Movies

Filters
Showing 1–10 of 14 results
Jexi
2019
84 min
နည်းပညာတွေအပေါ် အလွန်အကျွံ အမှီပြုနေရတဲ့ ခေတ်သစ်လူ့အဖွဲ့အစည်းရဲ့ အလွဲတွေကို virtual နည်းပညာလှည့်ကွက်တွေနဲ့ ပေါင်းစပ်ပြီး ပါးစပ်ပိတ်မရအောင် ရယ်မောရမယ့် ခေတ်ပြိုင် R-rated Comedy ရုပ်ရှင်ကောင်းတစ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ဖုန်းမရှိရင် မနေနိုင်ဘဲ တစ်နေ့တာလုံး ဖုန်းစခရင်ထဲမှာပဲ ဘဝကို မြှုပ်နှံထားတဲ့ ဖုန်းစွဲလမ်းသူ လူငယ် ဖီးလစ် (Adam DeVine) အကြောင်းကနေ စတင်ထားပါတယ်။ တစ်နေ့မှာတော့ သူဟာ ဖုန်းအသစ်တစ်လုံး ပြောင်းလဲဝယ်ယူခဲ့ပြီး အဲ့ဒီဖုန်းထဲမှာ “ဂျက်ဆီ / Jexi” လို့ အမည်ရတဲ့ အဆင့်မြင့် AI virtual assistant စနစ်တစ်ခု ပါဝင်လာပါတော့တယ်။ ဂျက်ဆီဟာ သာမန် Siri လို စနစ်မျိုးမဟုတ်ဘဲ ဖီးလစ်ရဲ့ ဘဝကို လမ်းမှန်ရောက်အောင် ကူညီပေးဖို့ ဉာဏ်ကစားပြီး […]
en
Jexi
Minority Report
2002
145 min
“သင် မကျူးလွန်ရသေးတဲ့ ရာဇဝတ်မှုတစ်ခုအတွက် သင့်ကို ဖမ်းဆီးမယ်ဆိုရင်…” 🧠💥 နည်းပညာတွေ အဆမတန် တိုးတက်လာပြီး လူသတ်မှုတစ်ခု မဖြစ်ပွားခင် နာရီပိုင်းအလိုမှာတင် ကြိုတင်သိရှိတားဆီးနိုင်တဲ့ အနာဂတ်လောကကြီး။ ဒါပေမဲ့ တစ်နေ့မှာတော့ ဒီစနစ်ကြီးကို ဦးဆောင်နေတဲ့ အကြီးအကဲ ဂျွန်အန်ဒါတန် (Tom Cruise) ကိုယ်တိုင်က နောက်ထပ် ၃၆ နာရီအတွင်း လူသတ်မယ့်သူအဖြစ် စနစ်ကြီးရဲ့ သတ်မှတ်ခြင်းကို ခံလိုက်ရတဲ့အခါမှာတော့… မိမိကိုယ်ကို အပြစ်မရှိကြောင်း သက်သေပြဖို့ စနစ်ကြီးကို ပြန်လည်အာခံပြီး ထွက်ပြေးရင်း အနာဂတ်ရဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ရမယ့် Sci-Fi Psychological Thriller ကားကောင်းကြီး ဖြစ်ပါတယ်။ Show More
en
Minority Report
Aladdin
2019
127 min
ကလေး၊ လူကြီးမရွေး ရင်ခုန်ကြည်နူးစေမယ့် Disney ရဲ့ အောင်မြင်ဆုံး မောရိုကို-အာရေဗျစတိုင် Live-Action Musical Fantasy ရုပ်ရှင်ကားကြီး ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ အာရေဗျမြို့တော်ရဲ့ လမ်းသရဲလေး အလာဒင် (Mena Massoud) နဲ့ တိုင်းပြည်ရဲ့ ထက်မြက်လှပတဲ့ မင်းသမီးလေး ဂျက်စမင် (Naomi Scott) တို့ရဲ့ မဖြစ်နိုင်တဲ့ အချစ်ဇာတ်လမ်းကနေ စတင်ထားပါတယ်။ ဆင်းရဲလွန်းတဲ့ အလာဒင်တစ်ယောက် ဆန္ဒ ၃ ခု ပြည့်ဝစေမယ့် “မှော်မီးခွက်” ကို ရရှိသွားတဲ့အခါ… ဝတ်စုံပြာနဲ့ အမြဲအလွဲလွဲအချော်ချော် ဖြစ်တတ်တဲ့ မီးခွက်စောင့်ဘီလူးကြီး ဂျီနီ (Will Smith) ရဲ့ အကူအညီနဲ့အတူ တိုင်းပြည်ကို လုယူဖို့ ကြိုးစားနေတဲ့ ဝန်ကြီးချုပ် ဂျာဖာကို ဘယ်လိုဉာဏ်ဆင် တိုက်ထုတ်မလဲဆိုတာ စိတ်လှုပ်ရှားဖွယ် […]
en
Aladdin
Jumanji: The Next Level
2019
123 min
အရင်ကထက် ပိုမိုခက်ခဲတဲ့ Level တွေ၊ မတူညီတဲ့ ပတ်ဝန်းကျင်အသစ်တွေနဲ့ ပြန်လည်ရောက်ရှိလာတဲ့ စိတ်ကူးယဉ် အက်ရှင်ဟာသကားကြီးပါ။ Spencer တစ်ယောက် ဂိမ်းထဲကို ပြန်လည်ဝင်ရောက်သွားရာကနေ သူ့ကိုကယ်ထုတ်ဖို့ သူငယ်ချင်းတစ်သိုက် ဂိမ်းထဲကို ထပ်မံလိုက်သွားကြပေမဲ့ ဒီတစ်ခါမှာတော့ သူတို့ရဲ့ Avatar တွေက ထင်မှတ်မထားသလို ပြောင်းလဲသွားပြီး Spencer ရဲ့ အဖိုးဖြစ်သူတို့ပါ ပါဝင်လာတာကြောင့် တစ်ကားလုံး အလွဲအချော်တွေနဲ့ ရယ်နေရမှာပါ။ နှင်းဖုံးနေတဲ့ တောင်တန်းတွေကနေ ပူပြင်းတဲ့ သဲကန္တာရတွေအထိ အသက်လုပြေးလွှားရင်း ဂိမ်းကိုအနိုင်ယူဖို့ ကြိုးစားရတဲ့ အခန်းတွေက အားရစရာ Visual Effects တွေနဲ့ သင့်ကို ဖမ်းစားထားမှာပါ။ အက်ရှင်၊ ဟာသနဲ့ စွန့်စားခန်းတွေကိုမှ တစ်ဝကြီး ခံစားချင်သူတွေအတွက်တော့ အပြတ်အသတ် သဘောကျစေမယ့် ရုပ်ရှင်ကောင်းတစ်ကားပဲ ဖြစ်ပါတယ်။ Show More
en
Jumanji: The Next Level
The Raid
2012
101 min
အက်ရှင်ရုပ်ရှင်လောကရဲ့ စံနှုန်းသစ်တစ်ခုကို သတ်မှတ်ပေးခဲ့တဲ့ အင်ဒိုနီးရှား ရုပ်ရှင်ကားကြီးဖြစ်ပြီး အစကနေ အဆုံးထိ သွေးပူစရာ အက်ရှင်ခန်းတွေနဲ့ ပြည့်နှက်နေပါတယ်။ ရာဇဝတ်ကောင်တွေ အပြည့်ရှိတဲ့ အထပ်မြင့်အဆောက်အဦးကြီးတစ်ခုထဲကို ရဲတပ်ဖွဲ့ဝင်တစ်စုက ဝင်ရောက်စီးနင်းရာကနေ မမျှော်လင့်ဘဲ ပိတ်မိသွားပြီး တစ်ထပ်ချင်းစီမှာ ရှိနေတဲ့ လူမိုက်တွေနဲ့ အသက်လုတိုက်ပွဲဝင်ရပုံကို ရိုက်ကူးထားတာပါ။ အင်ဒိုနီးရှားရိုးရာ ကိုယ်ခံပညာ (Pencak Silat) ကို အခြေခံထားတဲ့ တိုက်ခိုက်ရေးကွက်တွေက အရိုးကွဲသံ ကြားရလောက်အောင် လက်တွေ့ဆန်ပြီး ကြမ်းတမ်းလှတာကြောင့် ကြည့်ရှုသူကို ရင်တုန်ပန်းတုန် ဖြစ်စေမှာပါ။ မင်းသား Iko Uwais ရဲ့ လျင်မြန်ဖြတ်လတ်လှတဲ့ လှုပ်ရှားမှုတွေနဲ့အတူ အကွက်စိပ်စိပ် ရိုက်ချက်တွေက သင့်ကို ထိုင်ခုံကနေ မထနိုင်အောင် ဖမ်းစားထားမှာ ဖြစ်ပါတယ်။ စစ်မှန်တဲ့ အက်ရှင်ကားအစစ်အမှန်ကိုမှ ခံစားချင်သူတွေအတွက်တော့ ဒီဇာတ်ကားဟာ ဂန္တဝင်စာရင်းဝင် လက်မလွှတ်သင့်တဲ့ […]
id
The Raid
Line Walker 2: Invisible Spy
2019
98 min
အက်ရှင်နဲ့ စပိုင်ကားပရိသတ်တွေ လုံးဝလက်မလွှတ်သင့်တဲ့ ဟောင်ကောင်အက်ရှင် ရုပ်ရှင်ကားကြီးပဲ ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့အတွင်းမှာရှိနေတဲ့ လျှို့ဝှက်အေးဂျင့်တွေရဲ့ အရှုပ်အထွေးတွေကြားကနေ မိတ်ဆွေနဲ့ ရန်သူ ခွဲခြားရခက်တဲ့ အခြေအနေတွေကို ရင်တထိတ်ထိတ်နဲ့ ရှုစားရမှာပါ။ မင်းသားကြီးတွေဖြစ်တဲ့ Nick Cheung၊ Louis Koo နဲ့ Francis Ng တို့ရဲ့ အားပြိုင်မှုတွေ၊ မြန်မာနိုင်ငံနဲ့ စပိန်နိုင်ငံတွေအထိ သွားရောက်ရိုက်ကူးထားတဲ့ သေနတ်ပစ်ခတ်ခန်းတွေက ကြည့်ရှုသူကို အစကနေ အဆုံးထိ ဆွဲဆောင်ထားနိုင်ပါတယ်။ အထူးသဖြင့် ရန်ကုန်မြို့လမ်းမတွေပေါ်မှာ ရိုက်ကူးထားတဲ့ အက်ရှင်ခန်းတွေက မြန်မာပရိသတ်တွေအတွက်တော့ ပိုပြီးထူးခြားတဲ့ ခံစားချက်ကို ပေးစွမ်းနိုင်မှာပါ။ သစ္စာတရား၊ ညီအစ်ကိုသံယောဇဉ်နဲ့ တာဝန်ကြားမှာ ဘယ်လိုအလှည့်အပြောင်းတွေ ဖြစ်လာမလဲဆိုတာကို အလန်းစား CGI အထူးပြုလုပ်ချက်တွေနဲ့အတူ ခံစားကြည့်ရှုလိုက်ပါ။ Show More
cn
Line Walker 2: Invisible Spy
Metamorphosis
2019
113 min
ဒီကားက သာမန်သရဲကားတွေလို ခြောက်လှန့်ရုံတင်မဟုတ်ဘဲ၊ ကိုယ့်ဘေးနားက အရင်းနှီးဆုံးမိသားစုဝင်တွေက ကိုယ့်ကိုသတ်မယ့်သူ ဖြစ်နေမလားဆိုတဲ့ Psychological Horror ကို အကောင်းဆုံးပုံဖော်ထားတာပါ မျက်နှာပြောင်းလဲတတ်တဲ့ ဝိညာဉ်ဆိုးက မိသားစုတစ်ခုလုံးကို အချင်းချင်း သံသယဝင်အောင် သွေးထိုးလှုံ့ဆော်ရင်း၊ ညီအစ်ကိုနှစ်ဦးကြားက သံယောဇဉ်နဲ့ ယုံကြည်မှုကို အဆုံးစွန်ထိ စမ်းသပ်မယ့် ဇာတ်လမ်းဖြစ်လို့ ရင်တမမနဲ့ တစ်ထိုင်တည်း ကြည့်ရှုရမယ့် South Korean Horror Masterpiece တစ်ခုပဲ ဖြစ်ပါတယ် Show More
ko
Metamorphosis
Piranha 3DD
2012
83 min
နွေရာသီ အပူဒဏ်ကို ရေကူးကန်မှာ အပန်းဖြေဖို့ ကြံစည်နေသလား? ဒီကားကို ကြည့်ပြီးရင်တော့ သင် ရေချိုးဖို့တောင် စဉ်းစားရပါလိမ့်မယ်! Piranha 3DD ကတော့ ပထမကားထက် ပိုကြမ်း၊ ပိုဟော့ပြီး ပိုသွေးပျက်ဖို့ ကောင်းလာပါတယ် ဒီတစ်ခေါက်မှာတော့ ရှေးဟောင်းပီရန်ညာငါးတွေက ပင်လယ်ထဲမှာတင် မဟုတ်တော့ဘဲ လူအများအပြား အပန်းဖြေနေတဲ့ “The Big Wet” ဆိုတဲ့ ရေပန်းဥယျာဉ် (Water Park) ထဲကို ပိုက်လိုင်းတွေကတစ်ဆင့် လူတွေ ပျော်ပါးနေတုန်း ရောက်ရှိလာတဲ့ အခါမှာတော့ … 18+ အခန်းတွေနဲ့ Horror နဲ့ Comedy ကို ရောသမမွှေထားလို့ တစ်ကိုယ်ရည် အပန်းဖြေရင်း ကြည့်ဖို့ဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ စုကြည့်ပြီး အော်ရယ်ဖို့ဖြစ်ဖြစ် အကောင်းဆုံးကားတစ်ကားဆိုမို့ ရှုစားသွားကြပါအုန်း Show More
en
Piranha 3DD
Battleship
2012
131 min
လူသားတွေဟာ အာကာသထဲကသက်ရှိတွေနဲ့ ဆက်သွယ်နိုင်ဖို့ ကမ္ဘာမြေပေါ်ကနေ အချက်ပြလှိုင်းတွေ ပို့လွှတ်လိုက်တာကစပါတယ် အာကာသထဲက အချက်ပြလှိုင်းကိုရသွားတဲ့ ဂြိုလ်သားတွေဟာ ကမ္ဘာမြေပေါ်ကိုနှုတ်ဆက်ဖို့ မဟုတ်ဘဲ သိမ်းယူဖို့ ရှေ့ပြေးစစ်ယာဥ် ၄စီးနဲ့ ရောက်လာကြပါတော့တယ် ဂြိုလ်သားတွေဟာ သူတို့ဆင်းသက်လာတဲ့ နေရာတစ်ဝိုက်ကို တံတိုင်းနဲ့ကာပြီး သူတို့ရဲ့ကျန်ရှိနေတဲ့တပ်တွေကို ကမ္ဘာမြေဆီလိုက်လာဖို့ အချက်ပြဖို့ကြိုးစားတဲ့အခါမှာတော့ အဲ့တံတိုင်းထဲမှာ ပိတ်မိနေတဲ့ စစ်ရေးလေ့ကျင့်နေတဲ့ အမေရိကန် နဲ့ ဂျပန် စစ်သင်္ဘော ၃ စင်းက အဆမတန်အင်အားသာလွန်တဲ့ ဂြိုလ်သားယာဥ်ကြီးတွေကို အချက်မပြနိုင်တော့အောင် ရှယ်ဗျင်းမှာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပဲဖြစ်ပါတယ် Show More
en
Battleship
EuroTrip
2004
92 min
စကော့ (Scott) တစ်ယောက်အသဲကွဲပြီး မူးမူးနဲ့ ဂျာမနီက သူ့ရဲ့ Cyber-buddy (အွန်လိုင်းသူငယ်ချင်း) “Mieke” ကို ယောက်ျားလေးလို့ ထင်ပြီး သူ့ကိုလာတွေ့မယ်ပြောတာကို ယောကျ်ားချင်း အဲ့လိုပြောရမလားဆိုပြီး ရိုင်းရိုင်းစိုင်းစိုင်းတွေ ပြောလိုက်မိလို့ ဟိုဘက်က Block တာခံလိုက်ရပါတော့တယ် တကယ်တန်း “Mieke” ဆိုတာ သူထင်သလို ယောက်ျားလေးမဟုတ်ဘဲ အင်မတန် ချောမောလှပတဲ့ ဂျာမန်မလေးတစ်ယောက် ဖြစ်နေတဲ့အခါမှာတော့ သူ့ရဲ့ အမှားကို ပြင်ဆင်ဖို့နဲ့ အချစ်ကို ရှာဖွေဖို့အတွက် စကော့ဟာ သူ့ရဲ့ သူငယ်ချင်းတစ်သိုက်နဲ့အတူ အမေရိကကနေ ဥရောပအထိ “အလည်အပတ် ခရီးစဉ်ကြီး” ကို အားချင်း စတင်လိုက်ပါတော့တယ်။ အချစ်ကိုရှာဖွေဖို့ ဥရောပကိုခြေဆန့်ရင်း ဘယ်လိုတွေ အလွဲလွဲချော်ချော်တွေ ကြုံတွေ့ရမလဲဆိုတာ ရှယ်ခွီးရင်း ကြည့်ရမယ့် လူငယ်ဟာသကားလေးဖြစ်ပါတယ် Show More
en
EuroTrip
Movies
Tv Shows
Videos
Search