Movies

Filters
Showing all 10 results
Minority Report
2002
145 min
“သင် မကျူးလွန်ရသေးတဲ့ ရာဇဝတ်မှုတစ်ခုအတွက် သင့်ကို ဖမ်းဆီးမယ်ဆိုရင်…” 🧠💥 နည်းပညာတွေ အဆမတန် တိုးတက်လာပြီး လူသတ်မှုတစ်ခု မဖြစ်ပွားခင် နာရီပိုင်းအလိုမှာတင် ကြိုတင်သိရှိတားဆီးနိုင်တဲ့ အနာဂတ်လောကကြီး။ ဒါပေမဲ့ တစ်နေ့မှာတော့ ဒီစနစ်ကြီးကို ဦးဆောင်နေတဲ့ အကြီးအကဲ ဂျွန်အန်ဒါတန် (Tom Cruise) ကိုယ်တိုင်က နောက်ထပ် ၃၆ နာရီအတွင်း လူသတ်မယ့်သူအဖြစ် စနစ်ကြီးရဲ့ သတ်မှတ်ခြင်းကို ခံလိုက်ရတဲ့အခါမှာတော့… မိမိကိုယ်ကို အပြစ်မရှိကြောင်း သက်သေပြဖို့ စနစ်ကြီးကို ပြန်လည်အာခံပြီး ထွက်ပြေးရင်း အနာဂတ်ရဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ရမယ့် Sci-Fi Psychological Thriller ကားကောင်းကြီး ဖြစ်ပါတယ်။ Show More
en
Minority Report
The Raid
2012
101 min
အက်ရှင်ရုပ်ရှင်လောကရဲ့ စံနှုန်းသစ်တစ်ခုကို သတ်မှတ်ပေးခဲ့တဲ့ အင်ဒိုနီးရှား ရုပ်ရှင်ကားကြီးဖြစ်ပြီး အစကနေ အဆုံးထိ သွေးပူစရာ အက်ရှင်ခန်းတွေနဲ့ ပြည့်နှက်နေပါတယ်။ ရာဇဝတ်ကောင်တွေ အပြည့်ရှိတဲ့ အထပ်မြင့်အဆောက်အဦးကြီးတစ်ခုထဲကို ရဲတပ်ဖွဲ့ဝင်တစ်စုက ဝင်ရောက်စီးနင်းရာကနေ မမျှော်လင့်ဘဲ ပိတ်မိသွားပြီး တစ်ထပ်ချင်းစီမှာ ရှိနေတဲ့ လူမိုက်တွေနဲ့ အသက်လုတိုက်ပွဲဝင်ရပုံကို ရိုက်ကူးထားတာပါ။ အင်ဒိုနီးရှားရိုးရာ ကိုယ်ခံပညာ (Pencak Silat) ကို အခြေခံထားတဲ့ တိုက်ခိုက်ရေးကွက်တွေက အရိုးကွဲသံ ကြားရလောက်အောင် လက်တွေ့ဆန်ပြီး ကြမ်းတမ်းလှတာကြောင့် ကြည့်ရှုသူကို ရင်တုန်ပန်းတုန် ဖြစ်စေမှာပါ။ မင်းသား Iko Uwais ရဲ့ လျင်မြန်ဖြတ်လတ်လှတဲ့ လှုပ်ရှားမှုတွေနဲ့အတူ အကွက်စိပ်စိပ် ရိုက်ချက်တွေက သင့်ကို ထိုင်ခုံကနေ မထနိုင်အောင် ဖမ်းစားထားမှာ ဖြစ်ပါတယ်။ စစ်မှန်တဲ့ အက်ရှင်ကားအစစ်အမှန်ကိုမှ ခံစားချင်သူတွေအတွက်တော့ ဒီဇာတ်ကားဟာ ဂန္တဝင်စာရင်းဝင် လက်မလွှတ်သင့်တဲ့ […]
id
The Raid
Thirst
2009
134 min
သာမန်သွေးစုပ်ဖုတ်ကောင်ရုပ်ရှင်တွေနဲ့မတူဘဲ စိတ်လှုပ်ရှားမှု၊ အချစ်နဲ့ လူသားဆန်မှုတို့ကြားက ပဋိပက္ခကို ထူးထူးခြားခြား ပုံဖော်ထားတဲ့ တောင်ကိုရီးယား ရုပ်ရှင်ကားကြီး ဖြစ်ပါတယ်။ ဆေးဘက်ဆိုင်ရာ စမ်းသပ်မှုတစ်ခုကြောင့် မတော်တဆ သွေးစုပ်ဖုတ်ကောင် ဖြစ်သွားရတဲ့ ကိုယ်ကျင့်တရား ကောင်းမွန်လွန်းတဲ့ ခရစ်ယာန် ဘုန်းတော်ကြီးတစ်ပါးရဲ့ ဘဝကို ရိုက်ကူးထားတာပါ။ မိမိရဲ့ ယုံကြည်ချက်နဲ့ သွေးဆာနေတဲ့ ဗီဇတို့ကြားမှာ အသည်းအသန် ရုန်းကန်ရပုံတွေ၊ ပြီးတော့ မသင့်တော်တဲ့ အချစ်ဇာတ်လမ်းထဲမှာ နစ်မွန်းသွားပုံတွေကို ဒါရိုက်တာ Park Chan-wook က ပြောင်မြောက်လှတဲ့ အနုပညာလက်ရာတွေနဲ့ တင်ဆက်ထားပါတယ်။ မင်းသားကြီး Song Kang-ho ရဲ့ ပြိုင်ဘက်ကင်းတဲ့ သရုပ်ဆောင်ချက်တွေက ဇာတ်လမ်းကို ပိုပြီးလေးနက်စေသလို၊ ရုပ်ရှင်တစ်ကားလုံးမှာ လွှမ်းမိုးထားတဲ့ အမှောင်ဘက်ခြမ်း ခံစားချက်တွေက သင့်ကို ရင်ဖိုထိတ်လန့်စေမှာပါ။ ဆန်းသစ်တဲ့ ဇာတ်လမ်းသွားနဲ့ ရင်နင့်စရာ […]
ko
Thirst
The Ugly Truth
2009
96 min
အချစ်ရေးမှာ လက်တွေ့ဆန်လွန်းတဲ့ အမျိုးသားတစ်ယောက်နဲ့ စိတ်ကူးယဉ်ဆန်လွန်းတဲ့ အမျိုးသမီးတစ်ယောက်တို့ရဲ့ အားပြိုင်မှုကို The Ugly Truth မှာ ရယ်မောပျော်ရွှင်စွာ ကြည့်ရှုရမှာပါ။ တီဗီပရိုဂရမ် ထုတ်လုပ်သူ Abby ဟာ သူမရဲ့ အချစ်ရေးမှာ အောင်မြင်ဖို့အတွက် အချစ်နဲ့ပတ်သက်ရင် ပွင့်လင်းလွန်းပြီး ဖောက်ထွက်တွေးခေါ်တတ်တဲ့ Mike ရဲ့ အကြံဉာဏ်တွေကို ယူရာကနေ မမျှော်လင့်ထားတဲ့ အရှုပ်အထွေးတွေ ဖြစ်လာပုံကို ဟာသနှောပြီး ရိုက်ကူးထားတာပါ။ ဒီဇာတ်ကားဟာ ယောင်္ကျားနဲ့ မိန်းမတို့ရဲ့ အချစ်အပေါ် ထားရှိတဲ့ မတူညီတဲ့ အမြင်တွေကို ပတ်ပတ်စက်စက်နဲ့ ရိုးရိုးသားသား ဖော်ပြထားလို့ ရယ်လည်းရယ်ရသလို ရင်လည်းခုန်ရပါတယ်။ အပန်းဖြေရင်း ခေါင်းထဲပေါ့ပေါ့ပါးပါးနဲ့ စွဲကျန်နေမယ့် Romantic Comedy ကားကောင်းတစ်ကား ရှာနေတယ်ဆိုရင်တော့ ဒါဟာ အသင့်တော်ဆုံး ရွေးချယ်မှုပါပဲ။ Show More
en
The Ugly Truth
Hall Pass
2011
105 min
Rick နဲ့ Fred ဆိုတဲ့ သူငယ်ချင်းနှစ်ယောက်ဟာ အိမ်ထောင်ကျတာ ကြာလာတာနဲ့အမျှ အပြင်က မိန်းမလှလေးတွေကို ငေးမောကြည့်ရှုရင်း အိမ်ထောင်ရေးမှာ စိတ်မပါသလို ဖြစ်လာကြပါတယ်။ ဒါကို သတိထားမိတဲ့ သူတို့ရဲ့ ဇနီးသည်တွေက ထူးထူးခြားခြား အစီအစဉ်တစ်ခု ချပေးလိုက်ပါတယ်။ အဲ့ဒါကတော့ တစ်ပတ်တိတိ သူတို့ဘာလုပ်လုပ် ခွင့်လွှတ်ပေးမယ့် ‘Hall Pass’ (လွတ်လပ်ခွင့်လက်မှတ်) ပဲ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ကတော့ လူပျိုဘဝတုန်းကလို ပျော်ရပါးရတော့မယ်ဆိုပြီး အရမ်းကို တက်ကြွနေကြတာပါ။ ဒါပေမဲ့ တကယ်တမ်း လက်တွေ့မှာတော့ သူတို့ထင်သလို ဖြစ်မလာဘဲ အသက်အရွယ်အရ ပြောင်းလဲသွားတဲ့ ခေတ်ရေစီးကြောင်းတွေကြားမှာ ဘယ်လိုတွေ အလွဲအချော်တွေနဲ့ပဲ ရင်ဆိုင်ပြီး ရှယ်ခွီးရမလဲဆိုတာ.. Show More
en
Hall Pass
Piranha 3DD
2012
83 min
နွေရာသီ အပူဒဏ်ကို ရေကူးကန်မှာ အပန်းဖြေဖို့ ကြံစည်နေသလား? ဒီကားကို ကြည့်ပြီးရင်တော့ သင် ရေချိုးဖို့တောင် စဉ်းစားရပါလိမ့်မယ်! Piranha 3DD ကတော့ ပထမကားထက် ပိုကြမ်း၊ ပိုဟော့ပြီး ပိုသွေးပျက်ဖို့ ကောင်းလာပါတယ် ဒီတစ်ခေါက်မှာတော့ ရှေးဟောင်းပီရန်ညာငါးတွေက ပင်လယ်ထဲမှာတင် မဟုတ်တော့ဘဲ လူအများအပြား အပန်းဖြေနေတဲ့ “The Big Wet” ဆိုတဲ့ ရေပန်းဥယျာဉ် (Water Park) ထဲကို ပိုက်လိုင်းတွေကတစ်ဆင့် လူတွေ ပျော်ပါးနေတုန်း ရောက်ရှိလာတဲ့ အခါမှာတော့ … 18+ အခန်းတွေနဲ့ Horror နဲ့ Comedy ကို ရောသမမွှေထားလို့ တစ်ကိုယ်ရည် အပန်းဖြေရင်း ကြည့်ဖို့ဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ စုကြည့်ပြီး အော်ရယ်ဖို့ဖြစ်ဖြစ် အကောင်းဆုံးကားတစ်ကားဆိုမို့ ရှုစားသွားကြပါအုန်း Show More
en
Piranha 3DD
Battleship
2012
131 min
လူသားတွေဟာ အာကာသထဲကသက်ရှိတွေနဲ့ ဆက်သွယ်နိုင်ဖို့ ကမ္ဘာမြေပေါ်ကနေ အချက်ပြလှိုင်းတွေ ပို့လွှတ်လိုက်တာကစပါတယ် အာကာသထဲက အချက်ပြလှိုင်းကိုရသွားတဲ့ ဂြိုလ်သားတွေဟာ ကမ္ဘာမြေပေါ်ကိုနှုတ်ဆက်ဖို့ မဟုတ်ဘဲ သိမ်းယူဖို့ ရှေ့ပြေးစစ်ယာဥ် ၄စီးနဲ့ ရောက်လာကြပါတော့တယ် ဂြိုလ်သားတွေဟာ သူတို့ဆင်းသက်လာတဲ့ နေရာတစ်ဝိုက်ကို တံတိုင်းနဲ့ကာပြီး သူတို့ရဲ့ကျန်ရှိနေတဲ့တပ်တွေကို ကမ္ဘာမြေဆီလိုက်လာဖို့ အချက်ပြဖို့ကြိုးစားတဲ့အခါမှာတော့ အဲ့တံတိုင်းထဲမှာ ပိတ်မိနေတဲ့ စစ်ရေးလေ့ကျင့်နေတဲ့ အမေရိကန် နဲ့ ဂျပန် စစ်သင်္ဘော ၃ စင်းက အဆမတန်အင်အားသာလွန်တဲ့ ဂြိုလ်သားယာဥ်ကြီးတွေကို အချက်မပြနိုင်တော့အောင် ရှယ်ဗျင်းမှာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပဲဖြစ်ပါတယ် Show More
en
Battleship
G.I. Joe: The Rise of Cobra
2009
118 min
အရာအားလုံးကို ဝါးမျိုဖျက်ဆီးနိုင်တဲ့ “Nanomite” လို့ခေါ်တဲ့ နည်းပညာမြင့် ထိပ်ဖူးတွေကို လက်နက်ပွဲစားကြီး Destro နဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ Cobra အဖွဲ့ကြီးက ခိုးယူသွားရာကနေ စတင်ပါတယ်။ သူတို့ရဲ့ ရည်ရွယ်ချက်က ကမ္ဘာ့အဓိကမြို့ကြီးတွေကို ဖျက်ဆီးပြီး ကမ္ဘာကြီးကို အကြောက်တရားနဲ့ အုပ်ချုပ်ဖို့ပါ။ ဒါကို တားဆီးဖို့အတွက် ကမ္ဘာ့အရပ်ရပ်က အတော်ဆုံးစစ်သည်တွေကို စုစည်းထားတဲ့ G.I. JOE အထူးတပ်ဖွဲ့ကြီးက ခေတ်ရှေ့ပြေး နည်းပညာတွေ၊ အမိုက်စား စစ်လက်နက်တွေနဲ့ လိုက်လံတားဆီးမှာကို ရင်သပ်ရှုမောဖွယ်ကြည့်ရှုရမယ့် အမိုက်စားအက်ရှင်ကားလေးပါ Show More
en
G.I. Joe: The Rise of Cobra
Big Momma’s House
2000
98 min
FBI အေးဂျင့် မယ်လ်ကွန် (Malcolm) ဆိုတာ ရုပ်ဖျက်ရမှာ ဆရာတစ်ဆူပါ။ တစ်နေ့မှာတော့ ထောင်ပြေးတစ်ယောက်ရဲ့ ရည်းစားဟောင်းနဲ့ ကလေးကို ‌‌‌‌စောင့်ကြည့်ဖို့ ထောင်ပြေးရည်းစားဟောင်းရဲ့ အဖွားအိမ်ကို စေလွတ်ခြင်းခံခဲ့ရပါတယ် စောင့်ကြည့်နေတုန်းအဖွားကြီးခရီးသွားတာကို အခွင့်ကောင်းယူပြီး အဖွားကြီးလို ရုပ်ဖျက်ကာ ထောင်ပြေးကိုစောင့်ဖမ်းမှာကို ကြည့်ရှုရမယ့် ဟာသကားလေးပဲဖြစ်ပါတယ် Show More
en
Big Momma’s House
American Pie
1999
95 min
အထက်တန်းကျောင်းရဲ့ နောက်ဆုံးနှစ်… ပါတီပွဲတစ်ခုမှာ သူငယ်ချင်းလေးယောက် စုမိကြရာကနေ “ကမ္ဘာပျက်မတတ်” အရေးကြီးတဲ့ ပြဿနာတစ်ခုကို သူတို့ သတိထားမိသွားပါတယ်။ အဲဒါကတော့ သူတို့အားလုံးဟာ အခုထိ “လူပျိုစစ်စစ်” တွေ ဖြစ်နေကြတုန်းဆိုတာပါပဲ။ ကောလိပ်မတက်ခင် ဒီဂုဏ်ပုဒ်ကြီးကို အမြန်ဆုံး စွန့်လွှတ်ချင်နေတဲ့ သူတို့လေးယောက်ဟာ… “ကျောင်းဆင်းနှုတ်ဆက်ပွဲ (Prom Night) မတိုင်ခင် အားလုံး လူပျိုရည် ဖျက်ရမယ်” ဆိုပြီး သွေးသောက်ကတိ တစ်ခုကို ပြုလိုက်ကြပါတယ်။ ကတိကို တည်ဖို့ လူပျိုရည်ပျက်အောင်ကြိုးစားရင်း အလွဲပေါင်း သောင်းခြောက်ထောင်နဲ့ ဘယ်လိုတွေလွဲကြမလဲဆိုတာကို ရှယ်ခွီးရင်းကြည့်ရမှာပဲဖြစ်ပါတယ် Show More
en
American Pie
Movies
Tv Shows
Videos
Search