော့တယ်။ ဒီကျိန်စာကနေ ကယ်တင်ဖို့အတွက် နတ်ဘုရားလောကက “နတ်ဘုရားစာရင်းစောင်” […]
zh
Creation of the Gods I: Kingdom of Storms
Blue Beetle
2023
128 min
“ကောလိပ်ဘွဲ့ရလူငယ်လေးတစ်ယောက် ဆန်းပြားတဲ့ ဂြိုဟ်သားနည်းပညာ ပိုးကောင်ကြီးနဲ့ မမျှော်လင့်ဘဲ ပူးပေါင်းမိသွားတဲ့အခါ…”။ DC ရုပ်ရှင်လောကရဲ့ အရောင်အသွေးအစုံလင်ဆုံးနဲ့ မိသားစုသံယောဇဉ်ကို အားအကောင်းဆုံး ပုံဖော်ထားတဲ့ Sci-Fi Superhero အက်ရှင်ရုပ်ရှင်ကားကြီး ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ မက္ကဆီကန်နွယ်ဖွား လူငယ်လေး ဂျေမီ ရီယေရာ (Xolo Maridueña) ဟာ အဆင့်မြင့် အပြာရောင်ပိုးကောင်ရုပ် “Scarab” ကြီးရဲ့ အိမ်ရှင်အဖြစ် ရွေးချယ်ခြင်း ခံလိုက်ရပြီးနောက်၊ တွေးလိုက်ရုံနဲ့ လက်နက်မျိုးစုံ ထုတ်လုပ်ပေးနိုင်တဲ့ အမိုက်စား စက်ရုပ်ဝတ်စုံကြီးကို ပိုင်ဆိုင်ခွင့်ရပြီး စူပါဟီးရိုး ဖြစ်လာပါတယ်။ ဒီနည်းပညာကို လုယူပြီး ကမ္ဘာဖျက်လက်နက်တွေ ထုတ်ချင်နေတဲ့ ကော်ပိုရေးရှင်းကြီးရဲ့ အန္တရာယ်ကနေ ဂျေမီတစ်ယောက်တည်းတင်မကဘဲ သူ့ရဲ့ လုံးဝအလွဲအချော် ကမောက်ကမဖြစ်တတ်တဲ့ မိသားစုဝင်တွေပါ စုပေါင်းပြီး တစ်ခဲနက် ပြန်လည်တိုက်ခိုက်ကြရပါတယ်။ Iron Man […]
en
Blue Beetle
Shazam! Fury of the Gods
2023
130 min
နတ်ဘုရား Atlas ရဲ့ သမီးတော်တွေဖြစ်တဲ့ Hesperia နဲ့ Kalypso တို့ ဆုံးရှုံးသွားတဲ့ စွမ်းအားတွေကို ပြန်ယူဖို့ ကမ္ဘာမြေကို ကျူးကျော်လာချိန်မှာ Shazam နဲ့ သူ့ရဲ့ စွမ်းအားရှင် မွေးစားညီအစ်ကို မောင်နှမတစ်စု ဘယ်လိုရင်ဆိုင်တိုက်ခိုက်ကြမလဲဆိုတာကို ရိုက်ကူးထားတဲ့ အက်ရှင်ကားကြီးပါ။ Billy Batson တစ်ယောက် စူပါဟီးရိုးတစ်ယောက်ရဲ့ တာဝန်နဲ့ မိသားစုကို စုစည်းထားဖို့ ကြိုးစားနေရတဲ့ကြားက နဂါးကြီးတွေ၊ ထူးဆန်းတဲ့ ဒဏ္ဍာရီလာ သတ္တဝါတွေနဲ့ ကမ္ဘာကြီးကို ကယ်တင်ဖို့ တိုက်ပွဲဝင်ရမှာပါ။ Visual Effects အလန်းစားတွေ၊ ကြီးကျယ်ခမ်းနားတဲ့ တိုက်ခိုက်ခန်းတွေအပြင် တစ်ကားလုံး အလွဲအချော် ဟာသတွေနဲ့ ပြည့်နှက်နေတာကြောင့် အက်ရှင်ကိုမှ ပေါ့ပေါ့ပါးပါးနဲ့ အားရပါးရ ကြည့်ချင်သူတွေအတွက် အပြတ်အသတ် သဘောကျစေမယ့် ရုပ်ရှင်ကောင်းတစ်ကားပဲ ဖြစ်ပါတယ်။ Show […]
en
Shazam! Fury of the Gods
Big Momma’s House
2000
98 min
FBI အေးဂျင့် မယ်လ်ကွန် (Malcolm) ဆိုတာ ရုပ်ဖျက်ရမှာ ဆရာတစ်ဆူပါ။ တစ်နေ့မှာတော့ ထောင်ပြေးတစ်ယောက်ရဲ့ ရည်းစားဟောင်းနဲ့ ကလေးကို စောင့်ကြည့်ဖို့ ထောင်ပြေးရည်းစားဟောင်းရဲ့ အဖွားအိမ်ကို စေလွတ်ခြင်းခံခဲ့ရပါတယ် စောင့်ကြည့်နေတုန်းအဖွားကြီးခရီးသွားတာကို အခွင့်ကောင်းယူပြီး အဖွားကြီးလို ရုပ်ဖျက်ကာ ထောင်ပြေးကိုစောင့်ဖမ်းမှာကို ကြည့်ရှုရမယ့် ဟာသကားလေးပဲဖြစ်ပါတယ် Show More
en
Big Momma’s House
57 Seconds
2023
99 min
တစ်မိနစ်တောင်မပြည့်တဲ့ အချိန်လေးက မင်းရဲ့ ကံကြမ္မာကို ပြောင်းလဲနိုင်မလား? Tech Blogger လေးတစ်ယောက်ဟာ သူအားကျရတဲ့ Tech Guru ကြီးနဲ့ အင်တာဗျူးခွင့်ရဖို့စောင့်နေတဲ့အချိန်မှာ သူ့ဘဝကို ပြောင်းလဲစေမယ့် “လုပ်ကြံမှု” တစ်ခု ဖြစ်လာခဲ့ပါတယ် အဲ့ဒီလုပ်ကြံမှုကို တားဆီးရင်း “လက်စွပ်” တစ်ကွင်းကို ကောက်ရသွားပါတော့တယ် အဲ့လက်စွပ်ဟာ လူကို အတိတ်ဆီ ၅၇ စက္ကန့် နောက်ပြန်ဆုတ်ပေးနိုင်တဲ့ လက်စွပ်ဖြစ်နေတဲ့အခါမှာတော့ … “တစ်မိနစ်တောင် မပြည့်တဲ့ အချိန်လေးထဲမှာ မင်း ဘာတွေ ပြောင်းလဲပစ်နိုင်မလဲ?” ဒီစွမ်းအားကို သုံးပြီး သူ့ဘဝအတွက် အခွင့်အရေးတွေ ယူမလား? ဒါမှမဟုတ် ပိုကြီးမားတဲ့ ပူးပေါင်းကြံစည်မှုတွေကို ဖော်ထုတ်မလား? Show More
en
57 Seconds
Ballerina
2023
93 min
“မင်းကို ငါ မကာကွယ်နိုင်ခဲ့ဘူး… ဒါပေမဲ့ မင်းကို ဒီလိုဖြစ်အောင်လုပ်တဲ့သူကိုတော့ ငါ အရှင်ထားမှာမဟုတ်ဘူး။” ဒါကတော့ သာမန် အက်ရှင်ကားတစ်ကား မဟုတ်ပါဘူး။ ကိုယ်ရံတော်ဟောင်း (Bodyguard) တစ်ယောက်ဖြစ်တဲ့ အော့ဂျူ (Ok-ju) ရဲ့ သွေးအေးအေးနဲ့ ကလဲ့စားချေတဲ့ ခရီးစဉ်ပါ။ သူမရဲ့ အချစ်ဆုံးသူငယ်ချင်း “ဘဲလေးကသမားလေး” ကို ရက်ရက်စက်စက် ဒုက္ခပေးခဲ့တဲ့သူတွေကို လိုက်လံအမဲလိုက်တဲ့ ဇာတ်လမ်းပါ။ “အသားကုန် မိုက်တဲ့ အက်ရှင်တွေ၊ လှပတဲ့ ရိုက်ချက်တွေနဲ့ အတူ… မတရားမှုကို ကိုယ်တိုင် လက်စားချေပြမယ့် ပုံစံမျိုးကို ကြိုက်ရင်တော့ ဒါကို လုံးဝ လက်မလွှတ်ပါနဲ့။” Show More
ko
