Please enter keywords
Please enter keywords
Please enter keywords
Please enter keywords
Harry Potter စတိုင် မှော်ဆန်ဆန် Visual Effects အပြင်အဆင်တွေ၊ မင်းသားကြီး Christoph Waltz နဲ့ Sam Neill တို့ရဲ့ ဝါရင့်ပီပြင်လှတဲ့ သရုပ်ဆောင်ချက် Dialogue တွေက တကယ့်ကို ပါးစပ်အဟောင်းသား ဖြစ်ရလောက်အောင် ကောင်းမွန်လွန်းပါတယ်။ စိတ်ကူးယဉ် Fantasy ကမ္ဘာထဲမှာ ပေါ့ပေါ့ပါးပါးနဲ့ ရင်တလှပ်လှပ် အဖြေရှာရမယ့် ကားကောင်းတွေကိုမှ ကြိုက်နှစ်သက်သူတွေ လက်မလွှတ်သင့်တဲ့ ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။
ဇာတ်လမ်းကတော့ လန်ဒန်မြို့က ထူးဆန်းလှတဲ့ “J.W. Wells & Co.” ဆိုတဲ့ ကော်ပိုရိတ်ကုမ္ပဏီကြီးတစ်ခုမှာ အလုပ်သင်အဖြစ် ဝင်ရောက်လုပ်ကိုင်ခွင့်ရခဲ့တဲ့ လူငယ်လေး ပေါလ် (Patrick Gibson) အကြောင်းကနေ စတင်ထားပါတယ်။ ဒီကုမ္ပဏီဟာ သာမန်ရုံးတစ်ခုမဟုတ်ဘဲ ကမ္ဘာပေါ်က အဖြစ်အပျက်တွေ၊ ကံကြမ္မာတွေကို မျက်နှာဖုံးစွပ် ကြိုးကိုင်နေတဲ့ မှော်ဆရာတွေ စုဝေးရာနေရာ ဖြစ်နေတာပါပဲ။ ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် ဉာဏ်ကြီးရှင် ဟမ်ဖရီ (Christoph Waltz) ဟာ ပေါလ်ကို လျှို့ဝှက်ချက်တစ်ခု ရှာဖွေဖို့ တာဝန်ပေးခဲ့ပါတယ်။ အဲ့ဒါကတော့ ဘယ်နေရာကိုမဆို စက္ကန့်ပိုင်းအတွင်း ဖြတ်သန်းသွားလာနိုင်တဲ့ “သယ်ဆောင်ရလွယ်ကူသော တံခါး (The Portable Door)” ကို ရှာဖွေဖို့ပါပဲ။ ပေါလ်ဟာ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်မလေးနဲ့အတူ ကုမ္ပဏီရဲ့ မှောင်မှိုက်တဲ့ လျှို့ဝှက်ချက်တွေကို ဉာဏ်ချင်းပြိုင် ဖော်ထုတ်ရင်း… ကုမ္ပဏီက ကမ္ဘာကြီးကို အမှောင်ဖုံးအောင် အကွက်ဆင်နေမှန်း သိလိုက်ရတဲ့အခါ မိမိတို့ရဲ့ စွမ်းရည်တွေကို သုံးပြီး ကျောချင်းကပ် တန်ပြန်ပွဲကြမ်းရပါတော့တယ်။

It's free. No subscription required

There are no reviews yet.