Filters
Showing all 8 results
Not Another Teen Movie
2001
89 min
ဇာတ်လမ်းဆန်းကြီး မဟုတ်ဘဲ She’s All That, 10 Things I Hate About You, American Pie နဲ့ Bring It On တို့လို နာမည်ကြီး ဆယ်ကျော်သက် ရုပ်ရှင်တွေကို တစ်ကားတည်းပေါင်းပြီး အူလှိုင်းရိုက်အောင် တစ်ခန်းချင်းစီ visual အလွဲတွေနဲ့ ပုံဖော်လှောင်ပြောင်ထားတဲ့ ဟာသရုပ်ရှင်ကောင်းတစ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ဂျွန် ဟျူးစ် အထက်တန်းကျောင်းက နာမည်ကြီး ဘောလုံးသမား ဂျိခ် (Chris Evans) အကြောင်းကနေ စတင်ထားပါတယ်။ သူဟာ သူ့ရဲ့ ပြိုင်ဘက်သူငယ်ချင်းနဲ့ မထင်မှတ်ဘဲ အလောင်းအစားတစ်ခု ဉာဏ်ကစားပြီး လုပ်မိပါတော့တယ်။ အဲ့ဒါကတော့ ကျောင်းမှာ အော့အော်လန်အောင် အဆိုးဆုံးလို့ အားလုံးက သတ်မှတ်ထားတဲ့၊ မျက်မှန်ကြီးတပ်ပြီး ပန်းချီဆွဲရတာ […]
en
Not Another Teen Movie
Minority Report
2002
145 min
“သင် မကျူးလွန်ရသေးတဲ့ ရာဇဝတ်မှုတစ်ခုအတွက် သင့်ကို ဖမ်းဆီးမယ်ဆိုရင်…” 🧠💥 နည်းပညာတွေ အဆမတန် တိုးတက်လာပြီး လူသတ်မှုတစ်ခု မဖြစ်ပွားခင် နာရီပိုင်းအလိုမှာတင် ကြိုတင်သိရှိတားဆီးနိုင်တဲ့ အနာဂတ်လောကကြီး။ ဒါပေမဲ့ တစ်နေ့မှာတော့ ဒီစနစ်ကြီးကို ဦးဆောင်နေတဲ့ အကြီးအကဲ ဂျွန်အန်ဒါတန် (Tom Cruise) ကိုယ်တိုင်က နောက်ထပ် ၃၆ နာရီအတွင်း လူသတ်မယ့်သူအဖြစ် စနစ်ကြီးရဲ့ သတ်မှတ်ခြင်းကို ခံလိုက်ရတဲ့အခါမှာတော့… မိမိကိုယ်ကို အပြစ်မရှိကြောင်း သက်သေပြဖို့ စနစ်ကြီးကို ပြန်လည်အာခံပြီး ထွက်ပြေးရင်း အနာဂတ်ရဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ရမယ့် Sci-Fi Psychological Thriller ကားကောင်းကြီး ဖြစ်ပါတယ်။ Show More
en
Minority Report
Daredevil
2003
103 min
“မျက်စိကွယ်နေပေမယ့် တရားမျှတမှုအတွက် အမှောင်ထုကို စိုးမိုးမယ့် နတ်ဆိုးတစ်ကောင်”… အက်ရှင်မင်းသားကြီး Ben Affleck နဲ့ မင်းသမီးချော Jennifer Garner တို့ရဲ့ ငယ်ဘဝ အမိုက်စား Superhero အက်ရှင်ရုပ်ရှင်ဟောင်းကြီး ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ငယ်စဉ်က ဓာတုစွန့်ပစ်ပစ္စည်းတစ်ခုကြောင့် မျက်စိကွယ်သွားခဲ့ပေမယ့် ကျန်တဲ့အာရုံငါးပါးစလုံးက ရေဒါစနစ်လိုမျိုး သာမန်ထက် ထူးကဲစွမ်းအားမြင့်လာတဲ့ မတ်ထ် မာဒေါ့ခ် (Matt Murdock) အကြောင်းပဲ ဖြစ်ပါတယ်။ သူဟာ နေ့ဘက်မှာတော့ မတရားခံရသူတွေကို ကာကွယ်ပေးတဲ့ ရှေ့နေတစ်ဦးဖြစ်ပြီး၊ ညဘက်မှာတော့ နယူးယောက်မြို့ရဲ့ အမှောင်ဆုံး “Hell’s Kitchen” ရပ်ကွက်ထဲက ရာဇဝတ်ကောင်တွေကို ဝတ်စုံနီဝတ်ပြီး ကိုယ်တိုင် လိုက်လံနှိမ်နင်းတဲ့ “Daredevil” ဖြစ်လာပါတော့တယ်။ တစ်မြို့လုံးကို နောက်ကွယ်က ကြိုးကိုင်နေတဲ့ မာဖီယားဂိုဏ်းချုပ်ကြီး Kingpin နဲ့ […]
en
Daredevil
Oldboy
2003
120 min
တောင်ကိုရီးယားရုပ်ရှင်လောကရဲ့ ပြိုင်ဘက်ကင်း ပြောင်မြောက်လှတဲ့ လက်ရာတစ်ခုဖြစ်ပြီး ကြည့်ရှုသူကို အံ့အားသင့်စရာ အလှည့်အပြောင်းတွေနဲ့အတူ မှင်သက်သွားစေမယ့် လက်စားချေမှုဆိုင်ရာ ရုပ်ရှင်ကားကြီးပါ။ အကြောင်းရင်းမရှိဘဲ အခန်းကျဉ်းလေးတစ်ခုထဲမှာ ၁၅ နှစ်ကြာအောင် ပိတ်လှောင်ခံထားရတဲ့ အမျိုးသားတစ်ယောက်ဟာ မထင်မှတ်ဘဲ ပြန်လည်လွတ်မြောက်လာတဲ့အခါမှာတော့ သူ့ကို ဘယ်သူက၊ ဘာကြောင့် အခုလိုလုပ်ခဲ့သလဲဆိုတာကို လိုက်လံစုံစမ်းပါတော့တယ်။ ဒီဇာတ်ကားမှာ ပါဝင်တဲ့ တစ်ဆက်တည်းရိုက်ကူးထားတဲ့ (Long Take) အမြှောင်လိုက် တိုက်ခိုက်ရေးခန်းတွေက ကမ္ဘာကျော်ခဲ့သလို၊ လူ့စိတ်ရဲ့ နက်ရှိုင်းတဲ့ အမှောင်ဘက်ခြမ်းနဲ့ နာကျင်စရာကောင်းတဲ့ လျှို့ဝှက်ချက်တွေကို ပေါ်လွင်အောင် ရိုက်ကူးထားတာပါ။ မင်းသားကြီး Choi Min-sik ရဲ့ ရူးသွပ်လုနီးပါး ပြောင်မြောက်လှတဲ့ သရုပ်ဆောင်ချက်တွေက ဇာတ်လမ်းတစ်လျှောက်လုံး သင့်ကို အသက်ရှူမှားအောင် ဖမ်းစားထားမှာပါ။ အက်ရှင်၊ လျှို့ဝှက်ချက်နဲ့ စိတ်လှုပ်ရှားစရာတွေကိုမှ အဆင့်အတန်းမြင့်မြင့် ခံစားချင်သူတွေအတွက်တော့ ဒီရုပ်ရှင်ဟာ […]
ko
Oldboy
Hall Pass
2011
105 min
Rick နဲ့ Fred ဆိုတဲ့ သူငယ်ချင်းနှစ်ယောက်ဟာ အိမ်ထောင်ကျတာ ကြာလာတာနဲ့အမျှ အပြင်က မိန်းမလှလေးတွေကို ငေးမောကြည့်ရှုရင်း အိမ်ထောင်ရေးမှာ စိတ်မပါသလို ဖြစ်လာကြပါတယ်။ ဒါကို သတိထားမိတဲ့ သူတို့ရဲ့ ဇနီးသည်တွေက ထူးထူးခြားခြား အစီအစဉ်တစ်ခု ချပေးလိုက်ပါတယ်။ အဲ့ဒါကတော့ တစ်ပတ်တိတိ သူတို့ဘာလုပ်လုပ် ခွင့်လွှတ်ပေးမယ့် ‘Hall Pass’ (လွတ်လပ်ခွင့်လက်မှတ်) ပဲ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ကတော့ လူပျိုဘဝတုန်းကလို ပျော်ရပါးရတော့မယ်ဆိုပြီး အရမ်းကို တက်ကြွနေကြတာပါ။ ဒါပေမဲ့ တကယ်တမ်း လက်တွေ့မှာတော့ သူတို့ထင်သလို ဖြစ်မလာဘဲ အသက်အရွယ်အရ ပြောင်းလဲသွားတဲ့ ခေတ်ရေစီးကြောင်းတွေကြားမှာ ဘယ်လိုတွေ အလွဲအချော်တွေနဲ့ပဲ ရင်ဆိုင်ပြီး ရှယ်ခွီးရမလဲဆိုတာ.. Show More
en
Hall Pass
American Wedding
2003
103 min
အထက်တန်းကျောင်းသားဘဝက အလွဲတွေဟာ အခုတော့ အမှတ်တရတွေ ဖြစ်ကုန်ပါပြီ။ အမြဲတမ်း တစ်လွဲလုပ်တတ်တဲ့ ဂျင်မ် (Jim) နဲ့ သူ့ရဲ့ချစ်သူ မီရှဲလ် (Michelle) တို့ဟာ လက်ထပ်ဖို့ ပြင်ဆင်နေကြပါပြီ။ ဂျင်မ်ရဲ့ အဘွားက ကျန်းမာရေးမကောင်းတာကြောင့် သူတို့ဟာ မင်္ဂလာပွဲကို အမြန်ဆုံးကျင်းပဖို့ ဆုံးဖြတ်လိုက်ကြတဲ့အခါမှာတော့ မင်္ဂလာပွဲဟာအေးအေးဆေးဆေးပဲ ပြီးသွားမလား ဘယ်လိုတွေလွဲကြအုန်းမလဲဆိုတာ ရယ်မောရင်းကြည့်ရှုသွားကြပါအုန်း Show More
en
American Wedding
Doctor Dolittle
1998
85 min
ဒေါက်တာ ဂျွန် ဒူးလစ်တဲလ် (John Dolittle) ဆိုတာ အောင်မြင်ကျော်ကြားတဲ့ ဆရာဝန်တစ်ဦးဖြစ်သလို ချစ်စရာကောင်းတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားသူပါ။ သူ့ဘဝက အရာရာ အဆင်ပြေချောမွေ့နေခဲ့ပေမဲ့… သူငယ်ငယ်ကတည်းက ဖျောက်ဖျက်ထားခဲ့တဲ့ “ထူးခြားဆန်းပြားတဲ့ ပါရမီ” တစ်ခု ရုတ်တရက် ပြန်နိုးထလာတဲ့အခါမှာတော့ အရာအားလုံး ပြောင်းလဲသွားပါတော့တယ်။ အဲဒီပါရမီကတော့… “တိရစ္ဆာန်တွေနဲ့ စကားပြောနိုင်တာ” ပါပဲ! ဒါကို တိရစ္ဆာန်တွေသိသွားတဲ့အခါမှာတော့ ခွေး၊ ကြောင်၊ ငှက်ကအစ လမ်းဘေးက ကြွက်တွေအထိ ဒေါက်တာ့ဆီကို အကြံဉာဏ်တောင်းဖို့ တန်းစီရောက်လာကြပါတယ်။ တိရစ္ဆာန်တွေရဲ့ ရယ်စရာကောင်းတဲ့ ပြဿနာတွေကို ဒေါက်တာဂျွန် ဒူးလစ်တဲလ်ကြီး ဘယ်လိုဖြေရှင်းပေးမလဲဆိုတာ ရယ်မောရင်းကြည့်ရှုရမှာပဲဖြစ်ပါတယ် Show More
en
Doctor Dolittle
Big Momma’s House
2000
98 min
FBI အေးဂျင့် မယ်လ်ကွန် (Malcolm) ဆိုတာ ရုပ်ဖျက်ရမှာ ဆရာတစ်ဆူပါ။ တစ်နေ့မှာတော့ ထောင်ပြေးတစ်ယောက်ရဲ့ ရည်းစားဟောင်းနဲ့ ကလေးကို စောင့်ကြည့်ဖို့ ထောင်ပြေးရည်းစားဟောင်းရဲ့ အဖွားအိမ်ကို စေလွတ်ခြင်းခံခဲ့ရပါတယ် စောင့်ကြည့်နေတုန်းအဖွားကြီးခရီးသွားတာကို အခွင့်ကောင်းယူပြီး အဖွားကြီးလို ရုပ်ဖျက်ကာ ထောင်ပြေးကိုစောင့်ဖမ်းမှာကို ကြည့်ရှုရမယ့် ဟာသကားလေးပဲဖြစ်ပါတယ် Show More
en
