Filters
Showing all 8 results
The Merciless
2017
120 min
သာမန် ဂန်းစတား အချင်းချင်း သတ်ဖြတ်တဲ့ ကားမျိုးမဟုတ်ဘဲ… ထောင်တွင်းမှာ စတင်ခဲ့တဲ့ ယောက်ျားနှစ်ယောက်ကြားက သစ္စာတရား၊ သံသယစိတ်နဲ့ မျက်နှာဖုံးနောက်ကွယ်က သွေးအေးလှတဲ့ ကစားပွဲတွေကို ရင်တလှပ်လှပ် ပုံဖော်ထားတဲ့ အဆင့်မြင့် Crime Action ရုပ်ရှင်ကြီး ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ မာဖီးယားဂိုဏ်းတစ်ခုရဲ့ နံပါတ်နှစ်ခေါင်းဆောင်၊ ထောင်ထဲမှာပါ အာဏာအရှိဆုံးဖြစ်တဲ့ ဂျယ်ဟို (Sol Kyung-gu) နဲ့ ထောင်ထဲကို အသစ်ရောက်လာပြီး ဘာမထရဲ ညာမထရဲ ပွဲကြမ်းတတ်တဲ့ လူငယ်လေး ဟွန်ဆူ (Im Si-wan) တို့ ထောင်တွင်းမှာ ဆုံတွေ့ရာကနေ စတင်ထားပါတယ်။ ဟွန်ဆူရဲ့ သတ္တိကြောင့် ဂျယ်ဟိုဟာ အသက်ဘေးက လွတ်မြောက်ခဲ့ပြီးနောက် သူတို့နှစ်ယောက်ဟာ ထောင်ပြင်ပမှာပါ အင်ပါယာတစ်ခုကို အတူတူတည်ထောင်ဖို့ ကျောချင်းကပ် သစ္စာပြုခဲ့ကြပါတယ်။ ဒါပေမဲ့ အမှန်တရားကတော့ […]
ko
The Merciless
Along with the Gods: The Two Worlds
2017
139 min
ဝေဖန်ရေးသမားတွေနဲ့ ပရိသတ်တွေကြားမှာ CGI Visual အလန်းစားတွေ၊ စိတ်လှုပ်ရှားစရာ ဇာတ်ကွက်တွေကြောင့် စံချိန်တင် အောင်မြင်ခဲ့တဲ့ တောင်ကိုရီးယားရဲ့ ဂန္ထဝင် Fantasy Drama အက်ရှင်ကားကြီး ဖြစ်ပါတယ်။ဇာတ်လမ်းကတော့ တာဝန်ထမ်းဆောင်ရင်း စွန့်စွန့်စားစားနဲ့ အသက်ဆုံးရှုံးသွားခဲ့ရတဲ့ မီးသတ်သမား ကင်ဂျာဟုန် (Cha Tae-hyun) အကြောင်းပဲ ဖြစ်ပါတယ်။ သူဟာ ကွယ်လွန်ပြီးနောက် သေမင်းတမန် ကာကွယ်စောင့်ရှောက်သူ သုံးဦးရဲ့ လမ်းပြမှုနဲ့အတူ နောင်ဘဝမှာ လူပြန်ဝင်စားခွင့်ရဖို့အတွက် ငရဲပြည်ရဲ့ တရားခွင် ၇ ခုမှာ ရက်ပေါင်း ၄၉ ရက်အတွင်း အစစ်ဆေးခံရပါတော့တယ်။ လူသတ်မှု၊ ပျင်းရိမှု၊ မုသားမှု စတဲ့ ငရဲတရားရုံးတွေကို ဖြတ်ကျော်ရင်း သူ့ရဲ့ အတိတ်က လျှို့ဝှက်ချက်တွေနဲ့ မိခင်အပေါ် ထားရှိတဲ့ စိတ်မကောင်းစရာ အမှန်တရားတွေ ပေါ်ပေါက်လာတဲ့အခါမှာတော့… Show […]
ko
Along with the Gods: The Two Worlds
Minority Report
2002
145 min
“သင် မကျူးလွန်ရသေးတဲ့ ရာဇဝတ်မှုတစ်ခုအတွက် သင့်ကို ဖမ်းဆီးမယ်ဆိုရင်…” 🧠💥 နည်းပညာတွေ အဆမတန် တိုးတက်လာပြီး လူသတ်မှုတစ်ခု မဖြစ်ပွားခင် နာရီပိုင်းအလိုမှာတင် ကြိုတင်သိရှိတားဆီးနိုင်တဲ့ အနာဂတ်လောကကြီး။ ဒါပေမဲ့ တစ်နေ့မှာတော့ ဒီစနစ်ကြီးကို ဦးဆောင်နေတဲ့ အကြီးအကဲ ဂျွန်အန်ဒါတန် (Tom Cruise) ကိုယ်တိုင်က နောက်ထပ် ၃၆ နာရီအတွင်း လူသတ်မယ့်သူအဖြစ် စနစ်ကြီးရဲ့ သတ်မှတ်ခြင်းကို ခံလိုက်ရတဲ့အခါမှာတော့… မိမိကိုယ်ကို အပြစ်မရှိကြောင်း သက်သေပြဖို့ စနစ်ကြီးကို ပြန်လည်အာခံပြီး ထွက်ပြေးရင်း အနာဂတ်ရဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်ရမယ့် Sci-Fi Psychological Thriller ကားကောင်းကြီး ဖြစ်ပါတယ်။ Show More
en
Minority Report
RV: Resurrected Victims
2017
91 min
မတရားအသတ်ခံခဲ့ရတဲ့ သေဆုံးသူတွေဟာ သူတို့ကိုသတ်ခဲ့တဲ့ တရားခံကို ကလဲ့စားချေဖို့အတွက် လူ့လောကထဲ ပြန်လည်ရှင်သန် ထွက်ပေါ်လာကြတဲ့ (Resurrected Victims) ဆိုတဲ့ ဆန်းသစ်တဲ့အိုင်ဒီယာနဲ့ ရိုက်ကူးထားတဲ့ တောင်ကိုရီးယား Mystery Thriller ကားကောင်းတစ်ကား ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၇ နှစ်က အသတ်ခံခဲ့ရတဲ့ မိခင်ဖြစ်သူဟာ လူ့လောကထဲ ပြန်ရောက်လာပြီး သားဖြစ်သူ ရှေ့နေ (Kim Rae-won) ကို အငြိုးတကြီး ပြန်လည်တိုက်ခိုက်လာတဲ့အခါမှာတော့ တစ်ခါမှမထင်ထားတဲ့ လျှို့ဝှက်ချက်တွေ စတင်ပေါ်ပေါက်လာပါတော့တယ်။ အက်ရှင်၊ စုံစမ်းစစ်ဆေးမှုနဲ့ သဘာဝလွန်အလှည့်အပြောင်း (Plot Twist) တွေကို ရင်တဖိုဖိုနဲ့ ဉာဏ်ကစားပြီး ကြည့်ရမှာဖြစ်လို့ စိတ္တဇရုပ်ရှင်နဲ့ သည်းထိပ်ရင်ဖို ကားကောင်းကြိုက်သူတွေ လက်မလွှတ်သင့်တဲ့ ဇာတ်ကားပဲ ဖြစ်ပါတယ်။ Show More
ko
RV: Resurrected Victims
Power Rangers
2017
124 min
ကျွန်တော်တို့ ငယ်ငယ်က အားပေးခဲ့ရတဲ့ Mighty Morphin Power Rangers ကို ခေတ်သစ်ပုံစံနဲ့ အလန်းစားပြန်လည်ရိုက်ကူးထားတဲ့ Sci-fi အက်ရှင်ရုပ်ရှင်ပဲ ဖြစ်ပါတယ်။ သာမန်အထက်တန်းကျောင်းသား လူငယ် (၅) ယောက် မထင်မှတ်ဘဲ ထူးဆန်းတဲ့ စွမ်းအားတွေ ရရှိရာကနေ ကမ္ဘာကြီးကို ဖျက်ဆီးမယ့် Rita Repulsa နဲ့ ရွှေစစ်သည်တော်ကြီး Goldar တို့ကို ရင်ဆိုင်တိုက်ခိုက်ရမယ့် အက်ရှင်ကားကြီးပါ။ သူတို့တစ်တွေ စူပါဟီးရိုးဖြစ်လာဖို့ ကြိုးစားရတဲ့ အလွဲအချော်တွေနဲ့ အဖွဲ့အစည်းစိတ်ဓာတ်ကို မြင်တွေ့ရမှာဖြစ်သလို၊ နောက်ဆုံးပိတ်မှာ ပါဝင်တဲ့ Zords စက်ရုပ်ကြီးတွေနဲ့ Megazord တို့ရဲ့ ကြီးကျယ်ခမ်းနားတဲ့ တိုက်ပွဲခန်းတွေက အားရစရာ Visual Effects တွေနဲ့ သင့်ကို ဖမ်းစားထားမှာပါ။ ငယ်ဘဝအမှတ်တရတွေကို ခေတ်မီအက်ရှင်အလန်းစားတွေနဲ့ ပေါင်းစပ်ပြီး အားရပါးရ […]
en
Power Rangers
The Villainess
2017
129 min
အစကနေ အဆုံးထိ အေးစက်စက်နဲ့ ကြမ်းတမ်းတဲ့ အက်ရှင်တွေကိုမှ ကြိုက်နှစ်သက်သူတွေအတွက် အထူးဖန်တီးထားတဲ့ တောင်ကိုရီးယား အက်ရှင်ရုပ်ရှင်ကားကြီးပါ။ ငယ်စဉ်ကတည်းက သွေးအေးလူသတ်သမားတစ်ယောက်ဖြစ်အောင် လေ့ကျင့်ပေးခြင်း ခံခဲ့ရတဲ့ Sook-hee ဟာ သူမရဲ့ လွတ်လပ်ခွင့်အတွက် အစိုးရရဲ့ လျှို့ဝှက်အေးဂျင့်အဖြစ် တာဝန်ထမ်းဆောင်ရင်း အတိတ်က နာကျင်စရာ လျှို့ဝှက်ချက်တွေ၊ သစ္စာဖောက်မှုတွေနဲ့ ပြန်လည်ရင်ဆိုင်ရပုံကို ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့ ထူးခြားချက်ကတော့ POV (First Person) ရိုက်ချက်တွေနဲ့အတူ စတင်လိုက်တဲ့ အဖွင့်အက်ရှင်ခန်းတွေဟာ ကြည့်ရှုသူကို ကိုယ်တိုင်တိုက်ခိုက်နေရသလို ခံစားချက်မျိုး ပေးစွမ်းနိုင်တာပဲ ဖြစ်ပါတယ်။ မင်းသမီး Kim Ok-vin ရဲ့ ပြောင်မြောက်လှတဲ့ ဓားသိုင်း၊ သေနတ်ပစ်နဲ့ ဆိုင်ကယ်စီး အက်ရှင်ခန်းတွေဟာ ဟောလိဝုဒ်အဆင့်မီအောင် ရင်သပ်ရှုမောဖွယ် ကောင်းလှပါတယ်။ လက်စားချေမှု၊ အချစ်နဲ့ နောင်တတွေကို အက်ရှင်အလန်းစားတွေနဲ့ […]
ko
The Villainess
John Wick: Chapter 2
2017
122 min
ပထမကားထက် ပိုပြီး ကျယ်ပြန့်တဲ့ လူသတ်သမားလောကကြီးထဲကို ပရိသတ်တွေကို လက်ဆွဲခေါ်သွားမယ့် အမိုက်စားလက်ရာတစ်ခုပါ ပထမကားမှာ ခွေးလေးအတွက်နဲ့ ကားအတွက် လက်စားချေပြီး အေးအေးဆေးဆေး ပြန်နားတော့မယ်လို့ ကြံရွယ်ထားတဲ့ John Wick ရှေ့ကို အတိတ်က ကတိစကားတစ်ခု (Marker) က ပြန်လည်ရောက်ရှိလာတာနဲ့ ဇာတ်လမ်းက အစပြုပါတယ် မြေအောက်လောကရဲ့ တင်းကျပ်လှတဲ့ စည်းမျဉ်းတွေအရ ဒီကတိကို ငြင်းပယ်လို့မရဘဲ လက်ခံလိုက်ရတဲ့အခါမှာတော့ John တစ်ယောက် ရောမမြို့အထိ သွားရောက်ပြီး ခက်ခဲတဲ့ လုပ်ကြံမှုတစ်ခုကို လုပ်ဆောင်ခဲ့ရပါတယ် ဒါပေမဲ့ ဒီလုပ်ကြံမှုပြီးသွားတဲ့အခါမှာတော့ သူဟာ သစ္စာဖောက်ခံရပြီး တစ်ကမ္ဘာလုံးက လူသတ်သမားတွေရဲ့ အမဲလိုက်ခြင်းကို ခံရတဲ့ အခြေအနေဆိုးကြီးနဲ့ ရင်ဆိုင်လိုက်ရပါတော့တယ် ဒီကားမှာ အထူးခြားဆုံးကတော့ ပထမကားထက် ပိုမိုဆန်းပြားလာတဲ့ တိုက်ကွက်တွေပါပဲ အထူးသဖြင့် မှန်ပြခန်းထဲက တိုက်ပွဲအခန်းတွေနဲ့ […]
en
John Wick: Chapter 2
American Made
2017
115 min
တစ်နိုင်ငံလုံးကို လှည့်စားပြီး ဒေါ်လာသန်းပေါင်းများစွာ ရခဲ့တဲ့ လေယာဉ်မှူး ခင်ဗျားမှာသာ ကိုယ်ပိုင်လေယာဉ်တစ်စီးရှိမယ်ဆိုရင်… အမေရိကန်အစိုးရ (CIA) အတွက် သူလျှိုလုပ်ပေးမလား? ဒါမှမဟုတ် ကမ္ဘာကျော် မူးယစ်ရာဇာကြီး ပါဘလို အက်စကိုဘာ (Pablo Escobar) အတွက် ပစ္စည်းသယ်ပေးမလား? ဘယ်ရီ ဆီးလ် (Barry Seal) ကတော့ နှစ်ဖက်လုံးကို တစ်ပြိုင်တည်း လုပ်ခဲ့တာပါ။ ၁၉၈၀ ပြည့်လွန်နှစ်တွေက အမေရိကန် သမိုင်းမှာ အရှုပ်ထွေးဆုံးနဲ့ အံ့သြစရာအကောင်းဆုံး ဖြစ်ရပ်မှန်ကို အခြေခံထားတာပါ။CIA ကိုရော၊ မူးယစ်ဂိုဏ်း (Medellin Cartel) ကိုရော တစ်လှည့်စီ မှောင်ခိုလုပ်ပေးပြီး ပိုက်ဆံရတာများလွန်းလို့ အိမ်နောက်ဖေး မြေကြီးထဲ ကျင်းတူးမြှုပ်ရတဲ့အထိ၊ သေတ္တာတွေထဲ အတင်းထိုးထည့်ရတဲ့အထိ ချမ်းသာလာတဲ့ လေယာဥ်မှူးအကြောင်းရိုက်ထားတဲ့ ဖြစ်ရပ်မှန်ကားလေးဖြစ်ပါတယ် Show More
en
