Please enter keywords
Please enter keywords
Please enter keywords
Please enter keywords
အင်တာပိုလ် (Interpol) ကနေ ကမ္ဘာ့အလိုရှိဆုံး ထိပ်တန်းရာဇဝတ်ကောင်တွေကို ဖမ်းဆီးဖို့ ထုတ်ပြန်တဲ့ “နီပိန်းဝရမ်း (Red Notice)” ကို အခြေခံပြီး… ကမ္ဘာကျော် အနုပညာပစ္စည်းတစ်ခုဖြစ်တဲ့ အီဂျစ်ဘုရင်မ ကလီယိုပါထရာရဲ့ “ရွှေဥ ၃ လုံး” ကို အပြိုင်အဆိုင် လုယူဖို့ ဉာဏ်ချင်းပြိုင်ကြတဲ့ သဲထိတ်ရင်ဖို ရုပ်ရှင်ကောင်းတစ်ကား ဖြစ်ပါတယ်။
ဇာတ်လမ်းကတော့ FBI ရဲ့ ထိပ်တန်းမှုခင်းပရိုဖိုင်လာ ဂျွန် ဟာ့တလေ (Dwayne Johnson) ဟာ ကမ္ဘာ့ဒုတိယမြောက် အနုပညာပစ္စည်းသူခိုး နိုလန် ဘုသ် (Ryan Reynolds) ကို လက်ရဖမ်းဆီးဖို့ ကြိုးစားရာကနေ စတင်ထားပါတယ်။ ဒါပေမဲ့ ကမ္ဘာ့နံပါတ်တစ် အနုပညာပစ္စည်းသူခိုးမလေး “The Bishop” (Gal Gadot) ရဲ့ အကွက်စိပ်စိပ် ထောင်ချောက်ဆင် မျက်နှာဖုံးစွပ် ချောက်ချမှုကြောင့် FBI အေးဂျင့် ဂျွန်တစ်ယောက် သံသယတရားခံအဖြစ် သတ်မှတ်ခံရပြီး သူခိုး ဘုသ်နဲ့အတူ ရုရှားရဲ့ အကျဉ်းထောင်ထဲ ညှပ်ပိတ်မိသွားပါတော့တယ်။ ဂျွန်ဟာ သူ့ရဲ့ နာမည်ဂုဏ်သတင်း ပြန်လည်ရရှိဖို့နဲ့ ဘုသ်ကလည်း နံပါတ်တစ်သူခိုးနေရာ ပြန်လုဖို့အတွက် သူတို့နှစ်ယောက်ဟာ မချစ်သော်လည်း အောင့်ကာနမ်း ကျောချင်းကပ် ပူးပေါင်းခဲ့ရပါတော့တယ်။ သူတို့ဟာ Bishop ရဲ့ နောက်ကွယ်က ဗျူဟာတွေကို ဉာဏ်ကစား ဖြိုခွဲရင်း… အီဂျစ်၊ ရောမ နဲ့ တောင်အမေရိက တောနက်တွေထဲအထိ ကမ္ဘာပတ်ပြီး ရွှေဥတွေကို အမိအရ လိုက်လံခိုးယူရတဲ့အခါမှာတော့…

It's free. No subscription required

There are no reviews yet.