Movies

Filters
Showing all 8 results
Bad Times at the El Royale
2018
141 min
ကယ်လီဖိုးနီးယားနဲ့ နီဗားဒါး ပြည်နယ်နှစ်ခုရဲ့ နယ်စပ်မျဉ်းပေါ်မှာ ကွက်တိကျနေတဲ့ လျှို့ဝှက်ဆန်းကြယ် “El Royale” ဟိုတယ်ကြီးထဲမှာ… တစ်ညတာအတွင်း မထင်မှတ်ဘဲ ဆုံတွေ့မိကြတဲ့ သူစိမ်း ၇ ယောက်ရဲ့ သေမင်းတမန် ကစားပွဲကို သွေးအေးအေးနဲ့ အကွက်စိပ်စိပ် ရိုက်ကူးထားတဲ့ ရုပ်ရှင်ကောင်းတစ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ အတိတ်မကောင်းတဲ့ ခရစ်ယာန်ဘုန်းကြီးတစ်ပါး၊ အဆိုတော်မလေးတစ်ဦး၊ ဖုန်စုပ်စက် အရောင်းစာရေးတစ်ယောက်နဲ့ လျှို့ဝှက်ဆန်းကြယ် အမျိုးသမီးတစ်ဦးတို့ ဟိုတယ်ကို အခန်းကိုယ်စီ ငှားရမ်းရာကနေ စတင်ထားပါတယ်။ ဒါပေမဲ့ သူတို့အားလုံးဟာ သာမန်ခရီးသွားတွေမဟုတ်ဘဲ မျက်နှာဖုံးနောက်ကွယ်မှာ FBI လျှို့ဝှက်အေးဂျင့်၊ ပြန်ပေးဆွဲသမား စတဲ့ ကိုယ်ပိုင်ဗျူဟာတွေ၊ လျှို့ဝှက်ချက်တွေ ရှိနေကြသူများ ဖြစ်ပါတယ်။ ပိုဆိုးတာက ဒီဟိုတယ်ကြီးရဲ့ အခန်းတိုင်းမှာ တစ်ဖက်မြင်မှန်တွေနဲ့ လျှို့ဝှက်အသံဖမ်းစနစ်တွေ ရှိနေပြီး သူတို့အားလုံးကို တစ်ယောက်ယောက်က ချောက်ချဖို့ […]
en
Bad Times at the El Royale
Minority Report
2002
145 min
“သင် မကျူးလွန်ရသေးတဲ့ ရာဇဝတ်မှုတစ်ခုအတွက် သင့်ကို ဖမ်းဆီးမယ်ဆိုရင်…” 🧠💥 နည်းပညာတွေ အဆမတန် တိုးတက်လာပြီး လူသတ်မှုတစ်ခု မဖြစ်ပွားခင် နာရီပိုင်းအလိုမှာတင် ကြိုတင်သိရှိတားဆီးနိုင်တဲ့ အနာဂတ်လောကကြီး။ ဒါပေမဲ့ တစ်နေ့မှာတော့ ဒီစနစ်ကြီးကို ဦးဆောင်နေတဲ့ အကြီးအကဲ ဂျွန်အန်ဒါတန် (Tom Cruise) ကိုယ်တိုင်က နောက်ထပ် ၃၆ နာရီအတွင်း လူသတ်မယ့်သူအဖြစ် စနစ်ကြီးရဲ့ သတ်မှတ်ခြင်းကို ခံလိုက်ရတဲ့အခါမှာတော့… မိမိကိုယ်ကို အပြစ်မရှိကြောင်း သက်သေပြဖို့ စနစ်ကြီးကို ပြန်လည်အာခံပြီး ထွက်ပြေးရင်း အနာဂတ်ရဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ရမယ့် Sci-Fi Psychological Thriller ကားကောင်းကြီး ဖြစ်ပါတယ်။ Show More
en
Minority Report
Psychokinesis
2018
101 min
“တစ်နေ့မှာ စွမ်းအားဆန်းတွေ ရုတ်တရက် ရလာတဲ့ အလွဲအချော် ဖခင်ကြီးက… အဓမ္မလူမိုက်တွေလက်ကနေ သမီးဖြစ်သူကို ကယ်တင်ဖို့ ‘စိတ်အလိုရှိရာ ရွေ့လျားစေနိုင်တဲ့’ စူပါပါဝါနဲ့ ကြမ်းပြမယ့်ပွဲ…”။ Train to Busan ရဲ့ ကမ္ဘာကျော်ဒါရိုက်တာ Yeon Sang-ho ရိုက်ကူးထားပြီး မင်းသားကြီး Ryu Seung-ryong (Miracle in Cell No. 7 မင်းသား) နဲ့ မင်းသမီးချော Shim Eun-kyung တို့ ပါဝင်ထားတဲ့ အရောအနှောမရှိ သွေးဆူစရာ တောင်ကိုရီးယား Sci-Fi Superhero Action-Comedy ကားကောင်း ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ဆိုးဝါးတဲ့ ဘဝအခြေအနေကြောင့် မိသားစုကို ပစ်ပယ်ထားခဲ့တဲ့ လုံခြုံရေးဝန်ထမ်း ဆော့ဟွန်း (Ryu Seung-ryong) ဟာ ထူးဆန်းတဲ့ […]
ko
Psychokinesis
Gods of Egypt
2016
127 min
ရှေးဟောင်းအီဂျစ်ဒဏ္ဍာရီလာ နတ်ဘုရားတွေရဲ့ အာဏာလုပွဲနဲ့ စွန့်စားခန်းတွေကို ကြီးကျယ်ခမ်းနားတဲ့ Visual Effects တွေနဲ့ ပုံဖော်ထားတဲ့ အက်ရှင် Fantasy ကားကြီးပါ။ ရက်စက်တဲ့ အမှောင်ထုနတ်ဘုရား Set က ထီးနန်းကို အဓမ္မသိမ်းပိုက်လိုက်တဲ့အခါမှာတော့ နုပျိုတဲ့ နတ်ဘုရား Horus ဟာ လူသားသူခိုးလေးတစ်ယောက်နဲ့ ပူးပေါင်းပြီး တိုင်းပြည်ကို ပြန်လည်ကယ်တင်ဖို့ ကြိုးစားရပုံကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ရွှေရောင်တောက်ပတဲ့ နတ်ဘုရားတွေရဲ့ တိုက်ပွဲတွေ၊ ထူးဆန်းတဲ့ သတ္တဝါကြီးတွေနဲ့ ရင်သပ်ရှုမောဖွယ် နန်းတော်ကြီးတွေကို အားရစရာ မြင်တွေ့ရမှာပါ။ ဒဏ္ဍာရီဆန်ဆန် အက်ရှင်ကားတွေကိုမှ တစ်ကားလုံး ရွှေရောင်တဝင်းဝင်းနဲ့ အမိုက်စား CGI တွေ ကြည့်ချင်သူတွေအတွက်တော့ အပြတ်အသတ် သဘောကျစေမယ့် ရုပ်ရှင်ကောင်းတစ်ကားပဲ ဖြစ်ပါတယ်။ Show More
en
Gods of Egypt
What a Man Wants
2018
100 min
လူပျိုကြီးစိတ် မကုန်သေးတဲ့ ယောကျ်ားတစ်ယောက်နဲ့ သူ့ရဲ့ ပတ်ဝန်းကျင်က မိသားစု၊ သူငယ်ချင်းတွေကြားက ရှုပ်ထွေးပွေလီလှတဲ့ အချစ်ရေးဇာတ်လမ်းတွေကို ဟာသနှောပြီး ရိုက်ကူးထားတဲ့ ကိုရီးယား Adult-Comedy ရုပ်ရှင်ဖြစ်ပါတယ်။ အိမ်ထောင်သည်ဘဝရဲ့ ငြီးငွေ့စရာကောင်းတဲ့ အပိုင်းတွေ၊ ဖောက်ပြန်မှုနဲ့ သစ္စာတရားကြားက အားပြိုင်မှုတွေကို ပွင့်ပွင့်လင်းလင်းနဲ့ ရယ်မောစရာဖြစ်အောင် တင်ဆက်ထားတာပါ။ ဇာတ်လမ်းထဲက ကာရိုက်တာတွေရဲ့ မဆီမဆိုင် တလွဲတချော် ဖြစ်ရပ်တွေက သင့်ကို အော်ရယ်ရစေမှာဖြစ်သလို၊ တစ်ဖက်မှာလည်း လူမှုရေးပတ်သက်မှုတွေအပေါ် ပြန်လည်တွေးတောစရာလေးတွေ ပေးသွားပါလိမ့်မယ်။ ပေါ့ပေါ့ပါးပါးနဲ့ ရယ်ရယ်မောမော ကြည့်ချင်သူတွေအတွက်တော့ ဒီကားဟာ အပန်းဖြေဖို့ အကောင်းဆုံး ရွေးချယ်မှုတစ်ခု ဖြစ်မှာပါ။ Show More
ko
What a Man Wants
Hall Pass
2011
105 min
Rick နဲ့ Fred ဆိုတဲ့ သူငယ်ချင်းနှစ်ယောက်ဟာ အိမ်ထောင်ကျတာ ကြာလာတာနဲ့အမျှ အပြင်က မိန်းမလှလေးတွေကို ငေးမောကြည့်ရှုရင်း အိမ်ထောင်ရေးမှာ စိတ်မပါသလို ဖြစ်လာကြပါတယ်။ ဒါကို သတိထားမိတဲ့ သူတို့ရဲ့ ဇနီးသည်တွေက ထူးထူးခြားခြား အစီအစဉ်တစ်ခု ချပေးလိုက်ပါတယ်။ အဲ့ဒါကတော့ တစ်ပတ်တိတိ သူတို့ဘာလုပ်လုပ် ခွင့်လွှတ်ပေးမယ့် ‘Hall Pass’ (လွတ်လပ်ခွင့်လက်မှတ်) ပဲ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ကတော့ လူပျိုဘဝတုန်းကလို ပျော်ရပါးရတော့မယ်ဆိုပြီး အရမ်းကို တက်ကြွနေကြတာပါ။ ဒါပေမဲ့ တကယ်တမ်း လက်တွေ့မှာတော့ သူတို့ထင်သလို ဖြစ်မလာဘဲ အသက်အရွယ်အရ ပြောင်းလဲသွားတဲ့ ခေတ်ရေစီးကြောင်းတွေကြားမှာ ဘယ်လိုတွေ အလွဲအချော်တွေနဲ့ပဲ ရင်ဆိုင်ပြီး ရှယ်ခွီးရမလဲဆိုတာ.. Show More
en
Hall Pass
A Violent Prosecutor
2016
126 min
ဖြောင့်မတ်ပြီး ဒေါသကြီးတဲ့ အစိုးရရှေ့နေ ဗြောင်ဂျေဝတ် (Byun Jae-wook) ဟာ သူတရားစွဲဆိုနေတဲ့ သံသယရှိသူတစ်ယောက် အသတ်ခံရမှုမှာ လူသတ်သမားအဖြစ် အကွက်ချစွပ်စွဲခံလိုက်ရပါတယ်။ တရားဥပဒေကို ကိုင်တွယ်ခဲ့သူကိုယ်တိုင် ထောင်ဒဏ် ၁၅ နှစ် ကျခံခဲ့ရပြီး အကျဉ်းထောင်ထဲ ရောက်သွားတဲ့အခါမှာတော့ အပြင်ထွက်လို့မရတဲ့ ရှေ့နေကြီးဟာ ထောင်ထဲကနေ ကြိုးကိုင်ပြီး အပြင်ကလူလိမ်လေးကို သူ့ရဲ့ “ရုပ်သေးရုပ်” အဖြစ် အသုံးချပြီး အမှန်တရားကို ဘယ်လိုဖော်ထုတ်မလဲဆိုတာ ရင်တထိတ်ထိတ် ကြည့်ရမှာပါ Show More
ko
A Violent Prosecutor
Doctor Dolittle
1998
85 min
ဒေါက်တာ ဂျွန် ဒူးလစ်တဲလ် (John Dolittle) ဆိုတာ အောင်မြင်ကျော်ကြားတဲ့ ဆရာဝန်တစ်ဦးဖြစ်သလို ချစ်စရာကောင်းတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားသူပါ။ သူ့ဘဝက အရာရာ အဆင်ပြေချောမွေ့နေခဲ့ပေမဲ့… သူငယ်ငယ်ကတည်းက ဖျောက်ဖျက်ထားခဲ့တဲ့ “ထူးခြားဆန်းပြားတဲ့ ပါရမီ” တစ်ခု ရုတ်တရက် ပြန်နိုးထလာတဲ့အခါမှာတော့ အရာအားလုံး ပြောင်းလဲသွားပါတော့တယ်။ အဲဒီပါရမီကတော့… “တိရစ္ဆာန်တွေနဲ့ စကားပြောနိုင်တာ” ပါပဲ! ဒါကို တိရစ္ဆာန်တွေသိသွားတဲ့အခါမှာတော့ ခွေး၊ ကြောင်၊ ငှက်ကအစ လမ်းဘေးက ကြွက်တွေအထိ ဒေါက်တာ့ဆီကို အကြံဉာဏ်တောင်းဖို့ တန်းစီရောက်လာကြပါတယ်။ တိရစ္ဆာန်တွေရဲ့ ရယ်စရာကောင်းတဲ့ ပြဿနာတွေကို ဒေါက်တာဂျွန် ဒူးလစ်တဲလ်ကြီး ဘယ်လိုဖြေရှင်းပေးမလဲဆိုတာ ရယ်မောရင်းကြည့်ရှုရမှာပဲဖြစ်ပါတယ် Show More
en
Doctor Dolittle
Movies
Tv Shows
Videos
Search