Please enter keywords
Please enter keywords
Please enter keywords
Please enter keywords
ဇာတ်လမ်းဆန်းကြီး မဟုတ်ဘဲ She’s All That, 10 Things I Hate About You, American Pie နဲ့ Bring It On တို့လို နာမည်ကြီး ဆယ်ကျော်သက် ရုပ်ရှင်တွေကို တစ်ကားတည်းပေါင်းပြီး အူလှိုင်းရိုက်အောင် တစ်ခန်းချင်းစီ visual အလွဲတွေနဲ့ ပုံဖော်လှောင်ပြောင်ထားတဲ့ ဟာသရုပ်ရှင်ကောင်းတစ်ကား ဖြစ်ပါတယ်။
ဇာတ်လမ်းကတော့ ဂျွန် ဟျူးစ် အထက်တန်းကျောင်းက နာမည်ကြီး ဘောလုံးသမား ဂျိခ် (Chris Evans) အကြောင်းကနေ စတင်ထားပါတယ်။ သူဟာ သူ့ရဲ့ ပြိုင်ဘက်သူငယ်ချင်းနဲ့ မထင်မှတ်ဘဲ အလောင်းအစားတစ်ခု ဉာဏ်ကစားပြီး လုပ်မိပါတော့တယ်။ အဲ့ဒါကတော့ ကျောင်းမှာ အော့အော်လန်အောင် အဆိုးဆုံးလို့ အားလုံးက သတ်မှတ်ထားတဲ့၊ မျက်မှန်ကြီးတပ်ပြီး ပန်းချီဆွဲရတာ ဝါသနာပါတဲ့ ကောင်မလေး ဂျေနီ (Chyler Leigh) ကို ကျောင်းကပွဲရဲ့ ဘုရင်မ (Prom Queen) ဖြစ်အောင် ပြောင်းလဲပေး (Makeover) ဖို့ပါပဲ။ ဂျိခ်ဟာ သူမကို ဆွဲဆောင်ဖို့ အကွက်စိပ်စိပ် ဗျူဟာတွေဆင်ရင်း တစ်ဖက်မှာလည်း ကျောင်းရဲ့ လှပဆန်းကြယ်တဲ့ Cheerleader ခေါင်းဆောင်မလေးတွေ၊ အဝတ်ဗလာဖြစ်အောင် စနောက်တတ်တဲ့ နိုင်ငံခြား ကျောင်းသားတွေရဲ့ ဝင်မွှေမှုကြောင့် ဘဝပျက်မတတ် အလွဲတွေ ကြုံလာရပါတော့တယ်။

It's free. No subscription required

There are no reviews yet.