Filters
Showing all 3 results
Not Another Teen Movie
2001
89 min
ဇာတ်လမ်းဆန်းကြီး မဟုတ်ဘဲ She’s All That, 10 Things I Hate About You, American Pie နဲ့ Bring It On တို့လို နာမည်ကြီး ဆယ်ကျော်သက် ရုပ်ရှင်တွေကို တစ်ကားတည်းပေါင်းပြီး အူလှိုင်းရိုက်အောင် တစ်ခန်းချင်းစီ visual အလွဲတွေနဲ့ ပုံဖော်လှောင်ပြောင်ထားတဲ့ ဟာသရုပ်ရှင်ကောင်းတစ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ဂျွန် ဟျူးစ် အထက်တန်းကျောင်းက နာမည်ကြီး ဘောလုံးသမား ဂျိခ် (Chris Evans) အကြောင်းကနေ စတင်ထားပါတယ်။ သူဟာ သူ့ရဲ့ ပြိုင်ဘက်သူငယ်ချင်းနဲ့ မထင်မှတ်ဘဲ အလောင်းအစားတစ်ခု ဉာဏ်ကစားပြီး လုပ်မိပါတော့တယ်။ အဲ့ဒါကတော့ ကျောင်းမှာ အော့အော်လန်အောင် အဆိုးဆုံးလို့ အားလုံးက သတ်မှတ်ထားတဲ့၊ မျက်မှန်ကြီးတပ်ပြီး ပန်းချီဆွဲရတာ […]
en
Not Another Teen Movie
Big Momma’s House
2000
98 min
FBI အေးဂျင့် မယ်လ်ကွန် (Malcolm) ဆိုတာ ရုပ်ဖျက်ရမှာ ဆရာတစ်ဆူပါ။ တစ်နေ့မှာတော့ ထောင်ပြေးတစ်ယောက်ရဲ့ ရည်းစားဟောင်းနဲ့ ကလေးကို စောင့်ကြည့်ဖို့ ထောင်ပြေးရည်းစားဟောင်းရဲ့ အဖွားအိမ်ကို စေလွတ်ခြင်းခံခဲ့ရပါတယ် စောင့်ကြည့်နေတုန်းအဖွားကြီးခရီးသွားတာကို အခွင့်ကောင်းယူပြီး အဖွားကြီးလို ရုပ်ဖျက်ကာ ထောင်ပြေးကိုစောင့်ဖမ်းမှာကို ကြည့်ရှုရမယ့် ဟာသကားလေးပဲဖြစ်ပါတယ် Show More
en
Big Momma’s House
American Pie
1999
95 min
အထက်တန်းကျောင်းရဲ့ နောက်ဆုံးနှစ်… ပါတီပွဲတစ်ခုမှာ သူငယ်ချင်းလေးယောက် စုမိကြရာကနေ “ကမ္ဘာပျက်မတတ်” အရေးကြီးတဲ့ ပြဿနာတစ်ခုကို သူတို့ သတိထားမိသွားပါတယ်။ အဲဒါကတော့ သူတို့အားလုံးဟာ အခုထိ “လူပျိုစစ်စစ်” တွေ ဖြစ်နေကြတုန်းဆိုတာပါပဲ။ ကောလိပ်မတက်ခင် ဒီဂုဏ်ပုဒ်ကြီးကို အမြန်ဆုံး စွန့်လွှတ်ချင်နေတဲ့ သူတို့လေးယောက်ဟာ… “ကျောင်းဆင်းနှုတ်ဆက်ပွဲ (Prom Night) မတိုင်ခင် အားလုံး လူပျိုရည် ဖျက်ရမယ်” ဆိုပြီး သွေးသောက်ကတိ တစ်ခုကို ပြုလိုက်ကြပါတယ်။ ကတိကို တည်ဖို့ လူပျိုရည်ပျက်အောင်ကြိုးစားရင်း အလွဲပေါင်း သောင်းခြောက်ထောင်နဲ့ ဘယ်လိုတွေလွဲကြမလဲဆိုတာကို ရှယ်ခွီးရင်းကြည့်ရမှာပဲဖြစ်ပါတယ် Show More
en
